စိုးမင်းဦး (ဒု ဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) စည်သူ၊ ဦး စိုးမင်းဦး | |
---|---|
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
ခန့်အပ်သူ | အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
သမ္မတ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ သမ္မတ (တာဝန်)) |
ဝန်ကြီးချုပ် | ဦးညိုစော |
ယခင်လူ | ဦးအောင်သော် |
စစ်ရေးချုပ် | |
တာဝန်သက်တမ်း အောက်တိုဘာ ၂၀၂၂ – ၃၁ ဇူလိုင် ၂၀၂၅ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၆၉ |
မိခင်ကျောင်း | စစ်တက္ကသိုလ် ၊အပါတ်စဉ်(၃၁) |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | ![]() |
အမှုထမ်းကာလ | ၁၉၉၀ - ၂၀၂၅ |
ရာထူး | ![]() |
ဦးစိုးမင်းဦး (၁၉၆၉ မွေးဖွား)သည် မြန်မာနိုင်ငံ ၏ ၁၄ ဦးမြောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၏ ဥက္ကဋ္ဌ ဖြစ်သည်။[၁] ယင်းမတိုင်မီက သူသည် တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ စစ်ရေးချုပ် ဖြစ်ခဲ့သည်။[၂][၃]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၁) ဆင်း ဖြစ်သည်။၁၉၉၀ ပြည့်နှစ်ကစပြီး ဒုဗိုလ်ဘဝဖြင့် တပ်မတော် တွင် စစ်မှုစထမ်းသည်။ရာထူးအဆင့်ဆင့် တိုးခဲ့သည်။
ယင်းနောက် သူသည် ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ရာထူးဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် တပ်မတော်၏ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ၏ ညွန်ကြားရေးမှူး အဖြစ် တာဝန်ပေးအပ်ခံရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးကာ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဖြစ်လာခဲ့သည်။[၄]
၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း[၅] တာဝန်မှအနားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦး အဖြစ် ကူးပြောင်းသွားခဲ့စဉ် ၎င်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ လက်အောက်ရှိ စစ်ရေးချုပ်ရုံးအကြီးအကဲ နှင့် တပ်မတော် စစ်ရေးချုပ် ဖြစ်လာသည်။[၆] [၇]
သူသည် တပ်မတော် ရာထူး၊ အပြောင်းအရွေ့များကို အဓိကကိုင်တွယ်ရသော အရေးပါသည့် စစ်ရေးချုပ် တစ်ဦးအနေဖြင့် ကြည်းတပ်ကိုသာမက ရေတပ်နှင့် လေတပ်တို့၏ စစ်ရေးပိုင်းဆိုင်ရာများအား ဆောင်ရွက်ခဲ့ရသည်။
တပ်မတော်မှ အငြိမ်းစားယူခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အာဏာ(၃)ရပ်အား အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်။
အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သည် ထိုနေ့မှာပင် ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် ပြည်ထောင်စု ရုံး၊အဖွဲ့အစည်းများအား ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး သည် တပ်မတော်မှ အငြိမ်းစားယူကာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[၈] [၉]
ရရှိသောဘွဲ့
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ၎င်းအား စည်သူဘွဲ့ ချီးမြှင့်သည်။[၁၀]
မိသားစုဘဝ
[ပြင်ဆင်ရန်]သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။ဇနီးဖြစ်သူ၏ ဖခင်မှာ ယခင် နဝတ၊နအဖ စစ်အစိုးရလက်ထက်က ထင်ရှားခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ပြည့်စုံ ဖြစ်သည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၉)သင်တန်းဆင်း။ MOI Myanmar (၈ ဩဂုတ် ၂၀၂၅)။ ၁၀ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ (၂၁) ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ထွက်ခွာ။ CINCDS Myanmar (၄ စက်တင်ဘာ ၂၀၂၄)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်။ The Irrawaddy (၅ အောက်တိုဘာ ၂၀၂၂)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်ထိပ်ပိုင်း အပြောင်းအရွှေ့တွေ ဘယ်လိုဖြစ်လာဖို့ရှိလဲ။ BBC Burmese (၂၀ ဖေဖော်ဝါရီ ၂၀၂၂)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ရေးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ (၃) ဖြစ်လာပြီး ပျော်ဘွယ်အ မတ်ဟောင်း ဦးသောင်းအေးအထွေထွေအတွင်းရေးမှူးဖြစ်လာ။ Popular Journal (၃၁ အောက်တိုဘာ ၂၀၂၂)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၇)တို့မှ သင်တန်းဆင်းသင်တန်းသား၊သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်းအခမ်းအနားကျင်းပ။ MWD Webportal (၂၉ ဒီဇင်ဘာ ၂၀၂၂)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်တန်းအရာရှိကြီး ၅၀ ကျော် ဖယ်ရှားခံရ။ BBC (၈ ဩဂုတ် ၂၀၂၄)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး။ MWD Webportal (၃၁ ဇူလိုင် ၂၀၂၅)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်ဖြုတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ။ DVB (၁ ဩဂုတ် ၂၀၂၅)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စည်သူဘွဲ့ ချီးမြှင့်ခြင်း။ SAC Office (၁၇ ဧပြီ ၂၀၂၅)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့။ The Irrawaddy (၂၉ ဇူလိုင် ၂၀၂၄)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။