အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ | |
---|---|
ခေါင်းဆောင် | ဦးသိမ်းကြည် |
တည်ထောင်ခြင်း | ၂၇ မေ ၂၀၁၀ |
ဌာနချုပ် | ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပညာလမ်း၊ အမှတ် (၁၀၁၀/ခ) |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: National Political Alliance League Party) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် စတင်တည်ထောင်ခဲ့သော ပြည်ထောင်စုအဆင့်ဝင်ပြိုင်သော နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ ပါတီ၏ ဥက္ကဋ္ဌမှာ ဦးသိမ်းကြည် ဖြစ်ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင် ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ၏ ဆန္ဒမဲရလဒ်စာရင်းများနှင့် ပတ်သက်၍ တရားမဲ့ပြုလုပ်ခြင်းများ၊ ပြည်ပထောက်ပံ့ငွေကိစ္စများ စစ်ဆေးပေါ်ပေါက်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီ ၁၆ ပါတီက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ပါတီများမှာ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ပြည်သူ့အင်အားပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့ ဖြစ်သည်။
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]၂၀၁၀
[ပြင်ဆင်ရန်]အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်သည် ၂၀၁၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် ပါတီမှတ်ပုံတင်အမှတ် (၁၉) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း ခံခဲ့ရသည်။ ပါတီသည် နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်သည်။ [၁]
၂၀၂၃
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၂၄) ဖြင့် ခွင့်ပြုခဲ့သည်။[၂]
ပါတီရုံးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပညာလမ်း၊ အမှတ် (၁၀၁၀/ခ) တွင် ဖွင့်လှစ်ထားသည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
[ပြင်ဆင်ရန်]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ။ UEC။ 2025-7-25 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း။ UEC။ 2025-7-25 တွင် ပြန်စစ်ပြီး။