ရွှေဥဒေါင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီး ဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ ဒေသခံများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ထောက်ပံပေးနိုင်စေရန်၊ ဆင်များကို ကာကွယ်စောင့်ရှောက်ရန်၊ တောရိုင်းတိရစ္ဆာန်များကို ခိုးယူသတ်ဖြတ်ခြင်းကာကွယ်ရန်၊ တောင်ယာစနစ်ကို ထိန်းသိမ်းရန်နှင့် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ်၂၃°၀၁'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၁၃'၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်တို့နှင့် ဆက်စပ် တည်ရှိပြီး ၃၂၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ စတင်တည်ထောင်သည့်ခုနှစ်မှာ ၁၉၂၇ခုနှစ်(မူကွဲ ၁၉၁၈ ခုနှစ်) ဖြစ်သည်။
သဘာဝအရင်းအမြစ်များ
[ပြင်ဆင်ရန်]သစ်တောအမျိုးအစားမှာ အမြဲစိမ်းတော အမျိုးအစားဖြစ်ပြီး၊ ရွက်ကြွေတောများလည်း ရှိသည်။ ဆင်၊ ပြောင် (Gaur)၊ ဆတ်၊ စိုင်(Banteng)၊ ဝက်ဝံ၊ ဆီးရိုးတောဆိတ်(Serow Deer) များ ကျကစားနေထိုင်ကြသည်။
ခြိမ်းခြောက်နေသောအန္တရာယ်များ
[ပြင်ဆင်ရန်]သစ်ထုတ်လုပ်ခြင်းများ၊ ကျောက်ထူးခြင်းနှင့် ရွှေကျင်ခြင်းလုပ်ငန်းများ၊ ရှားပါးတိရစ္ဆာန်များကို အမဲလိုက်ခြင်းများ၊ ရှားပါးအပင်များကို စုဆောင်းခြင်းများနှင့် မြို့ပြဧရိယာ တိုးချဲ့ခြင်းတို့သည် အဆိုပါ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ ခြိမ်းခြောက်နေသော အန္တရာယ်များဖြစ်သည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
[ပြင်ဆင်ရန်]သုတေသနလုပ်ငန်းများ
[ပြင်ဆင်ရန်]ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ဆင်ရိုင်းများ(Elephas maximus)တို့၏ ကျတ်စားရာနေရာများနှင့် ပျံနှံတည်ရှိမှုကို လေ့လာနေလျက်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန[လင့်ခ်သေ]
- Report: Myanmar Protected Area (2011)
- MYANMAR: COMBATING ILLEGAL WILDLIFE TRAFFICKING AND ILLEGAL LOGGING (DEC 2013 - JAN 2014) 3 February 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .