မာတိကာသို့ ခုန်သွားရန်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ

ဝီကီပီးဒီးယား မှ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ
အင်္ဂလိပ် အမည်Shan Nationalities Democratic Party
နာယကစိုင်းအိုက်ပေါင်း
ဒုဥက္ကဋ္ဌစိုင်းဆောင်စီ
အထွေထွေ အတွင်းရေးမှူးစိုင်းလှကျော်
တည်ထောင်ခြင်း ဧပြီ ၂၀၁၀ (၂၀၁၀-၀၄-၀၈)
ဖျက်သိမ်းခြင်း၂၉ မတ် ၂၀၂၃
ဆက်ခံရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
ဌာနချုပ်တောင်ဥက္ကလာပမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
နိုင်ငံရေး သဘောတရားရှမ်းလူမျိုး အခွင့်အရေး
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ရှမ်းပြည်နယ် လွှတ်တော် အမတ်နေရာ
၁ / ၁၄၃
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (အင်္ဂလိပ်: Shan Nationalities Democratic Party; အတိုကောက် SNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ကျားဖြူပါတီဟုလည်း ခေါ်ဆိုကြသည်။[][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ပါတီကို ၂၀၁၀ ခုနှစ် ဧပြီလတွင် မှတ်ပုံတင်ခဲ့သည်။ ပါတီ၏ ဌာနချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် တည်ရှိပြီး ပါတီဥက္ကဋ္ဌမှာ ဦးစိုင်းအိုက်ပေါင်းဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ပါတီဝင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ဦးစိုင်းအိုက်ပေါင်းနှင့် ဦးစိုင်းနော်ခမ်းတို့ကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ အဖြစ် ခန့်အပ်ခံခဲ့ရသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ပါတီဌာနချုပ်ကို တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မိုင်းပန်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် အမတ် တစ်နေရာတည်းသာ အနိုင်ရခဲ့သည်။[]

ရွေးကောက်ပွဲရလဒ်များ

[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ အနိုင်ရနေရာ စုစုပေါင်း မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ခေါင်းဆောင်သူ
၂၀၁၀
၃ / ၂၂၄
၄၉၆,၀၃၉ Increase၃ နေရာ; Opposition စိုင်းအိုက်ပေါင်း
၂၀၁၂ (ပြီးနောက်)
၄ / ၂၂၄
Increase ၁ နေရာ; Opposition စိုင်းအိုက်ပေါင်း

ပြည်သူ့လွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ အနိုင်ရနေရာ စုစုပေါင်း မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် ခေါင်းဆောင်သူ
၂၀၁၀
၁၈ / ၄၄၀
508,780 2.44% Decrease ၅ နေရာ; Opposition စိုင်းအိုက်ပေါင်း
၂၀၁၂ (ပြီးနောက်)
၁၈ / ၄၄၀
Steady; Opposition စိုင်းအိုက်ပေါင်း


ပယ်ဖျက်ခြင်း

[ပြင်ဆင်ရန်]

ဤပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[]

ပါတီနာမည်ပြောင်းခြင်း

[ပြင်ဆင်ရန်]

မူလ "ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ" (SNDP) ကို "ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ" အဖြစ် အမည်ပြောင်းလဲကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် ရှမ်းတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားများအတွက်ပါ ရည်ညွှန်းသည့် ပါတီဖြစ်စေရန် ရည်ရွယ်၍ အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။[]

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ 23 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2016 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ 22 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 December 2011 တွင် ပြန်စစ်ပြီး။
  3. 1 2 ကျားဖြူပါတီ နာမည်ပြောင်းလဲပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် Shan Herald။ 2025-7-26 တွင် ပြန်စစ်ပြီး။
  4. နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ 2025-6-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-11 တွင် ပြန်စစ်ပြီး။