အမျိုးသားဒီမိုကရေစီပါတီသစ်
အမျိုးသားဒီမိုကရေစီပါတီသစ် | |
---|---|
အင်္ဂလိပ် အမည် | New National Democracy Party |
ဥက္ကဋ္ဌ | ဦးသိန်းညွန့် |
ဆောင်ပုဒ် | ပြည်သူ့အခက်အခဲ ဖြေရှင်းဖို့ ခမောက်သုံးလုံးကို မဲပေးစို့ |
တည်ထောင်ခြင်း | ၄ အောက်တိုဘာ ၂၀၁၁ |
ဌာနချုပ် | သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
အဖွဲ့ဝင် | ၃,၀၀၀ ကျော်[၁] |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
အမျိုးသားဒီမိုကရေစီပါတီသစ် (အင်္ဂလိပ်: New National Democracy Party) သည် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အပါအဝင် သင်္ဃန်းကျွန်းမြို့နယ်မှ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လေးဦးသည် မူလက အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ [၃][၄] သို့သော် နောက်ပိုင်းတွင် ပါတီ၏ရန်ပုံငွေကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကြောင့် ပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ၎င်းတို့ကို တစ်သီးပုဂ္ဂလအမတ်များအဖြစ် သတ်မှတ်ပေးခဲ့သည်။[၃]
ထို့နောက် အမျိုးသားဒီမိုကရေစီပါတီသစ် ကို တည်ထောင်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။[၅]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ နေ့တွင် မှတ်ပုံတင်အမှတ် (၃၃) ဖြင့် ခွင့်ပြုခဲ့သည်။[၆]
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]အမျိုးသားလွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | မှတ်ချက် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|---|
၂၀၁၅ | ၀ / ၂၂၄ |
လွှတ်တော်နေရာ မရရှိခဲ့ပေ။ | ||||
၂၀၂၀ | ၀ / ၂၂၄ |
လွှတ်တော်နေရာ မရရှိခဲ့ပေ။ | ||||
၂၀၂၅ |
ပြည်သူ့လွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | မှတ်ချက် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|---|
၂၀၁၅ | ၀ / ၄၄၀ |
လွှတ်တော်နေရာ မရရှိခဲ့ပေ။ | ||||
၂၀၂၀ | ၀ / ၄၄၀ |
လွှတ်တော်နေရာ မရရှိခဲ့ပေ။ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ "အမျိုးသားဒီမိုကရေစီပါတီသစ်" (၂၄ ဇူလိုင် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၀၄). Retrieved on ၃၀ မတ် ၂၀၁၇. 25 September 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ 17 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၀ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- 1 2 ဦးသိန်းညွန့် ပါတီသစ်ထောင် (in my) (4 ဇူလိုင် 2011)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည် (in my)။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ MOI။ 8 Agust 2025 တွင် ပြန်စစ်ပြီး။