မာတိကာသို့ ခုန်သွားရန်

၁၉၇၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၁၉၇၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
9th Southeast Asian Games
ကျင်းပရာမြို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့
ပါဝင်သော နိုင်ငံများ
ဖွင့်ပွဲအခမ်းအနား၁၉ နိုဝင်ဘာ
ပိတ်ပွဲအခမ်းအနား၂၆ နိုဝင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူYahya Petra of Kelantan(ဘုရင်)
အခမ်းအနားကျင်းပရာ အားကစားကွင်းမာဒီကာကွင်း
<  ၁၉၇၅ ၁၉၇၉  >

၁၉၇၇ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ၁၉၇၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပသော အားကစားပွဲတော်ဖြစ်သည်။ ထိုနှစ် ဖေဖော်ဝါရီလက ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှာ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားအဖွဲ့ချုပ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အမည်ဖြင့် ပြောင်းလဲခဲ့ပြီး ပြိုင်ပွဲကိုလည်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမည်ဖြင့် ပထမဆုံး ပြောင်းလဲကျင်းပခဲ့သည်။ မူလက တံဆိပ်ဖြစ်သော ကွင်း ၆ ကွင်းမှာ အားကစားပွဲတော်၏ မူလ ၆ နိုင်ငံ (ထိုင်း၊ မြန်မာ၊ မလာယာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) တို့ကို ကိုယ်စားပြု၍ ထိုကွင်း ၆ ကွင်းကို ၁၉၉၉ ခုနှစ်အထိ အသုံးပြုခဲ့သည်။ မလေးရှားနိုင်ငံဘုရင်မှ အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့မှာ ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့ကြသည်။

ပွဲများနှင့်အားကစား

[ပြင်ဆင်ရန်]

ပါဝင်သော နိုင်ငံများ

[ပြင်ဆင်ရန်]

1ဘရူနိုင်းနိုင်ငံမှာ ထိုအချိန်ကဗြိတိသျှလက်အောက်ခံနိုင်ငံဖြစ်သည်။

ပါဝင်သော အားကစားနည်းများ

[ပြင်ဆင်ရန်]
  • ရေကစားနည်းများ
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်
  • ဘတ်စကက်ဘော
  • လက်ဝှေ့
  • ဘိုလင်း
  • စက်ဘီးစီး
  • ဘောလုံး
  • ဟော်ကီ
  • ဂျူဒို
  • ရက်ဘီ
  • ပိုက်ကျော်ခြင်း
  • သေနတ်ပစ်
  • စားပွဲတင် တင်းနစ်
  • တင်းနစ်
  • ဘော်လီဘော
  • အလေးမ

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]
Key

  *   အိမ်ရှင်နိုင်ငံ

၁၉၇၇ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
 အင်ဒိုနီးရှား၆၂၄၁၃၄၁၃၇
 ထိုင်း၃၇၃၅၃၃၁၀၅
 ဖိလစ်ပိုင်၃၁၃၀၃၀၉၁
 မြန်မာ၂၅၄၂၄၃၁၁၀
 မလေးရှား*၂၁၁၇၂၁၅၉
 စင်ကာပူ၁၄၂၁၂၈၆၃
 ဘရူနိုင်း
စုစုပေါင်း (7 NOCs)၁၉၀၁၈၆၁၉၂၅၆၈

ကိုးကား

[ပြင်ဆင်ရန်]