မာတိကာသို့ ခုန်သွားရန်

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ

ဝီကီပီးဒီးယား မှ
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ
နာယကဦးကျော်မင်း
အထွေထွေ အတွင်းရေးမှူးဦးကျော်စိုးအောင်
တည်ထောင်ခြင်း၁၉၈၉ (၁၉၈၉) (တည်ထောင်)
၁၂ မတ် ၂၀၁၃ (၂၀၁၃-၀၃-၁၂)
(ပြန်လည်မှတ်ပုံတင်)[]
ဌာနချုပ်ဗိုလ်တထောင်မြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အရောင်အပြာ၊ အစိမ်း၊ အနီ
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (အင်္ဂလိပ်: Democracy and Human Rights Party, DHRP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၈၉ တွင် အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ အဖြစ် စတင် တည်ထောင်ခဲ့သည်။[] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ[] လေးနေရာ အနိုင်ရရှိခဲ့သည်။[]

၁၉၉၁ ခုနှစ်တွင် ပါတီကို ဖျက်သိမ်းခဲ့သည်။ ၂၀၁၃ မတ်လ ၁၃ ရက်တွင် ခွင့်ပြုမိန့် အမှတ်စဉ် (၆၃) ဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ကို တည်ထောင်ခဲ့သည်။ ပါတီဝင်အရေအတွက်မှာ တစ်သောင်းခန့် ရှိသည်။[]

မှတ်ပုံတင် ငြင်းပယ်ခြင်း

[ပြင်ဆင်ရန်]

အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်းကြောင့် ၂၀၂၄ ဇူလိုင် ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခြင်းမှ ငြင်းပယ်ခံရသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. Democracy and Human Rights Party ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်။ 23 January 2016 တွင် ပြန်စစ်ပြီး။
  2. Political Prisoner Profile: U Kyaw Hla Aung Assistance Association for Political Prisoners (Burma)
  3. Robert H Taylor (2009) The State in Myanmar, NUS Press
  4. Dieter Nohlen, Florian Grotz & Christof Hartmann (2001) Elections in Asia: A data handbook, Volume I, p615 ISBN 0-19-924958-X
  5. ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ၇ ရက်သတင်းဂျာနယ် (၂၃ ဇူလိုင် ၂၀၁၅)။ 25 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  6. ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက် UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။