ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး | |
---|---|
အင်္ဂလိပ် အမည် | Karenni National People's Liberation Front |
ဥက္ကဋ္ဌ | ရဲဘော်ထွန်းကျော် |
ဒုဥက္ကဋ္ဌ | ရဲဘော်ထွန်းရွှေ |
အတွင်းရေးမှူး | ရဲဘော်လောရင်းစိုး |
ဆောင်ပုဒ် | "ပြည်သူ့အကျိုးဆောင်ကြ" |
တည်ထောင်ခြင်း | ၂၆ ဇွန် ၁၉၇၈ |
ဌာနချုပ် | နယ်စပ်ဒေသ၊ ကရင်နီပြည် |
လက်နက်ကိုင်အဖွဲ့ | ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် |
နိုင်ငံရေး သဘောတရား | ပြည်သူ့ဒီမိုကရေစီ |
ဝက်ဘ်ဆိုဒ် | |
![]() | |
ပါတီအလံ | |
![]() |
ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် Karenni People's Liberation Army | |
---|---|
KPLA | |
![]() ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ နိုင်ငံရေးဦးဆောင်မှုကိုခံယူသည်။ | |
ခေါင်းဆောင်များ |
|
စစ်ရေးခေါင်းဆောင် | ရဲဘော်ထွန်းကျော် |
နိုင်ငံရေးခေါင်းဆောင် | ရဲဘော်ရွှေဝါ |
စတင်လှုပ်ရှားခြင်း | ၁၉၇၈ | –၂၀၀၉ , ၂၀၂၃-လက်ရှိ
ခွဲထွက်လာမှု | ကရင်နီတပ်မတော် |
ဌာနချုပ် | ပန်ကန်းရွာ၊ လွိုင်ကော်မြို့နယ်[၁] |
လှုပ်ရှားနယ်မြေ | ကရင်နီပြည် မြန်မာ-ထိုင်း နယ်စပ် |
နိုင်ငံရေးအယူဝါဒ |
|
Part of | |
မဟာမိတ် | State allies: Non-state allies:
|
ပြိုင်ဘက်များ | State opponents:
Non-state opponents:
|
စစ်ပွဲနှင့် တိုက်ပွဲများ | |
အလံ | ![]() |
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ (အင်္ဂလိပ်: Karenni National People's Liberation Front; KNPLF) သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။ ၎င်းသည် ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ထံမှ ခွဲထွက်လာသောအဖွဲ့ဖြစ်ပြီး၊ ထိုကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ(CPB) နှင့်နီးစပ်ခဲ့သည်။ KNPLF သည် ကရင်နီဒေသ၏ စစ်ရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် အရေးပါသော တာဝန်ယူလာခဲ့ပြီး၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လက်ရှိတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည်။
မယ်စဲ့မြို့သိမ်းတိုက်ပွဲတွင် ကလလတ သည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကရင်နီ တပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့နှင့်အတူ စစ်ကောင်စီအား တရားဝင် စစ်ကြေညာခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ (KNPLF) သည် ၁၉၇၈ ခုနှစ် ဇွန်လတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ထံမှ ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။KNPP သည် ၎င်း၏ ကိုယ်စားလှယ်များကို ၁၉၇၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ (CBP) ထံသို့ လေ့လာရေး လွှတ်ခဲ့ရာ ထိုအဖွဲ့များ ပြန်လာချိန်တွင် ကွန်မြူနစ်ဝါဒဘက်သို့ ယိမ်းသွားသည်ဟူ၍ နိုင်ငံရေးအယူဝါဒဆိုင်ရာ ပြဿနာဖြစ်ခဲ့သည်။ ထိုအခြေအနေများကြောင့် ဗကပထံ သွားခဲ့သည့် ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့က KNPP ထံမှ ခွဲထွက်ပြီး ကလလတ-KNPLF အဖြစ် ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က KNPP မှ ကရင်နီအမျိုးသားရေးခေါင်းဆောင်များသည် ကွန်မြူနစ်ဝါဒအပေါ် စိုးရိမ်ထိတ်လန့်မှုကြီးမားခဲ့သည်။ ခွဲထွက်ပြီးနောက်တွင် KNPP နှင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ကလလတသည် ဗကပ၏ မဟာမိတ်တပ်ဖွဲ့ဖြစ်လာပြီး ဗကပထံမှလည်း စစ်ရေးဆိုင်ရာ အထောက်အပံ့များ ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် KNPP နှင့် ကလလတတို့ ပြန်လည်ပေါင်းစည်းရေး နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ကလလတအနေနှင့် ကွန်မြူနစ်ဝါဒကို စွန့်လွတ်ရန် KNPP က အဆိုပြုခဲ့ပြီး ကလလတဘက်ကလည်း ၎င်းတို့သည် ကွန်မြူနစ်ဝါဒစွဲကိုင်ခြင်းမရှိဘဲ လူမျိုးပေါင်းစုံပြည်သူတို့၏ ပြည်သူ့ဒီမိုကရေစီရေးအတွက်သာ တိုက်ပွဲဝင်နေသည်ဟူ၍ အစဉ်တစိုက်ထုတ်ဖော် ပြောဆိုခဲ့သည်။ ကလလတ၏ အဆိုအရ ၎င်းတို့သည် အလုပ်သမားလူတန်းစား၏တပ်ဦး ကွန်မြူနစ်ပါတီမဟုတ်၊ လူမျိုးတမျိုးတည်းကို ကိုယ်စားပြုသည့် လူမျိုးရေးပါတီလည်းမဟုတ်၊ လူမျိုးပေါင်းစုံပြည်သူများ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် ရည်မှန်းကာဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဟု ဆိုသည်။
