မာတိကာသို့ ခုန်သွားရန်

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့

ဝီကီပီးဒီးယား မှ
တပ်မတော် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့
တည်ထောင်၁ ဇန်နဝါရီ ၂၀၀၅
နိုင်ငံ မြန်မာ
ပင်မတပ်ဖွဲ့
အမျိုးအစား
 တပ်မတော် (ကြည်း)
အုပ်ချုပ်သူများ
လက်ရှိ
အုပ်ချုပ်သူ
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး

တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (အတိုကောက် - စရဖ, အင်္ဂလိပ်: Military Security Affairs Corps) ကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေးအဖွဲ့ (ကကလှမ်း) ကို ဖျက်သိမ်းပြီးနောက် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

ပထမဆုံး တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ဖြစ်သည်။ လက်ရှိ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ကြည်း-၂၁၄၄၀) (ဗသက - ၇၇) ဖြစ်သည်။ ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်မှာ ဗိုလ်မှူးချုပ် မင်းသူ (စတသ - ၃၇) ဖြစ်သည်။

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

၂၀၀၄ ခု အောက်တိုဘာ ၁၈ ရက်တွင် စစ်မဟာဗျူဟာလေ့လာရေးဌာနကြီး (The Office of Strategic Studies) နှင့် တပ်မတော်ထောက်လှမ်းရေး (Defence Service Military Intelligence) ကို ဗိုလ်ချုပ်ကြီးခင်ညွန့် အား ထုတ်ပယ်စဉ်မှစ၍ ပယ်ဖျက်ခဲ့သည်။ နည်းဗျူဟာ လေ့လာရေး ဌာနကြီးမှ တပ်ရင်း လေးရင်းကို ရန်ကုန် စစ်ထောက်လှမ်းရေးကို ထိန်းသိမ်းရန် ညွန်ကြားခဲ့သည်။ တချိန်တည်းမှာပင် အခြား စစ်ထောက်လှမ်းရေးများကိုလည်း ထိန်းသိမ်းခဲ့သည်။ စစ်ထောက်လှမ်းရေး တပ်သား သုံးပုံ နှစ်ပုံခန့် နှစ်ရှည် ထိန်းသိမ်းခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော တပ်မတော် ထောက်လှမ်းရေးအရာရှိချုပ်ရုံး နေရာကို ပြန်လည် အစားထိုးရန် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးကို ၂၀၀၄ ခုနှစ်နှစ်ကုန်ပိုင်းတွင်၎င်း၊ စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်များ၊ စစ်ဖက်ရေးရာ လုံခြုံရေးသင်တန်းကျောင်းများနှင့် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့များကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်၎င်း ပြန်လည်ဖွဲ့စည်းခဲ့သည်။

ယခင်က ထောက်လှမ်းရေးတပ်များကို တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်ရုံးမှ တိုက်ရိုက်ကွပ်ကဲသော်လည်း တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးကို ပြန်လည်ဖွဲ့စည်းပြီးနောက် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၏ အုပ်ချုပ်မှုနှင့်မလွတ်ကင်းစေရန် စစ်တိုင်းများတွင် စစ်ဦးစီးမှူး(ပထမတန်း)(စစ်ဖက်ရေးရာလုံခြုံရေး) တစ်နေရာ ထည့်သွင်းကာ ပြန်လည်ထိန်းညှိဖွဲ့စည်းခဲ့သည်။သို့သော် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး၏ တိုက်ရိုက်ကွပ်ကဲမှု တပ်စု၊ သီးသန့်တပ်ဖွဲ့၊တန်ပြန်တပ်ဖွဲ့များလည်းရှိသည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၏ ဖွဲ့စည်းပုံအရ ရုံးချုပ်ဌာနကြီး (၆) ခုရှိသည်။ ၎င်းတို့မှာ-

  1. စီမံရေးနှင့်အုပ်ချုပ်ရေးဌာနကြီး
  2. လေ့ကျင့်ရေးဌာနကြီး
  3. စစ်ဘက်ရေးရာ လုံခြုံရေးဌာနကြီး (ပြည်တွင်း)
  4. စစ်ဘက်ရေးရာ လုံခြုံရေးဌာနကြီး (ပြည်ပ)
  5. စစ်ဘက်ရေးရာ လုံခြုံရေးဌာနကြီး (တန်ပြန်)
  6. စစ်ဘက်ရေးရာ လုံခြုံရေးဌာနကြီး (နည်းပညာ) တို့ဖြစ်သည်။

တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးကွပ်ကဲမှုလက်အောက်ရှိ တပ်/ဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေးအတတ်သင်ကျောင်း (ရေကြည်အိုင်)
  2. အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေးအတတ်သင်ကျောင်း (တပ်ကုန်း)
  3. အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်) အကူ၁
  4. အမှတ် (၂) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်) အကူ၂
  5. စစ်တိုင်းအလိုက် သက်ဆိုင်ရာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့များ
  6. သက်ဆိုင်ရာ စစ်ကြောရေးစခန်းများ

(ရေကြည်အိုင်၊ရွှေပြည်သာ၊မန္တလေးနန်းတွင်း)စစ်တိုင်းအလိုက်စစ်ကြောရေးစခန်းများ း[]

အရာရှိချုပ်များ

[ပြင်ဆင်ရန်]

တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။ []

စဉ် ကိုယ်ပိုင်အမှတ် ရာထူး အမည် ကျောင်းဆင်း တာဝန်သက်တမ်း
၁။ ကြည်း-၁၂၆၂၉၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ စတသ-၁၅
၂။ ကြည်း-၁၂၆၀၇ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် စတသ-၁၅ ၂၀၀၅-၂၀၁၀
၃။ ကြည်း-၁၆၄၉၃ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စတသ-၂၂
၄။ ကြည်း-၁၈၁၃၃ ဗိုလ်ချုပ်ကြီး မြထွန်းဦး စတသ-၂၅
၅။ ကြည်း-၁၇၅၄၀ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဗသက-၆၄
၆။ ကြည်း-၂၁၄၄၀ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဗသက-၇၇

ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) သည် လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်၊ အသံဖမ်းခြင်းနှင့် ဓာတ်ပုံမှတ်တမ်းတင်ခြင်းတို့သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုတို့ကို ကာကွယ်ပေးရေး ဥပဒေနှင့်အညီသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖြေကြားခဲ့သည်။ တနင်္သာရီတိုင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည်ဖြေကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မသက်ဆိုင်ဘဲ အရေးကြီးပုဂ္ဂိုလ်များနှင့် အဆောက်အအုံများကို အကာအကွယ်ပေးရန်အတွက် သတင်းရယူခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စရဖ တပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များသည် ဥပဒေနှင့်ညီညွတ်ကြောင်းနှင့် ၎င်းတို့၏ သတင်းရယူခွင့်ကို ကန့်သတ်ပါက အခြားသတင်းရယူသူများကိုပါ ကန့်သတ်ရာရောက်နိုင်ကြောင်း ထည့်သွင်းစဉ်းစားရန် ဝေဖန်ပြောကြားခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]