မာတိကာသို့ ခုန်သွားရန်

မွန်ပြည်နယ် တရားလွှတ်တော်

ဝီကီပီးဒီးယား မှ
မွန်ပြည်နယ်တရားလွှတ်တော်
The High Court of Mon State
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာမော်လမြိုင်မြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်mon.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိဒေါ်ဌေးမြင့်အေး
စတင်တာဝန်ထမ်းဆောင်၂၃ ဇူလိုင် ၂၀၂၅

မွန်ပြည်နယ်တရားလွှတ်တော် သည် မွန်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အောက်မြန်မာနိုင်ငံတွင် ၁၈၆၄ခုနှစ်၌ မှတ်တမ်းရုံးအဖြစ် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်၊ အထက်လမ်းမကြီးတွင် စတင် ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် မော်လမြိုင်မြို့ တရားသူကြီးရုံးဖြစ်လာခဲ့သည်။၁၉၂၂ခုနှစ်တွင် ရန်ကုန်တရားရုံးချုပ်လက်အောက်ခံ တနင်္သာရီတိုင်း၏ တိုင်းနှင့်စက်ရှင်တရားသူကြီးရုံးဖြစ်လာသည်။၁၉၄၈ခုနှစ်မှ ၁၉၇၂ခုနှစ်အထိ ကျိုက္ခမီ၊ သံလွင်ခရိုင် ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံးအဖြစ်လည်းကောင်း၊မော်လမြိုင်၊ ကော်သူလေးခရိုင် တရားမနှင့် စက်ရှင်တရားရုံးအဖြစ်လည်းကောင်း တည်ရှိခဲ့သည်။၁၉၇၂ ဇူလိုင်လမှ ၁၉၇၃နှစ်ကုန်အထိ တနင်္သာရီတိုင်းပြည်သူ့တရားရုံးအဖြစ် တည်ရှိခဲ့သည်။၁၉၇၄ အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် မွန်ပြည်နယ်အဖြစ် ပေါ်ပေါက်လာပြီး မွန်ပြည်နယ်တရားရုံးဖြစ်လာခဲ့သည်။

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် မွန်ပြည်နယ်တရားရုံးကို မွန်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ

[ပြင်ဆင်ရန်]

မွန်ပြည်နယ်တရားလွှတ်တော်သည် မော်လမြိုင်မြို့တွင် တည်ရှိသည်။

တရားသူကြီးများ

[ပြင်ဆင်ရန်]

တရားသူကြီးချုပ်များ

[ပြင်ဆင်ရန်]
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ
စဉ် အမည် စတင်ခြင်း ပြီးဆုံးခြင်း တာဝန်ချိန် ရင်းမြစ်
၁။ ဦးခင်မောင်ကြီး ၃၀-၃-၂၀၁၁ ၈-၂-၂၀၂၁  နှစ်၊ ၃၁၅ ရက်
၂။ ဦးညီညီစိုး ၃-၃-၂၀၂၁ ၂၃-၇-၂၀၂၅  နှစ်၊ ၁၄၂ ရက်
၃။ ဒေါ်ဌေးမြင့်အေး ၂၃-၇-၂၀၂၅ လက်ရှိ ၆၉ ရက် []

တရားသူကြီးများ

[ပြင်ဆင်ရန်]
မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ
စဉ် တရားလွှတ်တော်တရားသူကြီး တာဝန်သက်တမ်း တာဝန်ချိန်
၁။ ဦးညီညီစိုး ၃၀ မတ် ၂၀၂၁ - ၃ မတ် ၂၀၂၁  နှစ်၊ ၃၃၈ ရက်
၂။ ဒေါ်ဌေးမြင့်အေး ၈ ဒီဇင်ဘာ ၂၀၁၇ - ၂၃ ဇူလိုင် ၂၀၂၅  နှစ်၊ ၂၂၇ ရက်
၃။ ဒေါ်ညိုမီစံ ၃ မတ် ၂၀၂၁ - လက်ရှိ  နှစ်၊ ၂၁၁ ရက်
၄။ ဒေါက်တာ အောင်သီဟ ၁ ဩဂုတ် ၂၀၂၄ - လက်ရှိ  နှစ်၊ ၆၀ ရက်
၅။ ဒေါ်ခိုင်ခိုင်မျိုး ၂၃ ဇူလိုင် ၂၀၂၅ - လက်ရှိ ၆၉ ရက်


ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

မွန်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးဖြင့် ဖွဲ့စည်းထားသည်။[]

ခရိုင်တရားရုံးများ

[ပြင်ဆင်ရန်]
  • မော်လမြိုင်ခရိုင်တရားရုံး
  • သထုံခရိုင်တရားရုံး

မြို့နယ်တရားရုံးများ

[ပြင်ဆင်ရန်]
  • မော်လမြိုင်မြို့နယ်တရားရုံး
  • ချောင်းဆုံမြို့နယ်တရားရုံး
  • မုဒုံမြို့နယ်တရားရုံး
  • သံဖြူဇရပ်မြို့နယ်တရားရုံး
  • ကျိုက်မရောမြို့နယ်တရားရုံး
  • ရေးမြို့နယ်တရားရုံး
  • ပေါင်မြို့နယ်တရားရုံး
  • သထုံမြို့နယ်တရားရုံး
  • ဘီးလင်းမြို့နယ်တရားရုံး
  • ကျိုက်ထိုမြို့နယ်တရားရုံး

တရားသူကြီးများ

[ပြင်ဆင်ရန်]

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း(အမိန့်အမှတ် ၄၂/၂၀၂၅) SAC Office။ 2025-7-23 တွင် ပြန်စစ်ပြီး။
  2. မွန်ပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