မာတိကာသို့ ခုန်သွားရန်

နည်းပညာတက္ကသိုလ်(စစ်တွေ)

ဝီကီပီးဒီးယား မှ
နည်းပညာတက္ကသိုလ်(စစ်တွေ)
Technological University (Sittwe)
TU(Sittwe)
နည်းပညာဖြင့် နိုင်ငံအကျိုး သယ်ပိုးအံ့
Develop Our Nation Through Technology


တည်ထောင်ခုနှစ် ၁၉၉၉
ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်လှိုင်ဦး
တည်နေရာ ရေချမ်းပြင်၊ စစ်တွေမြို့
ရခိုင်ပြည်နယ်မြန်မာနိုင်ငံ
အမျိုးအစား အများဆိုင်
ပိုင်ဆိုင်မှု အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
အထိမ်းအမှတ်အရောင် အဖြူ၊ နက်ပြာ
ဝဘ်ဆိုတ် tusittwe.edu.mm
ပင်မ​ဆောင်

နည်းပညာတက္ကသိုလ်(စစ်တွေ)သည် ရခိုင်ပြည်နယ်စစ်တွေမြို့၊ ရေချမ်းပြင်တွင် တည်ရှိသည်။ ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ်များ အိုးအိမ်မကွာ အလွယ်တကူတက်ရောက်နိုင်ရန် စစ်တွေနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်တိုးမြင့်ခဲ့သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အစိုးရနည်းပညာကောလိပ် (စစ်တွေ)အား ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၌ အကျယ်အဝန်းဧက ၆ ဧကရှိသော မြေကွက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအနီး အကျယ်အဝန်း ၄၀ ဧကရှိသော မြေကွက်တွင် အသစ် ဆောက်လုပ်ထား သော သုံးထပ်ဆောင်သစ်တွင် ပြောင်းရွှေ့ သင်ကြားဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။[][]

သင်ကြားမှုစနစ်

[ပြင်ဆင်ရန်]

နည်းပညာတက္ကသိုလ်(စစ်တွေ)တွင် ဌာနခွဲများရှိပြီး ၎င်းဌာနများ၏ အမည်များမှာ -

  1. မြို့ပြအင်ဂျင်နီယာဌာန
  2. လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန
  3. အီလက်ထရောနစ် အင်ဂျင်နီယာဌာန
  4. စက်မှုလျှပ်စစ် အင်ဂျင်နီယာဌာန
  5. မြန်မာစာဌာန
  6. အင်ဂျင်နီယာအင်္ဂလိပ်စာဌာန
  7. အင်ဂျင်နီယာသချၤာဌာန
  8. အင်ဂျင်နီယာရူပဗေဒဌာန
  9. အင်ဂျင်နီယာဓာတုဗေဒဌာနး ဖြစ်ကြသည်။[]

အင်ဂျင်နီယာ ဘာသာရပ်များ

[ပြင်ဆင်ရန်]

အင်ဂျင်နီယာဘွဲ့ (ဘွဲ့ကြို) အတွက်ဘာသာရပ်များမှာ

ဘာသာရပ် ဘွဲ့ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဘာသာရပ် B.E. (Civil) ၆နှစ်
အီလက်ထ​ရောနစ်အင်ဂျင်နီယာဘာသာရပ် B.E. (EC) ၆နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် B.E. (EP) ၆နှစ်
စက်မှုအင်ဂျင်နီယာဘာသာရပ် B.E (Mech) ၆နှစ်

ဆက်စပ်လေ့လာရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Background History 24 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. History 19 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2022 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ 20 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2014 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]
  • တရားဝင် ဝက်ဘ်ဆိုက်တ်