ဆုတံဆိပ်နှင့် အဆောင်အယောင်တံဆိပ်များ တပ်ဆင်ထားသော ရေတပ်၊ လေတပ်နှင့် ကြည်းတပ် (ဝဲမှယာ) တို့မှ တပ်မတော်အရာရှိကြီး သုံးဦး
အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုချီးမြှင့်မှုများဖြစ်သည့် ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ၊ ဆုတံဆိပ်များ၊ တာဝန်ချိန်တပ်ဆင်ရသည့် ဖဲကြိုးတိုများ၊ ဆားဗစ်တန်းများနှင့် အထူးစစ်မှုထမ်းတံဆိပ်များသည် စစ်မှုထမ်း တပ်မတော်သားများ၏[မှတ်စု ၁] စစ်ရေးတာဝန်ကျေပွန်မှု၊ တစ်ဦးတစ်ယောက်ချင်းစီ၏ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေး နှင့် ရည်မှန်းချက်တာဝန် ပြီးမြောက်အောင် ထမ်းဆောင်မှုတို့အပေါ် အသိအမှတ်ပြုသောအားဖြင့် ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းစစ်ဘက်ဆိုင်ရာဆုတံဆိပ်များသည် သက်ဆိုင်ရာလူပုဂ္ဂိုလ်၏ ဖြတ်သန်းခဲ့သော စစ်မှုထမ်းဘဝကိုလည်း ထင်ဟပ်စွာ ပြသပေးသည်။
နိုင်ငံတော်မှ ချီးမြှင့်ရန် ပြဋ္ဌာန်းထားသော တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များကို အမျိုးအစား (၃)မျိုးခွဲခြားနိုင်သည်[၁] –
- စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့များ
- စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်များ
- စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ
အထက်ပါ နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များအပြင် ကကန ကောင်စီ အထူးအမိန့်ဖြင့်ထုတ်ပြန်ချီးမြှင့်သော တပ်မတော်ဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များလည်းရှိ၏။ ၎င်းတို့ကိုလည်း ယေဘူယျအားဖြင့် (၇)မျိုး ခွဲခြားနိုင်သည်[၁] –
- ဦးစီးကွပ်ကဲမှုတံဆိပ်များ
- အဆင့်လိုက် ဂုဏ်ထူးဆောင်တံဆိပ်များ
- နိုင်ငံခြားဧည့်သည်များကို လက်ဆောင်အဖြစ်ပေးအပ်သော တံဆိပ်များ
- ဂုဏ်ထူးဆောင်အမှုထမ်းတံဆိပ်များ
- စစ်ပွဲ / တိုက်ပွဲတံဆိပ်များ
- သင်တန်းဆိုင်ရာ တံဆိပ်များ
- စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ်များ
ဆက်လက်ချီးမြှင့်ခြင်း မရှိတော့သည့် တံဆိပ်များ
[ပြင်ဆင်ရန်]
- ↑ အမျိုးသမီးစစ်မှုထမ်းများအပါ တပ်မတော်တွင်တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းအားလုံးကို ဆိုလိုသည်။
|
---|
သင်္ဂဟ | | |
---|
ဘွဲ့ | | |
---|
စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ | |
---|
|
---|
တံဆိပ် | | စွမ်းရည်သတ္တိ | |
---|
စွမ်းဆောင်မှု | |
---|
စစ်မှုထမ်းသက် | |
---|
စစ်ပွဲ/တိုက်ပွဲ | |
---|
သင်တန်းဆိုင်ရာ | |
---|
နှစ်ပတ်လည် | |
---|
|
---|
| စွမ်းရည်သတ္တိ | |
---|
စွမ်းဆောင်မှု | |
---|
|
---|
ပြည်သူ့ဝန်ထမ်း | |
---|
|
---|
|