ကချင်ဒီမိုကရေစီသစ် တပ်မတော်
ကချင်ဒီမိုကရေစီသစ် တပ်မတော် | |
---|---|
![]() | |
ခေါင်းဆောင်များ | ဇခုန်တိန်ယိမ်း Layawk Zelum Ying Zelum |
စတင်လှုပ်ရှားခြင်း | ၁၉၈၉-၂၀၀၉ (NDA-K အဖြစ်) ၂၀၀၉-၂၀၂၄ (BGF အဖြစ်) |
ဌာနချုပ် | ပန်ဝါမြို့၊ ကချင်ပြည်နယ် |
လှုပ်ရှားနယ်မြေ | ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ မြန်မာ-တရုတ် နယ်စပ် |
နိုင်ငံရေးအယူဝါဒ | ကချင်အမျိုးသားရေး ကွန်မြူနစ်ဝါဒ[၁] |
အရွယ်အစား | ၂၀၀-၃၀၀; ၇၀၀ (အများဆုံး)[၁] |
မဟာမိတ် | ![]() |
ပြိုင်ဘက်များ | ယှဉ်ပြိုင်ဘက် နိုင်ငံ
![]() |
စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ကချင်ဒီမိုကရေစီသစ် တပ်မတော် (အင်္ဂလိပ်: New Democratic Army – Kachin; အတိုကောက် NDA-K)၊ တရားဝင်အမည် ကချင် နယ်ခြားစောင့်တပ်ဖွဲ့ သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့ကာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် တရားဝင် ပြောင်းလဲခဲ့သည်။[၁][၃][၄]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ကို ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အရာရှိဟောင်းများဖြစ်သော ဇခုန်တိမ်ယန်း၊ Layawk Zelum နှင့် Ying Zelum တို့က ၁၉၈၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။[၁][၂][၅] ဖွဲ့စည်းပြီးနောက် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကာ တပ်မတော်အောက်တွင် အထူးဒေသတပ်ဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]
အစိုးရထံမှ အသုံးစရိတ်၊ ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ရရှိခဲ့သည်။ တပ်ဖွဲ့ဝင် ၆၀၀ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အစိတ်အပိုင်းအနေဖြင့် လစာများ ရရှိခဲ့သည်။[၁] ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပထမဆုံး ပြောင်းလဲခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်လာသည်။ ၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ရောက်ရန် အဖွဲ့ဝင်အချို့မှာ ကချင်ပြည်နယ် တိုးတက်ရေးပါတီသို့ ဝင်ရောက်ခဲ့သည်။[၃]
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ)
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ၀၃၀၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် NDA-K ၏ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် က သိမ်းပိုက်ခဲ့သည်။[၆]
အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပန်ဝါမြို့ကို NDA-K ထံမှ ကေအိုင်အေက ဆက်လက်သိမ်းပိုက်ခဲ့သည်။[၇]
အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကန်ပိုက်တီမြို့အနီးရှိ NDA-K ၏ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို ထပ်မံသိမ်းပိုက်ခဲ့ရာ အမှတ် ၁၀၀၁ တပ်ရင်းသာ ကျန်ရှိတော့သည်။[၈][၉]
အောက်တိုဘာလ ၂၃ ရက်နေ့တွင် NDA-K ခေါင်းဆောင်ဖြစ်သူ ဇခုန်တိန်ယိမ်း၏ ပန်ဝါမြို့နေအိမ်ကို ကေအိုင်အေက ချိတ်ပိတ်ခဲ့သည်။[၁၀]
အောက်တိုဘာလ ၃၂ ရက်နေ့တွင် ကေအိုင်ကေနှင့် ပီဒီအက်ဖ်တို့သည် မြစ်ကြီးနားခရိုင် ဖီမော်အနီးရှိ လက်ကျန် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်ကို သိမ်းပိုက်ခဲ့သည်။[၁၁]
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကန်ပိုက်တီမြို့ကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၁၂]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 5 6 Mizzimia Archive – NDA-K။ 23 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 December 2015 တွင် ပြန်စစ်ပြီး။
- 1 2 NDA-K's Ting Ying declares Burma army will wipeout KIA October 28, 2012, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- 1 2 Global Security – KachinOctober 13, 2023, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Asian Correspondent – NDA-K: Burma needs to value peace talks in Kachin State။ 21 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2025 တွင် ပြန်စစ်ပြီး။
- ↑ Ring၊ Zung (2024-12-09)။ Guest Column | KIO/KIA’s Unspoken Objective in Myanmar’s Revolution: Uniting the Kachin Into a Nation (in en-US)။ 2025-05-08 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Junta-Allied Border Battalion Falls in Kachin Rare Earth Hub။
- ↑ China Shuts Border as Kachin Fighters 'Seize Pangwa'။
- ↑ https://www.irrawaddy.com/news/war-against-the-junta/kachin-resistance-attacks-another-stronghold-of-pro-junta-forces.html
- ↑ "KIA captures junta Border Guard Force battalion near Kanpiketi" the Irrawaddy via Instagram
- ↑ KIA Seals Off House of Myanmar Junta-Allied Warlord After Seizing Pangwa။
- ↑ KIA Seizes Final Border Force HQ Despite Chinese Pressure
- ↑ Van Linge၊ Thomas (November 20, 2024)။ this morning KIA resistance forces captured the village of Kan Paik Ti, giving them control over the final border crossing in Kachin state.။ November 20, 2024 တွင် ပြန်စစ်ပြီး။