နည်းပညာတက္ကသိုလ်(ပုသိမ်)
ပုံပန်းသွင်ပြင်
	
	
| ဆောင်ပုဒ် | Promote Technology towards Innovation | 
|---|---|
| အမျိုးအစား | အများဆိုင် | 
| တည်ထောင် | ၂၇ ဒီဇင်ဘာ ၁၉၉၉ | 
| ကျောင်းအုပ်ကြီး | ဒေါက်တာကျော်သူရ | 
| တည်နေရာ | ကန်ကြီးထောင့်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ | 
| ဝဘ်ဆိုဒ် | patheintu.edu.mm | 
နည်းပညာတက္ကသိုလ်-ပုသိမ် (အင်္ဂလိပ်: Technological University (Pathein)) သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်တွင် တည်ရှိပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိကျောင်းအုပ်ကြီးမှာ ဒေါက်တာကျော်သူရဖြစ်သည်။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အစိုးရ နည်းပညာ ကောလိပ်(ပုသိမ်)အား ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာတွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး နည်းပညာ တက္ကသိုလ်(ပုသိမ်)အဖြစ်သို့ ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကျောင်းအုပ်ကြီး သည်ဒေါက်တာကျော်သူရ[၁]ဖြစ်သည်။
သင်ကြားရေးဌာနများ
[ပြင်ဆင်ရန်]- မြို့ပြအင်ဂျင်နီယာဌာန
 - အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာန
 - လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
 - စက်မှုအင်ဂျင်နီယာဌာန
 - သတင်းအချက်အလက်နည်းပညာဌာန
 
ဘွဲ့ဒီဂရီသင်တန်းများ
[ပြင်ဆင်ရန်]| ဘွဲ့သင်တန်း | ဘွဲ့ဒီဂရီ | သင်တန်းကာလ | 
|---|---|---|
| မြို့ပြအင်ဂျင်နီယာဘွဲ့ | B.E. (Civil) | ၆ နှစ် | 
| အီလက်ထရွန်းနစ်အင်ဂျင်နီယာဘွဲ့ | B.E. (EC) | ၆ နှစ် | 
| လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ | B.E. (EP) | ၆ နှစ် | 
| စက်မှုအင်ဂျင်နီယာဘွဲ့ | B.E. (ME) | ၆ နှစ် | 
| သတင်းအချက်အလက်နည်းပညာဘွဲ့ | B.E. (IT) | ၆ နှစ် | 
ကိုးကား
[ပြင်ဆင်ရန်]- ↑ Background History။ 30 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
 
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Technological University(Pathein) Official Web Site 18 September 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
 - Myanmar Engineering Society
 
| ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |