မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ | |
---|---|
တည်ထောင်ခြင်း | ဇူလိုင် ၃၊ ၂၀၂၃ |
ဖျက်သိမ်းခြင်း | 22 November 2023 |
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (အင်္ဂလိပ်: Mro National Development Party; MNDP) သည် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၈၈၈၈ အရေးအခင်း ပြီးနောက်တွင် မြို (ခေါ်) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (Mro or Khami National Solidarity Organisation) ကို ဦးစံသာအောင်မှ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၂ တွင် စတင်တည်ထောင်ခဲ့သည်။[၁] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် လေးနေရာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ[၂] ကျောက်တော်မြို့နယ်တွင် တစ်နေရာ အနိုင်ရခဲ့သည်။[၁]
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီကို ထပ်မံမှတ်ပုံတင်ခဲ့ပြီး[၃] ကိုးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[၄]
၂၀၁၄ ခုနှစ်တွင် ပါတီကို မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၄]
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် မြို (ခ) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ပါတီ အား မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အမည်အဖြစ် ရွေးကောက်ပွဲကော်မရှင်ခွင့်ပြုလိုက်သည်။ [၅]၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမတ်လောင်း ခြောက်ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။[၄]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်ခွင့်ပြုရန်အတွက် နစကအသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည် လျှောက်ထားခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် မှတ်ပုံတင်အမှတ် (၃၂) ဖြင့် ခွင့်ပြုခဲ့သည်။[၆]
ပါတီပျက်သိမ်းခြင်း
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ မြို့ပေါ်တွင် ရုံးဖွင့်လှစ်ရန်အဆင်မပြေ၍ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီကို ၂၂ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်လည် ဖျက်သိမ်းလိုက်သည်။ [၇]
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]အမျိုးသားလွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ | မှတ်ချက် |
---|---|---|---|---|---|---|
၂၀၁၀ | ၀ / ၂၂၄ |
ဦးစံသာအောင် | တစ်နေရာမှ မရခဲ့။ | |||
၂၀၁၅ | ၀ / ၂၂၄ |
ဦးစံသာအောင် | တစ်နေရာမှ မရခဲ့။ | |||
၂၀၂၅ | ၀ / ၂၂၄ |
ဦးစံသာအောင် |
ပြည်သူ့လွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|
၂၀၂၀ | ၀ / ၄၄၀ |
ပယ်ဖျက်ခဲ့။ | ဦးစံသာအောင် |
ပြည်နယ်လွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|
၂၀၂၀ | ၁ / ၄၄၀ |
ပယ်ဖျက်ခဲ့။ | ဦးစံသာအောင် |
တိုင်းရင်းသားရေးရာ ဝန်ကြီးများ
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | စုစုပေါင်း အနိုင်ရနေရာ | မဲစုစုပေါင်း | မဲရာခိုင်နှုန်း | ရွေးကောက်ပွဲရလဒ် | ရွေးကောက်ပွဲ ဦးဆောင်သူ |
---|---|---|---|---|---|
၂၀၂၀ | ၀ / ၄၄၀ |
ပယ်ဖျက်ခဲ့။ | ဦးစံသာအောင် |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 1990 multi-party democracy general elections Democratic Voice of Burma
- ↑ Robert H Taylor (2009) The State in Myanmar, NUS Press
- ↑ Mro or Khami National Solidarity Organization 22 December 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Mizzima
- 1 2 3 Mro National Development Party 22 December 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Myanmar Now, 12 March 2015
- ↑ မြန်မာနိုင်ငံပြန်တမ်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆။ Open Development Data။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ Ministry of Information။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ UEC ၏ တင်းကျပ်သည့်ဥပဒေကြောင့် ရခိုင်မှ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖျက်သိမ်းလိုက်ရ။ Narinjara။ 22 August 2025 တွင် ပြန်စစ်ပြီး။