မာတိကာသို့ ခုန်သွားရန်

ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း

ဝီကီပီးဒီးယား မှ
ဟန်ဂေရီ
Shirt badge/Association crest
အမည်ပြောင်Magyarok (Magyars)
Nemzeti Tizenegy (National Eleven)
အဖွဲ့Magyar Labdarúgó Szövetség (MLSZ)
မဟာမိတ်အဖွဲ့ယူအေးဖာ (UEFA)
နည်းပြချုပ်Marco Rossi []
အသင်းခေါင်းဆောင်Ádám Szalai
Most capsBalázs Dzsudzsák
Gábor Király (၁၀၈)
Top scorerဖဲရန့်တ်စ် ပုရှ်ကာ့ရှ် (၈၄)
အိမ်ကွင်းPuskás Aréna
ဖီဖာကုဒ်HUN
FIFA အဆင့် 52 Steady (11 June 2020)[]
အမြင့်ဆုံး FIFA အဆင့်၁၈ (၂၀၁၆ ဧပြီ-မေ)
အနိမ့်ဆုံး FIFA အဆင့်၈၇ (၁၉၉၆ ဇူလိုင်)
Elo အဆင့် 55 Decrease 1 (2 April 2020)[]
အမြင့်ဆုံး Elo အဆင့်၁ (၁၉၅၃–၅၇, ၁၉၅၈, ၁၉၆၄, ၁၉၆၅)
အနိမ့်ဆုံး Elo အဆင့်၈၀ (၂၀၀၃ နိုဝင်ဘာ)
အိမ်ကွင်း ဝတ်စုံရောင်
အဝေးကွင်း ဝတ်စုံရောင်
ပထမဆုံး နိုင်ငံတကာပွဲ
 ဩစတြီးယား 5–0 ဟန်ဂေရီ 
(Vienna, Austria; 12 October 1902)
အကြီးအကျယ် အနိုင်ရ
 ဟန်ဂေရီ 13–1 ပြင်သစ် [[File:{{{flag alias-1794}}}|23x15px|border |alt=|link=]]
(Budapest, Hungary; 12 June 1927)
အကြီးအကျယ် ရှုံး
 နယ်သာလန် 8–1 ဟန်ဂေရီ 
(Amsterdam, Netherlands; 11 October 2013)
ကမ္ဘာ့ဖလား
မြင်တွေ့ရမှုများ၉ (First in ၁၉၃၄)
အကောင်းဆုံးရလဒ်ဒုတိယဆုရှင် (၁၉၃၈၊ ၁၉၅၄ ကမ္ဘာ့ဖလား)
ဥရောပဖလား
မြင်တွေ့ရမှုများ၃ (First in ၁၉၆၄)
အကောင်းဆုံးရလဒ်တတိယ (ဥရောပဖလား)
ဆုတံဆိပ် ရာဇဝင်
အမျိုးသား ဘောလုံးအားကစား
ဖီဖာ ကမ္ဘာ့ဖလား
ငွေတံဆိပ် – ဒုတိယနေရာ1938 FranceTeam
ငွေတံဆိပ် – ဒုတိယနေရာ1954 SwitzerlandTeam
ဥရောပဖလား
ကြေးတံဆိပ် – တတိယနေရာ1964 SpainTeam
အိုလံပစ် အားကစားပြိုင်ပွဲ
ရွှေတံဆိပ် – ပထမနေရာ1952 HelsinkiTeam
ကြေးတံဆိပ် – တတိယနေရာ1960 RomeTeam
ရွှေတံဆိပ် – ပထမနေရာ1964 TokyoTeam
ရွှေတံဆိပ် – ပထမနေရာ1968 Mexico CityTeam
ငွေတံဆိပ် – ဒုတိယနေရာ1972 MunichTeam
Central European Cup
ရွှေတံဆိပ် – ပထမနေရာ1948–53 CupTeam

ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း (ဟန်ဂေရီ: Magyar labdarúgó-válogatott; အင်္ဂလိပ်: Hungary national football team) သည် ဟန်ဂေရီနိုင်ငံကို ကိုယ်စားပြုသော အမျိုးသား ဘောလုံးဖြစ်ကာ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က စီမံအုပ်ချုပ်သည်။ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲများတွင် (ကွာတား၊ ဆီမီး အပါအဝင်) ကိုးကြိမ်၊ ဥရောပဖလားပြိုင်ပွဲ ဗိုလ်လုပွဲများတွင် (ကွာတာ၊ဆီမီး အပါအဝင်) သုံးကြိမ်တိုင်တိုင် တက်လှမ်းနိုင်ခဲ့သည်။ အိမ်ကွင်းပွဲစဉ်များကို ပုရှ်ကာ့ရှ် အားကစားကွင်းတွင် ကျင်းပကြ၍ ထိုကွင်းကို ၂၀၁၉ နိုဝင်ဘာတွင် ဖွင့်လှစ်ခဲ့ကြသည်။

