မာတိကာသို့ ခုန်သွားရန်

ကာကွယ်ရေးဦးစီးချုပ် (ကြည်း)

ဝီကီပီးဒီးယား မှ
 တပ်မတော် (ကြည်း) ၏ ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ အလံတော်
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

မတ် ၃၀၊ ၂၀၁၁ (၂၀၁၁-၀၃-၃၀) မှစ၍
ကက(ကြည်း)
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အဖွဲ့ဝင်ကာကွယ်ရေးဌာနကောင်စီ
အစီရင်ခံရသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
စံအိမ်စစ်ရုံး၊ နေပြည်တော်
ရုံးတည်နေရာဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရုံး၊ နေပြည်တော်
ယခင်လူဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်)
ဖွဲ့စည်းခြင်း ဇန်နဝါရီ ၁၉၄၈ (၇၇ နှစ် အကြာက) (၁၉၄၈-၀၁-04)
ပထမဆုံး ထမ်းဆောင်သူဗိုလ်မှူးချုပ် စောကြာဒိုး
လက်ထောက်စစ်ဦးစီးအရာရှိချုပ်(ကြည်း)
အဆင့်/တံဆိပ် အဆောင်အယောင်များ

ဒုတိယဗိုလ်ချုပ်မှူးကြီး

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (အင်္ဂလိပ်: Commander-in-Chief (Army)) သည် တပ်မတော် (ကြည်း)၏ အကြီးအကဲဖြစ်ပြီး အစဉ်အလာအားဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနှင့်အတူ ပူးတွဲထမ်းဆောင်ရသော ရာထူးတာဝန်ဖြစ်သည်။ ထို့ကြောင့် တပ်မတော် (ကြည်း)၏ ပြန်တမ်းဝင်အရာရှိများကို ခန့်အပ်သော ရာထူးများထဲ၌ “ဒုတိယ အဆင့်အမြင့်ဆုံး” ဖြစ်ပြီး တပ်မတော်တစ်ရပ်လုံးတွင် ၎င်း၏အထက်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးသာရှိသည်။ အဆင့်သတ်မှတ်ချက်မှာ “ဒုတိယဗိုလ်ချုပ်မှူးကြီး” ဖြစ်သည်။ လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် / ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်သည်။[]

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) များစာရင်း

[ပြင်ဆင်ရန်]
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) များဖြစ်ကြသည်။[]
စဉ် ဓာတ်ပုံ ပြန်တမ်းဝင်အမှတ် ရာထူးအဆင့်နှင့်အမည် တာဝန်သက်တမ်း မှတ်ချက်
ကြည်းတပ်ဦးစီးချုပ်
၁။ ကြည်း ၅၁၀၇ ဗိုလ်မှူးချုပ် စောကြာဒိုး ၄ ဇန်နဝါရီ ၁၉၄၈ – ၁ ဩဂုတ် ၁၉၄၈ ကရင်လူမျိုးဖြစ်ပြီး ကရင်ပြည်တွင်းစစ်ကြောင့် အငြိမ်းစားပေးခံခဲ့ရသည်။
၂။ ကြည်း ၃၅၀၂ ဗိုလ်မှူးချုပ် နေဝင်း ၁ ဩဂုတ် ၁၉၄၈ – ၁ ဖေဖော်ဝါရီ ၁၉၄၉ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၃။ ကြည်း ၃၄၅၈ ဗိုလ်မှူးချုပ် အောင်ကြီး ၁ ဖေဖော်ဝါရီ ၁၉၄၉ – ၂၈ စက်တင်ဘာ ၁၉၅၅[]
ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်)
(၃) ကြည်း ၃၄၅၈ ဗိုလ်မှူးချုပ် အောင်ကြီး ၂၈ စက်တင်ဘာ ၁၉၅၅ – ၁၅ ဖေဖော်ဝါရီ ၁၉၆၃
၄။ ကြည်း ၃၅၆၇ ဗိုလ်ချုပ် စန်းယု ၁၅ ဖေဖော်ဝါရီ ၁၉၆၃ – ၂၀ ဧပြီ ၁၉၇၂ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၅။ ကြည်း ၃၅၆၁ ဒုတိယဗိုလ်ချုပ်ကြီး သူရ တင်ဦး ၂၀ ဧပြီ ၁၉၇၂ – ၈ မတ် ၁၉၇၄ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၆။ ကြည်း ၅၃၂၂ ဒုတိယဗိုလ်ချုပ်ကြီး သူရကျော်ထင် ၈ မတ် ၁၉၇၄ – ၆ မတ် ၁၉၇၆ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၇။ ကြည်း ၆၁၃၃ ဒုတိယဗိုလ်ချုပ်ကြီး အေးကို ၆ မတ် ၁၉၇၆ – ၁၃ မတ် ၁၉၈၁
၈။ ကြည်း ၅၈၉၆ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ ၁၃ မတ် ၁၉၈၁ – ၁၉၈၃
၉။ ကြည်း ၆၁၈၇ ဒုတိယဗိုလ်ချုပ်ကြီး စောမောင် ၁၉၈၃ – ၄ နိုဝင်ဘာ ၁၉၈၅ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၁၀။ ကြည်း ၆၇၁၀ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ ၄ နိုဝင်ဘာ ၁၉၈၅ – ၁၀ မေ ၁၉၈၉
ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
(၁၀) ကြည်း ၆၇၁၀ ဗိုလ်ချုပ်ကြီး သန်းရွှေ ၁၀ မေ ၁၉၈၉ – ၂၃ ဧပြီ ၁၉၉၂ ၁၉၉၀ တွင် ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၁၁။ ကြည်း ၇၈၇၅ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၂၃ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁
၁၂။ ကြည်း ၁၆၄၈၉ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၃၀ မတ် ၂၀၁၁ – လက်ရှိ

ဆက်စပ်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Tatmadaw Deputy Commander-in-Chief - Regime Watch - ALTSEAN Burma Alternative ASEAN Network (ALTASEAN)။ 19 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၆၃။
  3. Sabry၊ Fouad (2024-05-30)။ Military Staff: Strategizing the Nexus, Command, Coordination, and 21st Century Warfare (အင်္ဂလိပ်ဘာသာစကားဖြင့်)။ One Billion Knowledgeable။