မာတိကာသို့ ခုန်သွားရန်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ

ဝီကီပီးဒီးယား မှ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
အင်္ဂလိပ် အမည်Karenni National Progressive Party
နာယကAbel Tweed[]
ဒုဥက္ကဋ္ဌKhu Oo Reh
အတွင်းရေးမှူးအောင်ဆန်းမြင့်
ရွှေမျိုးသန့်
တည်ထောင်ခြင်း၁၉၅၇ (၁၉၅၇)[]
ဌာနချုပ်ညမိုး၊ ရှားတောမြို့နယ်ကယားပြည်နယ်
လက်နက်ကိုင်အဖွဲ့ကရင်နီ တပ်မတော်
နိုင်ငံရေး သဘောတရားကရင်နီ အခွင့်အရေး
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (အင်္ဂလိပ်: Karenni National Progressive Party) သည် မြန်မာနိုင်ငံရှိ ကရင်နီပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ ကရင်နီ တပ်မတော် ဖြစ်သည်။ ကရင်နီ တပ်မတော် တွင် ကရင်နီလူမျိုးများအပြင် အခြား မြန်မာတိုင်းရင်းသားမျိုးနွယ်များ လည်း စစ်မှုထမ်း လျက်ရှိသည်။နောက်ခံသမိုင်း

၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး၊ ယင်းတော်လှန်ရေး ခေါင်းဆောင်များက ၁၉၅၇ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ကရင်နီပြည်၊ လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ (ကသိုးခီး) ရွာ၌ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP/KA) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ရုံးချုပ်မှာ ညာမူ၊ ရှားတောမြို့နယ်၊ ကရင်နီပြည်နယ်တွင် တည်ရှိသည်။

ပါတီဖွဲ့စည်းပုံနှင့် ခေါင်းဆောင်မှု

[ပြင်ဆင်ရန်]

KNPP ၏ ၁၄ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းအတည်ပြုခဲ့သည်-

(၁) ခူဦးရယ် - ပါတီဥက္ကဋ္ဌ

(၂) အေဘယ်တွိဒ် - ပါတီ ဒုတိယဥက္ကဋ္ဌ

(၃) ခူပလူးရယ် - အထွေထွေ အတွင်းရေးမှူး

(၄) ခူဒယ်နီယာ - အတွင်းရေးမှူး (၁)

(၅) အောင်ဆန်းမြင့် - အတွင်းရေးမှူး (၂)

(၆) စောခဲလေ - ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်

(၇) ခူတော်ရယ် (အက်စ်) – ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်

(၈) ခူညေးရယ် - ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်

(၉) စောလုသာသန်း - ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်

လှုပ်ရှားနယ်မြေနှင့် ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

KNPP ၏ လှုပ်ရှားနယ်မြေများမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ မော်ချီးနှင့် ဘော်လခဲမြို့နယ်များဖြစ်သည်။ KNPP ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

[ပြင်ဆင်ရန်]

KNPP တွင် လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ကရင်နီတပ်မတော် (Karenni Army - KA) ဟူ၍ ရှိသည်။ KNPP သည် ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

KNPP သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို အစဉ်တစိုက် ဆန့်ကျင်နေသော အဖွဲ့အစည်းဖြစ်သည်။ ဒေသတွင်း အသစ်ပေါ်ထွက်လာသည့် ကရင်နီတော်လှန်ရေးတပ်များကို စစ်သင်တန်းပေးခြင်း၊ ဦးဆောင်မှု ပြုလုပ်ပေးခြင်းနှင့် ပူးတွဲစစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်။ KA အခြေခံစစ်သင်တန်းသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အပတ်စဉ် (၇၄) အထိ ရှိနေပြီဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တွင် KA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးသည် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသည်။

စစ်တပ်မှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းသည့်အခါတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် မည်သည့်ဆွေးနွေးမှုကိုမှ လက်မခံကြောင်း ပြတ်ပြတ်သားသားပြောကြားခဲ့သည်။ စစ်အာဏာရှင်ဆန့်ကျင်သည့် အခြားသော အစုအဖွဲ့အစည်းများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့နှင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်အာဏာရှင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုလုပ်ရပ်များကို ဆန့်ကျင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ကရင်နီဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု သိသိသာသာ များလာပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထိုသို့သော တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုနှုန်း မြင့်မားလာသလို စစ်ဘေးရှောင်ဦးရေလည်း များပြားလာခဲ့သည်။ KNPP ဘက်မှလည်း စခန်းသိမ်းတိုက်ပွဲများကို လုပ်ဆောင်လာခဲ့သည်။

KNPP သည် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင်လည်း အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်နေသလို၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်ပါသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 KNPP (in en-gb)။ 23 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 January 2017 တွင် ပြန်စစ်ပြီး။
  2. ကရင်နီအမျိုးသားတိုးတက်ရေးပါတီ Spring Sprouts။ 2025-7-14 တွင် ပြန်စစ်ပြီး။