ဟန်ဂေရီအသင်းသည် ဂုဏ်သိက္ခာရှိသော ဘောလုံးသမိုင်းတစ်ရပ်ကို ပိုင်ဆိုင်ထားကာ အိုလံပစ်ပြိုင်ပွဲတွင် သုံးကြိမ် ဗိုလ်စွဲထားသည်။ ၁၉၃၈ နှင့် ၁၉၅၄ ကမ္ဘာ့ဖလား၏ ဒုတိယဆုရှင်ဖြစ်ခဲ့၍ ၁၉၆၄ ဥရောပဖလားတွင် တတိယဆု ချိတ်ခဲ့သည်။ ၁၉၅၀နှစ်များတွင် ဟန်ဂေရီသည် အားကစားတော်လှန်ရေးတစ်ခုဖြစ်ပွားခဲ့ပြီး 'နေရာစုံဖြည့် နည်းဗျူဟာ' (Total Football) အခြေခံ နည်းစနစ်ပိုင်းများကို အခြေချပေးခဲ့ကာ (၂၀)ရာစုနှစ်၏ ထိပ်တန်းဂိုးသွင်းရှင် ဖဲရန့်တ်စ် ပုရှ်ကာ့ရှ်ပါဝင်ခဲ့သော ရွှေရောင်အသင်းနှင့်အတူ နိုင်ငံတကာဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့သည်။[][][][] ပုရှ်ကာ့ရှ်ကို ရည်ရွယ်၍ ဆုအသစ်တစ်မျိုး 'ပုရှ်ကာ့ရှ်ဆု' ကို တီထွင်ပေးခဲ့သည်။ ထိုခေတ်ကာလက အသင်းသည် အဲလိုအဆင့် (Elo Ranking) အမြင့်ဆုံးရရှိခဲ့၍ ၁၉၅၄ တွင် အမှတ် ၂၂၃၀ ဖြင့်ရပ်တည်နိုင်ခဲ့ကာ (၃၁)ပွဲ ရှုံးပွဲမရှိဖြင့် ဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစံချိန်သည် လေးနှစ်တာကာလအထိဖြစ်ခဲ့ပြီး ရာစုနှစ်၏ အကောင်းဆုံးပွဲ (အင်္ဂလန် vs ဟန်ဂေရီ) အပါအဝင်ဖြစ်သည်။

ဤသို့အောင်မြင်မှုများရှိသော်လည်း ဟန်ဂေရီအသင်းသည် ၁၉၆၈ ဖီဖာ ကမ္ဘာ့ဖလားမှ ဖယ်ရှားခြင်း ခံခဲ့ရသည်မှစ၍ ကမ္ဘာ့ဖလားပွဲများတွင် နှစ်ကာလများစွာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ နှစ်သုံးဆယ်ကြာကြာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ၁၉၉၆ ၌ ဖီဖာအဆင့် (၈၇) ဖြင့်ရပ်တည်ခဲ့၍ ၂၀၀၈ ဥရောပခြေစစ်ပွဲ အုပ်စုပွဲစဉ်တွင်လည်း အဆင့်(၆)သာ ရရှိခဲ့သည်။ ၂၀၁၆ ဥရောပဖလားပြိုင်ပွဲတွင် နှစ်ပေါင်းလေးဆယ်အတွင်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပြီး (၁၆)သင်း အဆငိ့သို့ ရောက်ရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Marco Rossi veszi át a válogatott irányítását (in Hungarian)။ MLSZ (19 June 2018)။ 19 June 2018 တွင် ပြန်စစ်ပြီး။
  2. The FIFA/Coca-Cola World Ranking (11 June 2020)။ 11 June 2020 တွင် ပြန်စစ်ပြီး။
  3. Elo rankings change compared to one year ago. World Football Elo Ratings (2 April 2020)။ 2 April 2020 တွင် ပြန်စစ်ပြီး။
  4. FIFA President: FIFA to help the Galloping Major FIFA (12 October 2005)။ 7 October 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2006 တွင် ပြန်စစ်ပြီး။
  5. Coronel Puskas, el zurdo de oro (in Spanish)။ AS (17 November 2006)။ 17 November 2006 တွင် ပြန်စစ်ပြီး။
  6. Mackay၊ Duncan။ "Lineker tees up another nice little earner"၊ London: Guardian Unlimited၊ 13 October 2005 17 November 2006 တွင် ပြန်စစ်ပြီး
  7. Blatter unveils FIFA Puskas Award 13 December 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .