ချင်းပြည်နယ် တရားလွှတ်တော်
ချင်းပြည်နယ်တရားလွှတ်တော် The High Court of Chin State | |
---|---|
![]() | |
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | ဟားခါးမြို့ |
လုပ်ပိုင်ခွင့်ပြုခြင်း | ဖွဲ့စည်းပုံအခြေခံဥပဒေ |
ရာထူးနေရာ | ၃ |
ဝက်ဘ်ဆိုဒ် | chin.hc.gov.mm |
တရားသူကြီးချုပ် | |
လက်ရှိ | ဦးနေစိုး |
စတင်တာဝန်ထမ်းဆောင် | ၁ နိုဝင်ဘာ ၂၀၂၁ |
ချင်းပြည်နယ်တရားလွှတ်တော် သည် ချင်းပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ချင်းပြည်နယ်တွင် ၁၉၇၄ ခုနှစ်မတိုင်မီက သီးခြားတရားရုံးများ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ဘဲ၊ တရားစီရင်ရေးကိစ္စများကို နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးများက ပူးတွဲဆောင်ရွက်ခဲ့ရသည်။ မြောက်ပိုင်းဒေသအတွက် ကလေးမြို့တွင် ရုံးစိုက်ခဲ့ပြီး၊ တောင်ပိုင်း မင်းတပ်မြို့၌ ၁၉၆၁ ခုနှစ်ကုန်ပိုင်းတွင် ခရိုင်တရားမတရားသူကြီးရုံးကို ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က တရားရေးဝန်ထမ်းအဆင့်-၂ နှင့် အဆင့်တူညီသော ခရိုင်ဝန် ဦးအောင်တိုး နှင့် ၎င်းနောက်တွင် ဦးမြ တို့က တရားစီရင်ရေးကိုပါ ပူးတွဲ ဆောင်ရွက်ခဲ့သည်။ မြောက်ပိုင်း ဖလမ်းခရိုင်တွင်မူ သီးခြား တရားရုံး ဖွင့်လှစ်ထားခြင်း မရှိသေးပေ။
၁၉၇၄ ခုနှစ် နောက်ပိုင်း အပြောင်းအလဲများ
[ပြင်ဆင်ရန်]၁၉၇၄ ခုနှစ်တွင် ပထမအကြိမ် ပြည်သူ့ကောင်စီ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ဖွဲ့စည်းသောအခါ ခရိုင်များကို ဖျက်သိမ်းပြီး ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အဆင့် တရားရုံးများကို သီးခြားဖွဲ့စည်း၍ ဖွင့်လှစ်ခဲ့သည်။
ချင်းပြည်နယ်တရားရုံး: ပြည်နယ်အဆင့် ချင်းပြည်နယ်တရားရုံးကို ပြည်နယ်အဆင့် တရားသူကြီး (၃) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ဥက္ကဋ္ဌ: ဦးမန်လျန် (ဘီအေ၊ ဘီအယ်လ်၊ ဘီအာရ်အီး) (မတူပီမြို့နယ်)
အဖွဲ့ဝင်များ: ဦးမန်လျန် (တီးတိန်မြို့နယ်)၊ ဦးလွှမ်တလိန်း (ဖလမ်းမြို့နယ်)
ပြည်နယ်တရားရေးဦးစီးမှူး: တရားရေးဝန်ထမ်းအဆင့်-၂ ဦးညွန့် က စတင်ဆောင်ရွက်ခဲ့ပြီး ၎င်းပြောင်းရွှေ့ပြီးနောက် ဦးတင်မောင် က ဆက်လက်ဆောင်ရွက်ခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ပြည်နယ်တရားသူကြီးအဖွဲ့ဝင် ဦးမန်လျန် (တီးတိန်) မှာ တောင်သူလယ်သမားရေးရာ ဗဟိုကော်မတီဝင်အဖြစ် ရာထူးပြောင်းရွှေ့ခံရသဖြင့် ၎င်းနေရာ၌ ဦးဗန်လျန် (ထန်တလန်) အား ပြည်နယ်တရားသူကြီးအဖွဲ့ဝင်အဖြစ် ခန့်ထားခဲ့သည်။
မင်းတပ်ရုံးခွဲ တည်ထောင်ခြင်းနှင့် ဖျက်သိမ်းခြင်း
