မာတိကာသို့ ခုန်သွားရန်

မြထွန်းဦး

ဝီကီပီးဒီးယား မှ
(မြထွန်းဦး (ဒုတိယဗိုလ်ချုပ်ကြီး) မှ ပြန်ညွှန်းထားသည်)
ဗိုလ်ချုပ်ကြီး (ငြိမ်း)
စည်သူ၊ ဦး

မြထွန်းဦး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်အောင်ကျော်ထွန်း
အောင်မြိုင်
ဝန်ကြီးချုပ်ညိုစော
ယခင်လူတင်အောင်စန်း
တာဝန်သက်တမ်း
၃ ဩဂုတ် ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
လက်ထောက်ဗိုလ်မှူးချုပ်လူမွန်
ဦးအောင်ကျော်ထွန်း
ဦးအောင်မြိုင်
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူတင်အောင်စန်း
ဆက်ခံသူကိုယ်တိုင်
ဒုတိယဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
မင်းအောင်လှိုင် (ယာယီတာဝန်)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်သက်တမ်း
၂ ​ဖေ​ဖော်ဝါရီ ၂၀၂၁  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူကောင်စီစတင်
ဆက်ခံသူကောင်စီဖျက်သိမ်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ စက်တင်ဘာ ၂၀၂၃
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၈ စက်တင်ဘာ ၂၀၂၃  ၂၇ မေ ၂၀၂၄
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ညိုစော
ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁  ၃ ဩဂုတ် ၂၀၂၃
ခန့်အပ်သူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
လက်ထောက်အောင်လင်းထွန်း
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
ဆက်ခံသူတင်အောင်စန်း
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
တာဝန်သက်တမ်း
၂၆ ဩဂုတ် ၂၀၁၆  ၁ ဖေဖော်ဝါရီ ၂၀၂၁
ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူခင်အောင်မြင့်
ဆက်ခံသူမောင်မောင်အေး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၆၁-0၅-0၅) မေ ၅၊ ၁၉၆၁ (အသက် ၆၄)
မြန်မာနိုင်ငံ
လူမျိုးဗမာ
ကြင်ဖော်ဒေါ်သက်သက်အောင်
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်စစ်မှုထမ်း၊ ဝန်ကြီး
ဆုတံဆိပ်များစည်သူဘွဲ့ (၂၀၂၁)
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀ - ၃၁ ဇူလိုင် ၂၀၂၅
ရာထူး ဗိုလ်ချုပ်ကြီး
တပ်ကာကွယ်ရေး ဝန်ကြီးဌာန
ကိုယ်ပိုင်အမှတ်ကြည်း ၁၈၁၃၃

ဗိုလ်ချုပ်ကြီး (ငြိမ်း) စည်သူ မြထွန်းဦး (၅ မေ ၁၉၆၁ မွေးဖွား)သည် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး ဖြစ်သည်။ ၂၀၂၁ အိမ်စောင့်အစိုးရတွင် ဒုတိယဝန်ကြီးချုပ်[]နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး [] ယင်းအပြင် ကာကွယ်​ရေးဝန်ကြီး အဖြစ်လည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။တပ်မတော် ဗိုလ်ချုပ်ကြီး ရာထူးမှ ၂၀၂၅ ခုနှစ်၊ဇူလိုင် ၃၁ ရက်တွင် အငြိမ်းစားယူခဲ့သည်။ []

အစောပိုင်းဘဝနှင့် ပညာရေး

၁၉၆၁ ခုနှစ် မေလ ၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။[] ၁၉၈၀ ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။[]

တာဝန်ထမ်းဆောင်ခြင်း

တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးနှင့် အမျိုးသားထောက်လှမ်းရေးအဖွဲ့များ ဖျက်သိမ်းပြီးနောက်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးကွန်ယက် ပြန်လည်ထူထောင်ချိန်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတွင် စစ်ဦးစီးမှူး(ပထမတန်း)တာဝန်ကို ထမ်းဆောင်ခဲ့ဘူးသည်။ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် နှင့် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ကြည်း​ရေ​လေ ညှိနှိုင်းကွပ်ကဲ​ရေးမှူး(ကြည်း/ ရေ / လေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။[][] ထို့နောက် အနောက်နိုင်ငံအစိုးရများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် အစ္စရေးထောက်လှမ်းရေးဟောင်း လော်ဘီကုမ္ပဏီကို ငှားရမ်းရာ၌ ဦးဆောင်ခဲ့သူဟု ဆိုကြသည်။[]

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။

၂၀၂၃ စက်တင်ဘာ ၁၈ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်များအား လွဲပြောင်းကာ တာဝန်ထမ်းဆောင်သည်။[]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး အဖြစ် ဆက်လက် ခန့်ထားခံရသည်။ထိုသို့ ခန့်ထားသည့်နေ့မှာပင် ဗိုလ်ချုပ်ကြီး ရာထူးမှနေ၍ အငြိမ်းစားယူခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

သူ၏ ဇနီးဖြစ်သူ အမည်မှာ ဒေါ်သက်သက်အောင် ဖြစ်သည်။[][]

ဂုဏ်ပြုခံရခြင်း

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ညှိနှိုင်းကွပ်ကဲ​ရေးမှူး(ကြည်း/ ရေ / လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော “စည်သူဘွဲ့” ကို ချီးမြှင့်ခဲ့သည်။ [၁၀]

ကိုးကား

  1. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း"။
  2. ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၄ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. 1 2 Tatmadaw names new govt officials (2021-02-01)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
  4. 1 2 Lt-Gen Mya Tun Oo Appointed Burmese Military’s Chief of General Staff (in en-US) (2016-08-29)။ 2021-02-01 တွင် ပြန်စစ်ပြီး။
  5. Tipped as Next Myanmar Army Chief, Mya Tun Oo Gets Promotion (in en-US) (2014-07-23)။ 2021-02-01 တွင် ပြန်စစ်ပြီး။
  6. "စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ"၊ Myanmar Now၊ 6 May 2021။
  7. ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ကော်မတီတွေကနေ ဖယ်ရှား RFA Burmese (၂၀ စက်တင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. Myanmar military SAC members, their businesses and associates that require targeted sanctions 2021-02-11 တွင် ပြန်စစ်ပြီး။
  9. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှပြန်လည်ရောက်ရှိ (in my)။ 2021-02-01 တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်). "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)" (in မြန်မာဘာသာ) (PDF). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းစာစောင် အတွဲ(၇၄) (အမှတ်(၅၁)): ၂၅၉. ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်. Retrieved on ၂၀၂၁-၀၉-၂၉.