တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | |
---|---|
![]() | |
အင်္ဂလိပ် အမည် | National Unity Party |
နာယက | ဦးဟန်ရွှေ[၁][၂] |
အထွေထွေ အတွင်းရေးမှူး | ဦးထွန်းရီ [၁] |
ဒုတိယဥက္ကဋ္ဌ | ဦးသိန်းထွန်း[၁] |
တွဲဖက်အတွင်းရေးမှူးများ | ဦးနေဝင်း နှင့် ဦးညွန့်တင်[၁] |
တည်ထောင်ခြင်း | ၂၄ စက်တင်ဘာ ၁၉၈၈[၃][၄] |
ယခင် | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ |
ဌာနချုပ် | အမှတ်၂၄၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ |
သတင်းစာ | တိုင်းရင်းသား သတင်းဂျာနယ် |
အဖွဲ့ဝင် | ၅၀၀,၀၀၀[၅] |
နိုင်ငံရေး သဘောတရား | ဆိုရှယ်လစ်ဝါဒ |
ရပ်တည်ချက် | အလယ်-လက်ဝဲ |
အရောင် | မိုးပြာရောင်[၆] |
မှတ်ပုံတင်အမှတ် | ၅ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၁ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
ပါတီအလံ | |
![]() | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (အင်္ဂလိပ်: National Unity Party, NUP; အတိုကောက် တစည) သည် ၁၉၈၈ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီ ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့တွင် အမည်ပြောင်းခဲ့ခြင်းဖြစ်ပြီး[၃][၄] လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူထားသည့် ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ဆိုရှယ်လစ်ဝါဒ (ခေါ်) လူအများကောင်းစားရေး ဝါဒဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။[၇]
တစညပါတီ သည် မြို့နယ်ပေါင်း ၂၉၀ ကျော်တွင် ပါတီရုံးများဖွင့်လှစ်ထား၍ တနိုင်ငံလုံးနီးပါးတွင် ပါတီရုံးရှိသည့် ပါတီ တစ်ခု ဖြစ်သည်။ ၂၀၁ဝ ပြည့်နှစ် တွင် ပါတီဝင်အင်အား ၇ သိန်းကျော် ရှိသည်ဟု ထုတ်ပြန်ထားသည် ။[၈] ပထမဦးဆုံးသော ပါတီဥက္ကဋ္ဌမှာ ဦးသာကျော် နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဖြစ်သည်။ လက်ရှိတွင် ပါတီဥက္ကဋ္ဌမှာ ဦးဟန်ရွှေ ဖြစ်သည်။[၁]
၁၉၉၀ ရွေးကောက်ပွဲ ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြီးလျှင် မြန်မာ့နိုင်ငံရေးပါတီများထဲတွင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ မဟာမိတ်ပါတီများမှာ -
ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
[ပြင်ဆင်ရန်]၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးသူ အရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%)၊ မဲဆန္ဒနယ် (၄၉၂) ခုရှိရာတွင် မဲဆန္ဒနယ် (၁၂) နေရာ၌ အနိုင်ရရှိခဲ့သည်။[၉]
၂၀၁၀ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ် (၉၉၄)နေရာ ၌ ဝင်ပြိုင်သည်။ပြည်သူ့လွှတ်တော် တွင် (၁၂) နေရာ၊အမျိုးသားလွှတ်တော် တွင် (၅)နေရာ၊တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ၆၇၃ နေရာအနက် (တိုင်းရင်း သားလူမျိုးစုမဲဆန္ဒနယ် ၂၉ နေရာအပါအဝင်) ၆၆၃ နေရာတွင် (၄၆)နေရာ ရရှိခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်တိုင်းလိုလို၌ ဝင်ရောက်အရွေးခံခဲ့သည်။ ကချင်ပြည်နယ်ရှိ အမျိုးသားလွှတ်တော်တနေရာ ၌သာ အနိုင်ရခဲ့သည်။[၁၀]
၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီသည် ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ဖြင့် မြို့နယ် ၁၇၇ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်[၁၁][၁၂]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၅) ဖြင့် ခွင့်ပြုခဲ့သည်။
ရွေးကောက်ပွဲ ရလဒ်များ
[ပြင်ဆင်ရန်]အမျိုးသားလွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | အနိုင်ရနေရာ စုစုပေါင်း | မဲစုစုပေါင်း | Share of votes | ရွေးကောက်ပွဲ ရလဒ် | ခေါင်းဆောင်သူ |
---|---|---|---|---|---|
၂၀၁၀ | ၅ / ၂၂၄ |
၄,၃၀၂,၀၈၂ | ![]() |