[ပြင်ဆင်ရန်]ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် "ချင်းပြည်နယ်တရားရုံး မင်းတပ်ရုံးခွဲ" ကို မင်းတပ်မြို့၌ ဖွင့်လှစ်ခဲ့သည်။ ယင်းရုံးခွဲတွင် ချင်းပြည်နယ်တရားရုံးမှ တရားသူကြီးတစ်ဦးဦးက အလှည့်ကျ သွားရောက်၍ ရုံးထိုင်ကာ၊ နယ်မြေခံ ပြည်နယ်ပြည်သူ့ကောင်စီကိုယ်စားလှယ် (ပြည်နယ်အဆင့်) များက အချိန်ပိုင်း ပြည်နယ်တရားသူကြီးအဖွဲ့ဝင်များအဖြစ် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
မင်းတပ်ရုံးခွဲ တာဝန်ခံ: တရားရေးဝန်ထမ်းအဆင့်-၂ ဦးတင်လှ က ဆောင်ရွက်ခဲ့သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကွယ်လွန်ခဲ့သည်။
၎င်း၏နေရာကို တရားရေးဝန်ထမ်းအဆင့်-၃ ဦးဘဟန် ကို ရာထူးတိုး၍ ပြောင်းရွှေ့နေရာချထားခဲ့သည်။
၁၉၇၇ ခုနှစ်တွင် ချင်းပြည်နယ်တရားရုံး "မင်းတပ်ရုံးခွဲ" ကို ဖျက်သိမ်းခဲ့ပြီး၊ ဟားခါးမြို့ရှိ ပြည်နယ်တရားရုံးတွင်သာ စုစည်း၍ ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်တွင် "မင်းတပ်ရုံးခွဲ" မှ တရားရေးဝန်ထမ်းအဆင့်-၂ ဦးဘဟန်သည် ရာထူးတိုးမြှင့်၍ မန္တလေးသို့ ပြောင်းရွှေ့သွားပြီး၊ ဟားခါးပြည်နယ်တရားရုံးမှ တရားရေးဝန်ထမ်းအဆင့်-၂ ဦးသိန်းအောင်သည်လည်း ပဲခူးတိုင်းသို့ ပြောင်းရွှေ့သွားသဖြင့် ၎င်းတို့နေရာ၌ ဦးအောင်ကြည် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါသည်။[၁]
ပြည်ထောင်စုလွှတ်တော်ခေတ်
[ပြင်ဆင်ရန်]ချင်းပြည်နယ်တရားလွှတ်တော်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၅ နှင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၃၄ တို့အရ၊ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၂) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]ချင်းပြည်နယ်တရားလွှတ်တော်သည် ဟားခါးမြို့တွင် တည်ရှိသည်။
တရားသူကြီးများ
[ပြင်ဆင်ရန်]တရားသူကြီးချုပ်များ
[ပြင်ဆင်ရန်]စဉ် | တရားသူကြီးချုပ် | တာဝန်သက်တမ်း | တာဝန်ချိန် | မှတ်ချက် |
---|---|---|---|---|
၁။ | ဦးဝင်းမြင့်ကျော် | ၃၀ မတ် ၂၀၁၁ - ၃၁ အောက်တိုဘာ ၂၀၂၁ | ၁၀ နှစ်၊ ၂၁၅ ရက် | |
၂။ | ဦးနေစိုး | ၁ နိုဝင်ဘာ ၂၀၂၁ - လက်ရှိ | ၃ နှစ်၊ ၃၁၅ ရက် |
တရားသူကြီးများ
[ပြင်ဆင်ရန်]စဉ် | တရားလွှတ်တော်တရားသူကြီး | တာဝန်သက်တမ်း | တာဝန်ချိန် |
---|---|---|---|
၁။ | ဦးလှတင် | ၃၀ မတ် ၂၀၁၁ - ၁၃ ဇူလိုင် ၂၀၁၇ | ၆ နှစ်၊ ၁၀၅ ရက် |
၂။ | ဦးမြင့်သိန်းထွန်း | ၃၀ မတ် ၂၀၁၁ - ၂၀ ဇွန် ၂၀၁၁ | ၈၂ ရက် |
၃။ | ဦးတဲရင့်စ်စမွိုင်းနီခွဲ | ၄ ဩဂုတ် ၂၀၁၇ - ၂ ဖေဖော်ဝါရီ ၂၀၂၁ | ၃ နှစ်၊ ၁၈၂ ရက် |
၄။ | ဒေါ်မန်ဟောက်နျန် | ၇ ဖေဖော်ဝါရီ ၂၀၂၁ - လက်ရှိ | ၄ နှစ်၊ ၂၁၇ ရက် |
၅။ | ဦးနေစိုး | ၁၉ ဇွန် ၂၀၂၁ - ၁ နိုဝင်ဘာ ၂၀၂၁ | ၁၃၅ ရက် |