၁၉၈၉ တွင် ကလလတသည် ၎င်း၏ မဟာမိတ် ကယန်းပြည်သစ်ပါတီ (KNLP)၊ ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့-ရလလဖ (SNPLO) တို့နှင့် စုစည်း၍ လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ဦး (လပဒတ) ကို ဖွဲ့စည်းခဲ့သည်။ ဗကပ၏ လမ်းညွန်မှုကိုခံယူခဲ့သည်။ ဗကပ ပြိုကွဲသွားသည့်နောက် လပဒ.တ အဖွဲ့ဝင်များ အထောက်အပံ့ရရှိမှု ပြတ်တောက် သွားခဲ့ရာ ကြီးမားသည့် မဟာမိတ်ပြိုကျမှုနှင့် စစ်တပ်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကို တပြိုင်တည်းရင်ဆိုင်ခဲ့ရသည်။ ၁၉၉၃ ခုနှစ်တွင် KNPP နှင့် ကလလတ တို့သည် အမျိုးသားပြန်လည်ညီညွတ်ရေးအတွက် ဆွေးနွေးခဲ့သေးသည်။ သို့သော်တိုးတက်မှု မရှိခဲ့ပေ။ ဆွေးနွေးမှုများ ပြုလုပ်နေသည့်ကြားမှ အချင်းချင်းလုပ်ကြံမှုများ ရှိခဲ့သည်။ ထို့နောက် ၁၉၉၄ ခုနှစ် မေ ၉ ရက်တွင် ကလလတသည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကလလတ၏ ချေမှုန်းရေးတပ်ရင်း နှစ်ရင်းဖြစ်သော တပ်ရင်း(၄၈၇၈) နှင့် တပ်ရင်း(၇၈၉၄) သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နဝတ စစ်အစိုးရ၏ဖိအားပေးမှုအရ အမှတ်-၁၀၀၄ နှင့် အမှတ်-၁၀၀၅ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့သည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]ပြန်လည်ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကလလတ-KNPLF သည် ၎င်း၏ လုပ်ငန်းစဉ်ဖြစ်သော "စစ်သုံးစစ် တိုက်ဖျက်ရေး" မူဝါဒဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ -
- စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး
- စစ်အုပ်စု တိုက်ဖျက်ရေး
- စစ်ဗျူရိုကရက်စနစ်တိုက်ဖျက်ရေး
KNPLF သည် ၎င်း၏ နိုင်ငံရေးလမ်းညွှန်ချက်အဖြစ် "ပြည်သူ့ဒီမိုကရေစီ" ကို သတ်မှတ်ထားသည်။ ထို့အပြင် ကရင်နီဒေသရှိ တခြားတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်သုံးစစ် တိုက်ဖျက်ရေးတိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။
တိုက်ပွဲပြန်ဝင်မှု
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း ကလလတက သဘောထားထုတ်ပြန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (ဘော်လခဲ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ဖားဆောင်း) နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ကို စစ်သင်တန်းပေးခြင်း၊ ရိက္ခာနှင့် လက်နက် ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်။ ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ဦးချစ်ထွန်းသည်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနတွင် စတင်ဖွဲ့စည်းချိန်မှစ၍ ယခုအထိ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် စစ်ဘေးရှောင်လာသည့် ဒုက္ခသည် ၃၀ ကျော်ကို စစ်ကောင်စီ၏ ခမရ-၁၀၈ က ဖမ်းဆီးထားသည်ကို ပြန်လွှတ်ပေးရန် သွားညှိနှိုင်းခဲ့သည့် ကလလတ တပ်ဖွဲ့ဝင် လေးဦးနှင့် ဒုက္ခသည်များကို စစ်ကောင်စီဘက်က သတ်ဖြတ်၍ မီးရှို့ခဲ့သည်။
၂၀၂၃ ခုနှစ် ဇွန်လအတွင်း ကရင်နီခုခံတော်လှန်ရေးတပ်များ၏ မယ်စဲ့မြို့သိမ်းတိုက်ပွဲတွင် ကလလတ ၏ အမှတ်-၁၀၀၄ နှင့် ၁၀၀၅ နယ်ခြားစောင့်တပ်များပါ ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။ ကလလတ၏ နယ်ခြားစောင့်တပ်များသည် စစ်ကောင်စီကို ပထမဆုံး ပြန်ပုန်ကန်၍ ခုခံတော်လှန်ရေးဘက်သို့ ဘက်ပြောင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်သည်။ ထိုအချိန်မှစ၍ ကလလတသည် တော်လှန်ရေးတပ်ဖွဲ့အဖြစ် ပြန်ရပ်တည်ပြီး တပ်ဖွဲ့ ကိုလည်း တပ်ရင်း (၈) ရင်း ဖြင့် ပြန်လည်ဖွဲ့စည်းထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ KNPLF celebrates 25 years of ceasefire in Loikaw (in en)။ Myanmar Ministry of Information။ 11 May 2020 တွင် ပြန်စစ်ပြီး။
- ↑ "Intense clash in Mese, Karenni State" (in Burmese)၊ Democratic Voice of Burma၊ 20 June 2023။
- ↑ "The 4K, the clash in Mese, and the military movement of Karenni State" (in Burmese)၊ People's Spring၊ 20 June 2023။
- ↑ Davis၊ Anthony (2022-02-22)။ Wa an early winner of Myanmar’s post-coup war (in en-US)။ October 7, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-09-24 တွင် ပြန်စစ်ပြီး။
- ↑ "After attacking military target in Karenni State, KNDF and KNPLF announce launch of ‘Operation 1107’"၊ Myanmar Now၊ 10 November 2023။