မာတိကာသို့ ခုန်သွားရန်

တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)

ဝီကီပီးဒီးယား မှ
တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)
တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)
ဆုတံဆိပ်ပုံ
အမျိုးအစားစစ်ပွဲ/ တိုက်ပွဲ/ စစ်ဆင်ရေး ဂုဏ်ပြုတံဆိပ်
ဆုချီးမြှင့်ရခြင်းစာတွင်ရှု
နိုင်ငံ မြန်မာ
ဆုတံဆိပ်ပေးအပ်သူကာကွယ်ရေးဌာနကောင်စီ
အကျုံးဝင်သူများတပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ
ကျောဘက်
စစ်ဆင်ရေး(များ)
  • တိုင်းအောင်
  • ရွှေလင်းယုန်
အခြေအနေချီးမြှင့်ဆဲ
စတင်တည်ထောင်၁၅ အောက်တိုဘာ ၂၀၁၅ (၉ နှစ် အကြာက) (၂၀၁၅-၁၀-15)
ဆားဗစ်တန်းဖဲကြိုးတို
တပ်ဆင်ရန် အဆင့်အတန်းသတ်မှတ်ချက်
နောက်ထပ် (ပိုမြင့်သော)စစ်ပွဲတံဆိပ် (၁၉၈၈ / ၉ဝ)
နောက်ထပ် (ပိုနိမ့်သော)တိုက်ပွဲတံဆိပ် (လောက်ကိုင်)

တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်) သည် မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုချီးမြှင့်သော ဆုတံဆိပ်တစ်မျိုးဖြစ်သည်။ ၎င်းနှင့်အတူ တိုက်ပွဲတံဆိပ် (လောက်ကိုင်)တို့အား မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပေးဆပ်၍ တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ရန်အတွက် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် "ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့်အမှတ်၊ ၁၇/အထူး/၂ဝ၁၅" ဖြင့် ပြဋ္ဌာန်းခဲ့သည်။[][]

ချီးမြှင့်ရန် သတ်မှတ်ချက်များ

[ပြင်ဆင်ရန်]

တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်) ချီးမြှင့်ရန်အတွက် အောက်ပါအတိုင်း သတ်မှတ်ထားသည်[][] -

  • ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တိုင်းအောင် စစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ။
  • ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ လဂျားယန်ဒေသ ရွှေလင်းယုန် စစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ၊
  • ၂ဝ၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ။

နောက်ထပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 "တပ်မတော်မှ တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်) နှင့် တိုက်ပွဲတံဆိပ်(လောက်ကိုင်) တို့ကို ပြဋ္ဌာန်း" (in မြန်မာဘာသာ) (22 October 2015). မြဝတီနေ့စဉ်သတင်းစာ (၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်၊ ကြာသပတေးနေ့။ အတွဲ(၅)၊ အမှတ်(၁၈၆)). မြဝတီသတင်းစာတိုက်. Retrieved on 3 February 2023. 3 February 2023 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. 1 2 "ကချင်နှင့်ကိုးကန့်တိုက်ပွဲပါဝင်သူများ ရွှေလင်းယုန်နှင့် လောက်ကိုင် တိုက်ပွဲတံဆိပ် ချီးမြှင့်မည်" (in မြန်မာဘာသာ)၊ ဧရာဝတီသတင်းဌာန၊ 22 October 2015 3 February 2023 တွင် ပြန်စစ်ပြီး