မာတိကာသို့ ခုန်သွားရန်

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

ဝီကီပီးဒီးယား မှ
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
ခေါင်းဆောင်စိုင်းအိုက်ပေါင်း
တည်ထောင်ခြင်း၂၃ ဇွန် ၂၀၂၃; ၂ နှစ် အကြာက (၂၀၂၃-၀၆-23)
ယခင်ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ
ဌာနချုပ်ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ MMM ကွန်ဒို၊ အမှတ် ၄၃-၄၄ (8-A)
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) (အင်္ဂလိပ်: Shan & Nationalities Democratic Party (White Tiger Party)) သည် ပြည်ထောင်စုအဆင့် ဝင်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ယခင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမည်ဖြင့် မှတ်ပုံတင်ခဲ့သော ပါတီဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် လက်ရှိအမည်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင်များ

[ပြင်ဆင်ရန်]

ကျားဖြူပါတီ၏ ဥက္ကဋ္ဌသည် စိုင်းအိုက်ပေါင်း ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပါတီ၏ မူလရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားတို့၏ အရေးကို အဓိကထား ကိုယ်စားပြုရန်ဖြစ်သည်။

အမည်ပြောင်းလဲခြင်းနှင့် ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ပါတီအမည်ကို "ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ" ဟု ပြောင်းလဲကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၃၃/၂၀၂၃) ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ [] ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၂၈) ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ၏ ပြောကြားချက်အရ ပါတီသည် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ရှမ်းတိုင်းရင်းသားများအပြင် မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကိုပါ ကိုယ်စားပြုနိုင်ရန် ရည်ရွယ်၍ အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဤအမည်ပြောင်းလဲခြင်းသည် ပါတီ၏ နိုင်ငံရေးရှုထောင့်ကို ပိုမိုကျယ်ပြန့်လာစေရန် ရည်မှန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ []

ပါတီရုံးချုပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ MMM ကွန်ဒို၊ အမှတ် ၄၃-၄၄ (8-A) တွင် ဖွင့်လှစ်ထားရှိသည်။[]

ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) SNDP သည် သျှမ်းပြည်နယ်အပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီရုံးပေါင်း ၁၂၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီ။[]

ရွေးကောက်ပွဲ ရလဒ်များ

[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၀ / ၂၂၄
စိုင်းအိုက်ပေါင်း

ပြည်သူ့လွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၀ / ၄၄၀
စိုင်းအိုက်ပေါင်း

ပြည်နယ်လွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၀ / ၄၄၀
စိုင်းအိုက်ပေါင်း

တိုင်းရင်းသားရေးရာ ဝန်ကြီးများ

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၀ / ၂၉
စိုင်းအိုက်ပေါင်း


ကိုးကား

[ပြင်ဆင်ရန်]
  1. ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီနှင့် အမျိုးသမီးပါတီ (မွန်) တို့ကို နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ရရှိသည့်ပါတီ ၃၁ ပါတီရှိလာ Eleven Media။ 2025-7-27 တွင် ပြန်စစ်ပြီး။
  2. ကျားဖြူပါတီ နာမည်ပြောင်းလဲပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် Shan Herald။ 2025-7-26 တွင် ပြန်စစ်ပြီး။
  3. ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု Myawaddy Portal။ 2025-7-27 တွင် ပြန်စစ်ပြီး။
  4. မွန်ပြည်နယ် ၇ မြို့နယ်တွင် ပါတီရုံးဖွင့်လှစ်ရန် ကျားဖြူပါတီ စီစဉ်ထား Independent Mon News Agency။ 2025-7-26 တွင် ပြန်စစ်ပြီး။