မာတိကာသို့ ခုန်သွားရန်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ဝီကီပီးဒီးယား မှ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
အင်္ဂလိပ် အမည်Democratic Party for a New Society
ဥက္ကဋ္ဌဦအောင်မိုးဇော်[]
တည်ထောင်ခြင်း၁၄ အောက်တိုဘာ ၁၉၈၈; ၃၆ နှစ် အကြာက (၁၉၈၈-၁၀-14)
ဌာနချုပ်အမှတ် ၁၂၄၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်း၊ ပုဇွန်တောင်မြို့နယ်ရန်ကုန်မြို့
နိုင်ငံရေး သဘောတရားဆိုရှယ်ဒီမိုကရေစီ
ဖက်ဒရယ်ဝါဒ
စစ်ဆန့်ကျင်ရေးဝါဒ
ရပ်တည်ချက်ဗဟိုလက်ဝဲ
နိုင်ငံတကာ မဟာမိတ်Progressive Alliance[]
အရောင်အနီ၊ အဝါ
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ အမတ်နေရာ
၀ / ၈၆၀
ဝက်ဘ်ဆိုဒ်
dpnsburmese.org
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Democratic Party for a New Society, DPNS) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီ၏ လက်ရှိ ဥက္ကဋ္ဌမှာ ဦးအောင်မိုးဇော်ဖြစ်ပြီး တွဲဖက်အတွင်းရေးမှူးမှာ ဒေါ်နှင်းနှင်းမွှေး ဖြစ်သည်။

တည်ထောင်ခြင်း

[ပြင်ဆင်ရန်]

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရဲဘော် မိုးသီးဇွန်က ဦးဆောင်၍ တော်လှန်သော ပါတီတရပ်အဖြစ် တရားဝင် ကြေညာရပ်တည်ခဲ့သည်။

မှတ်ပုံတင်ပါတီမှ ပယ်ဖျက်ခြင်း

[ပြင်ဆင်ရန်]

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[]

ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ

[ပြင်ဆင်ရန်]
  1. ရဲဘော် မိုးသီးဇွန် (ဥက္ကဋ္ဌ)
  2. ရဲဘော် သက်ထွန်း (ဒုတိယ ဥက္ကဋ္ဌ)
  3. ရဲဘော် မိုးဟိန်း (အထွေထွေအတွင်းရေးမှူး)
  4. ရဲဘော် ရဲနိုင်အောင် (တွဲဖက်အတွင်းရေးမှူး)
  5. ရဲဘော် ဂျင်မီ (ခ) ကျော်မင်းယု (စည်းရုံးရေးကော်မတီ)
  6. ရဲဘော် ယဉ်ထွေး (စီမံ/စည်းကမ်း ကော်မတီ)
  7. ရဲဘော် ဝင်းမြင့်အောင် (သတင်းနှင့်ပြန်ကြားရေးကော်မတီ)
  8. ရဲဘော် တင်ထွန်းလှိုင် (ဘဏ္ဍာရေးကော်မတီ)

လူ့ဘောင်သစ်ကျောင်း

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား များ၏ သားသမီးငယ်ရွယ်များ မူလတန်းပညာ သင်ကြားတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော မူလတန်းကျောင်းကလေးတစ်ကျောင်း ဖြစ်သည်။

၂၀ဝ၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်း၏ စီမံအုပ်ချုပ်မှုကိစ္စအဝဝကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၁) ဦးရှိသည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ ပညာသင်ကြားပေးလျက်ရှိသည်။ ဆရာ၊ ဆရာမ စုစုပေါင်း (၄)ယောက်ရှိသည်။ ကျောင်း၏ ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံပြင်ပသို့ ရောက်ရှိနေကြသော စေတနာရှင်များ ၏ လှူဒါန်းငွေများကို အဓိကထား၍ လည်ပတ်နေရခြင်းဖြစ်သည်။

ပါတီ လှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ အဖွဲ့ဝင် ဖြစ်ပြီး၊ ကောင်စီဝင် (၃) ဦးက ကိုယ်စားပြုထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဗဟိုအလုပ်အမှုဆောင်ကော်မတီ
  2. Participants | l’Alliance progressiste 2 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 January 2016 တွင် ပြန်စစ်ပြီး။
  3. နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ 2025-6-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-11 တွင် ပြန်စစ်ပြီး။

ပြင်ပ လင့်ခ်များ

[ပြင်ဆင်ရန်]