၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
![]() | |||
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၉ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၃၂၆၂ | ||
ဖွင့်ပွဲအခမ်းအနား | ၁၂ ဇွန် | ||
ပိတ်ပွဲအခမ်းအနား | ၂၀ ဇွန် | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဝီကင်မ်ဝီ သမ္မတ | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | စင်ကာပူ အမျိုးသားအားကစားကွင်းဟောင်း | ||
|
၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (XVII Southeast Asian Games, SEA Games 93) သည် စင်ကာပူနိုင်ငံတွင် ၁၉၉၃ခုနှစ် ဇွန်လ၁၂ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၁၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။
စင်ကာပူနိုင်ငံသည် ၁၉၇၃စင်ကာပူပွဲတော် နှင့် ၁၉၈၃စင်ကာပူပွဲတော် တို့ကို နှစ်ကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု အားကစားပွဲတော်သည် စင်ကာပူနိုင်ငံအနေဖြင့် တတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။
သမ္မတ ဝီကင်မ်ဝီက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အားကစားပြိုင်ပွဲတွင် ပါဝင်လာခဲ့ခြင်းမရှိ၍ အဖွဲ့ဝင် ၉နိုင်ငံသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အားကစားနည်းပေါင်း ၂၉မျိုးဖြင့် ကျင်းပခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။ဤအားကစားပွဲတော်သည် အရှေ့တောင်နိုင်ငံများ၏ အားကစားအဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်မားလာစေသော အားကစားပြိုင်ပွဲလည်း ဖြစ်သည်။[၁]
ပြိုင်ပွဲအထိမ်းအမှတ်များ
[ပြင်ဆင်ရန်]အထိမ်းအမှတ်တံဆိပ်
[ပြင်ဆင်ရန်]၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ စင်ကာပူနိုင်ငံ၏ ကိုယ်စားပြုဖြစ်သော ခြင်္သေ့တစ်ကောင်၏ ပုံရိပ်ဖြစ်သည်။ ခြင်္သေ့၏ အရောင်များဖြစ်သော အပြာရောင်၊ အဝါရောင်၊ အနီရောင်၊ အနက်ရောင်နှင့် အစိမ်းရောင်တို့မှာ အိုလံပစ် အရောင်များဖြစ်သည်။ အိုလံပစ်နှင့် အားကစားသမားများ၏ အားကစားစိတ်ဓာတ်တို့ကို ကိုယ်စားပြုသည်။ ကွင်း ၆ကွင်းမှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။
လာဘ်ကောင်
[ပြင်ဆင်ရန်]၁၉၉၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ စင်ကာ (Singa)ဟုခေါ်သော ခြင်္သေ့ဖြစ်သည်။ သူ၏ အသဘ်းပုံရှိသော လည်ဆံမွှေးနှင့် အမြှီးတို့မှာ အချစ်များနှင့်ပြည့်နေသောမြို့တော်မှ အားကစားသမားများကို ကြိုနေကြောင်း ကိုယ်စားပြုသည်။[၂][၃]
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ပါဝင်သည့် နိုင်ငံများ
[ပြင်ဆင်ရန်]အားကစားနည်းများ
[ပြင်ဆင်ရန်]ရေပိုင်းဆိုင်ရာ အားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘက်စကတ်ဘော
ဘီလိယက်နှင့် စနူကာ
ကိုယ်ကာယအလှပြ
ဘိုလင်း
လက်ဝှေ့
စက်ဘီးစီး
ဓားသိုင်း
ဘောလုံး
ဂေါက်သီးရိုက်
ကျွမ်းဘား
ဟော်ကီ
ဂျူဒို
ကရာတေး
ပန်ကြတ်ဆီလပ်
ရွက်လှေ
ပိုက်ကျော်ခြင်း
သေနတ်ပစ်
Squash
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
- ရိုးရာလှေ
ဘော်လီဘော
အလေးမ
ဝူရှူး
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]၁၉၉၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၁၉ခု၊ ငွေတံဆိပ် ၃၁၈ခု၊ ကြေးတံဆိပ် ၄၁၁ခု၊ စုစုပေါင်း တံဆိပ် ၁၀၄၈ခုကို ချီးမြှင့်နိုင်ခဲ့သည်။ အိမ်ရှင် စင်ကာပူနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှုကို ရရှိခဲ့သည်။
- Key
* အိမ်ရှင်နိုင်ငံ
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ![]() | ၈၈ | ၈၁ | ၈၄ | ၂၅၃ |
၂ | ![]() | ၆၃ | ၇၀ | ၆၃ | ၁၉၆ |
၃ | ![]() | ၅၇ | ၅၉ | ၇၂ | ၁၈၈ |
၄ | ![]() | ၅၀ | ၄၀ | ၇၄ | ၁၆၄ |
၅ | ![]() | ၄၃ | ၄၅ | ၆၅ | ၁၅၃ |
၆ | ![]() | ၉ | ၆ | ၁၉ | ၃၄ |
၇ | ![]() | ၈ | ၁၃ | ၁၆ | ၃၇ |
၈ | ![]() | ၁ | ၃ | ၁၈ | ၂၂ |
၉ | ![]() | ၀ | ၁ | ၆ | ၇ |
Total | ၃၁၉ | ၃၁၈ | ၄၁၁ | ၁၀၄၈ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Singapore hosts the 17th SEA Games။
- ↑ Roar! Sporting Lions in Singapore။
- ↑ Looking Back At SEA Games Singapore။ 12 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
ယခင်က ၁၉၉၁ မနီလာ |
၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၁၉၉၃ စင်ကာပူ |
ဆက်ခံသူ ၁၉၉၅ ချင်းမိုင် |