ဦးထွန်းရီ | |
၂၀၁၂ (ပြီးနောက်) | ၅ / ၂၂၄ |
![]() |
ဦးထွန်းရီ | ||
၂၀၁၅ | ၁ / ၂၂၄ |
![]() |
ဦးသန်းတင် |
ပြည်သူ့လွှတ်တော်
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | အနိုင်ရနေရာ စုစုပေါင်း | မဲစုစုပေါင်း | Share of votes | ရွေးကောက်ပွဲ ရလဒ် | ခေါင်းဆောင်သူ |
---|---|---|---|---|---|
၁၉၉၀ | ၁၀ / ၄၉၂ |
၂,၈၀၅,၅ | ၂၁.၂% | ![]() |
ဦးသာကျော် |
၂၀၁၀ | ၁၂ / ၄၄၀ |
၄,၀၆၀,၈၀၂ | ၁၉.၄၄% | ![]() |
ဦးထွန်းရီ |
၂၀၁၂ (ပြီးနောက်) | ၁၂ / ၄၄၀ |
![]() |
ဦးထွန်းရီ | ||
၂၀၁၅ | ၀ / ၄၄၀ |
![]() |
ဦးသန်းတင် |
ကြားဖြတ်ရွေးကောက်ပွဲ
[ပြင်ဆင်ရန်]ရွေးကောက်ပွဲ | Seats up for election | Seats contested by party | Contested seats won | Contested seats lost | မဲစုစုပေါင်း | Share of votes | ရွေးကောက်ပွဲ ရလဒ် |
၂၀၁၂ | ၃၇ (ပြည်သူ့) / ၅ (အမျိုးသား) | ၂၈ (ပြည်သူ့) / ၄ (အမျိုးသား) | ၀ (ပြည်သူ့) / ၀ (အမျိုးသား) | ၃၇ (ပြည်သူ့) / ၄ (အမျိုးသား) | no seat gain or lost | ||
---|---|---|---|---|---|---|---|
ပါတီမူဝါဒ
[ပြင်ဆင်ရန်]လူအများကောင်းစားရေး ဝါဒ၊ ပြည်သူ့အကျိုးပြု လမ်းစဉ်၊ မဇ္ဈိမ ပဋိပဋာ ဆိုတဲ့ အခြေခံအချက်ကို မပြောင်းလဲဘဲ နိုင်ငံရေးမှာ အရေးကြီးဆုံး ရိုးသားမူကို အခြေခံပြီး ပြည်သူရဲ့ ထောက်ခံမူရအောင် ကြိုးစားသွားမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး။[၈]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]- ဥက္ကဋ္ဌ - ဦးဟန်ရွှေ[၁]
- ဒုတိယဥက္ကဋ္ဌ - ဦးသိန်းထွန်း[၁]
- အထွေထွေအတွင်းရေးမှူး - ဦးထွန်းရီ[၁]
- တွဲဖက်အတွင်းရေးမှူးများ - ဦးနေဝင်း နှင့် ဦးညွန့်တင် [၁]
- ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်များ
- ဌာနကြီးမှူးများ
- ဖွဲ့စည်းပုံအဆင့်ဆင့်
- ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အဆင့်ဆင့်
- အမျိုးသားလွှတ်တော်
- ပြည့်သူ့လွှတ်တော်
- ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးလွှတ်တော်
- ပါတီတည်ထောင်ခွင့်လျှောက်ထားရက် - ၂၄-၉-၈၈
- ပါတီအဖြစ်ဆက်လက်မှတ်ပုံတင် - ၂၅-၃-၂၀၁၀
- ပါတီမှတ်ပုံတင်ခွင့်ရရက် - ၂၉-၄-၂၀၁၀
- ၁၉၉ဝ ရွေးကောက်ပွဲဝင်ပါတီ
ဆက်လေ့လာရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 5 6 7 8 9 တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ - NUP (15 July 2021)။ တစ်လအတွင်းသတင်းပဒေသာ။
- ↑ "ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူမျှတစွာဖြင့် အတူတကွလက်တွဲဆောင်ရွက်ကြရန် တစညပါတီဥက္ကဋ္ဌ တိုက်တွန်"၊ People Media၊ 14 February 2022။ 6 March 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 2 March 2022။
- 1 2 "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဟု အမည်ပြောင်းလဲခြင်း"၊ 27 September 1988။
- 1 2 https://www.burmalibrary.org/en/burma-press-summary-volii-no-9-september-1988
- ↑ Irrawaddy: National Unity Party
- ↑ တစညပါတီအလံ ပြောင်းလဲအသုံးပြုမည်။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 19 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 September 2020 တွင် ပြန်စစ်ပြီး။
- 1 2 https://www.bbc.com/burmese/burma/2015/09/150917_2015_election_party_2
- ↑ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း။ မြန်မာသံတော်ဆင့်။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ http://burmese.dvb.no/archives/397174
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 26 April 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
- ↑ https://news-eleven.com/article/183178