၆။ | ဦးမြင့်ဟန် | ၁ နိုဝင်ဘာ ၂၀၂၁ - လက်ရှိ | ၃ နှစ်၊ ၃၁၅ ရက် |
၇။ | ဦးမင်းအောင်[၂] | ၂၅ ဧပြီ ၂၀၂၅ - လက်ရှိ | ၁၄၃ ရက် |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ချင်းပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၉)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၃]
ခရိုင်တရားရုံးများ
[ပြင်ဆင်ရန်]- ဟားခါးခရိုင်တရားရုံး
- ဖလမ်းခရိုင်တရားရုံး
- မင်းတပ်ခရိုင်တရားရုံး
- မတူပီခရိုင်တရားရုံး
မြို့နယ်တရားရုံးများ
[ပြင်ဆင်ရန်]- ဟားခါးမြို့နယ်တရားရုံး
- ထန်တလန်မြို့နယ်တရားရုံး
- ဖလမ်းမြို့နယ်တရားရုံး
- တီးတိန်မြို့နယ်တရားရုံး
- တွန်းဇံမြို့နယ်တရားရုံး
- မင်းတပ်မြို့နယ်တရားရုံး
- ကန်ပက်လက်မြို့နယ်တရားရုံး
- မတူပီမြို့နယ်တရားရုံး
- ပလက်ဝမြို့နယ်တရားရုံး
တရားသူကြီးများ
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။
တရားရုံး စီမံခန့်ခွဲမှု
[ပြင်ဆင်ရန်]ချင်းပြည်နယ်တရားလွှတ်တော်ကို ပြည်နယ်တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ဖြင့် ဖွဲ့စည်းထားပြီး တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။
စဉ် | ဦးစီးမှူး | ကိုယ်ပိုင်အမှတ် | တာဝန်ထမ်းဆောင်သည့်ကာလ | တာဝန်ချိန် | မှတ်ချက် |
---|---|---|---|---|---|
၁။ | ဦးအောင်သိန်း | တ/၂၂၅၀ | ၇ ဒီဇင်ဘာ ၂၀၁၈ - ၇ ဖေဖော်ဝါရီ ၂၀၂၀ | ၁ နှစ်၊ ၆၂ ရက် | |
၂။ | ဦးသောင်းထွေး | တ/၂၃၇၈ | ၁၀ မတ် ၂၀၂၀ - ၁၈ ဇန်နဝါရီ ၂၀၂၁ | ၃၁၄ ရက် | |
၃။ | ဒေါ်စိုးဉာဏ် | တ/၁၉၆၁ | ၁၉ ဇန်နဝါရီ ၂၀၂၁ - ၁၀ မတ် ၂၀၂၁ | ၅၀ ရက် | |
၄။ | ဦးနေစိုး | တ/၂၃၁၆ | ၂၂ မတ် ၂၀၂၁ - ၁၉ ဇွန် ၂၀၂၁ | ၈၉ ရက် | ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဖြစ်လာသည်။ |
၅။ | ဦးမြင့်ဟန် | တ/၂၃၈၆ | ၂၃ ဇွန် ၂၀၂၁ - ၁ နိုဝင်ဘာ ၂၀၂၁ | ၁၃၁ ရက် | |
၆။ | ဦးအောင်မြင့် | တ/၂၃၉၉ | ၃၀ နိုဝင်ဘာ ၂၀၂၁ - ၆ ဇူလိုင် ၂၀၂၃ | ၁ နှစ်၊ ၂၁၈ ရက် | |
၇။ | ဦးအောင်နိုင်စိုး | တ/၂၄၂၅ | ၂၁ ဇူလိုင် ၂၀၂၃ - ၁၄ ဒီဇင်ဘာ ၂၀၂၃ | ၁၄၆ ရက် | |
၈။ | ဦးမိုးကျော် | တ/၂၄၈၁ | ၁၀ ဇန်နဝါရီ ၂၀၂၄ - လက်ရှိ | ၁ နှစ်၊ ၂၄၅ ရက် |
ကိုးကား
[ပြင်ဆင်ရန်]- ↑ သမိုင်းကြောင်း။ ချင်းပြည်နယ်တရားလွှတ်တော်။ ၂၀၂၅-၆-၇ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၄/၂၀၂၅ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ် ၃၄/၂၀၂၅)။
- ↑ ချင်းပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။
- ↑ ချင်းပြည်နယ်တရားလွှတ်တော်၊ ၂၀၂၀ ပြည့်နှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာ