မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် logo
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ၏အမှတ်တံဆိပ်
နိုင်ငံ/ဒေသ မြန်မာ
ကုဒ်MYA
စတင်တည်ထောင်ခြင်း၁၉၈၉
ဥက္ကဋ္ဌဗိုလ်ချုပ် လှမိုး
အထွေထွေ အတွင်းရေးမှူးချုပ်ဦးထွန်းနိုင်ဦး
ဝဘ်ဆိုဒ်paralympic.org/myanmar

မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် (အင်္ဂလိပ်: Myanmar Paralympic Sports Federation) သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ လက်အောက်ရှိ မသန်စွမ်းသူများဆိုင်ရာ အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အခြားနိုင်ငံများကဲ့သို့ အမျိုးသား ပါရာလမ်းပစ်ကော်မတီ မထားရှိပဲ အားကစားအဖွဲ့ချုပ်သာထားရှိပြီး အိုလံပစ်ကော်မတီ၏ လက်အောက်တွင် ထားရှိသည်။[]မြန်မာနိုင်ငံ ပါရာလမ်းပစ်ကော်မတီကိုမူ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်သည်။[]

မသန်သော်လည်း စွမ်းသည် ဟူသော စကားရပ်နှင့်အညီ မသန်စွမ်းသူများ အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စွမ်းဆောင်နေသော အားကစားအဖွဲ့ချုပ်တစ်ခုဖြစ်သည်။ အားကစားအဖွဲ့ချုပ်သည် ယခင်က ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်းတွင် တည်ရှိသည်။ ​နောက်ပိုင်းတွင် ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ် သို့​ပြောင်း​ရွှေ့ခဲ့သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အားကစားနည်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ကိုယ်လက်ကြံ့ခိုင်စေရန်အတွက် မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ကို ၁၉၈၉ခုနှစ်တွင် အားကစားဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပွဲကို ၁၉၉၀ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည်။[] ၂၀၀၁ခုနှစ်တွင် အာဆီယံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် တည်​ထောင်ရာတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ကာ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများကို အကြိမ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[] ၂၀၁၄ခုနှစ်တွင် မသန်စွမ်းသူများအတွက် စခန်းသွင်းအားကစားလေ့ကျင့်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် အားကစားစခန်းဖွင့်လှစ်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ခုနှစ်တွင် (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။

ဥက္ကဋ္ဌများ

[ပြင်ဆင်ရန်]
  • ဗိုလ်မှူးကြီး မျိုး​ဆွေ (၁၉၈၉ - ၁၉၉၀)
  • ဒုတိယဗိုလ်မှူးကြီး သိန်းဟန် (၁၉၉၀ - ၁၉၉၅)
  • ဗိုလ်မှူးကြီး သိုက်ထွန်း (၁၉၉၅ - ၁၉၉၈)
  • ဗိုလ်မှူးကြီး ​အောင်နိုင် (၁၉၉၈ - ၁၉၉၉)
  • ဒုတိယဗိုလ်မှူးကြီး ဝင်း​မောင် (၁၉၉၉-၂၀၀၀)
  • ​ဗိုလ်ချုပ် ​အောင်သိန်း (၂၀၀၀ - ၂၀၀၄)
  • ဒုတိယဗိုလ်မှူးကြီး ​အောင်ကြီး (၂၀၀၄ - ၂၀၀၅)
  • ဗိုလ်မှူးကြီး ​ဌေးနိုင် (၂၀၀၅ - ၂၀၁၀)
  • ဗိုလ်ချုပ် ​နေလင်း (၂၀၁၀ - ၂၀၁၄)
  • ဗိုလ်ချုပ် စိုးဝင်း (၂၀၁၄ - ၂၀၁၈)
  • ဗိုလ်ချုပ် ဝင်းလွင် (၂၀၁၈ - ၂၀၁၉)
  • ဗိုလ်ချုပ် ထိန်လင်း (၂၀၂၀ - ၂၀၂၂)
  • ဗိုလ်ချုပ် လှမိုး (၂၀၂၂ - လက်ရှိ)

အောင်မြင်မှုများ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ မသန်စွမ်းအားကစားသမားများအနေဖြင့် ပြည်တွင်းပြိုင်ပွဲများအပြင် နိုင်ငံတကာပွဲတော်များတွင်ပါ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။[]အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအာရှမသန်စွမ်းအားကစားပြိုင်ပွဲမသန်စွမ်းအိုလံပစ်ပြိုင်ပွဲများတွင်ပါ ဆုတံဆိပ်များ ရရှိခဲ့သည်။[][]၂၀၁၈ခုနှစ်အထိ နိုင်ငံတကာအားကစားပွဲများမှ ဆုတံဆိပ် (၇၈၆)ခု ရရှိထားသည်။[][၁၀]

မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ (ပါရာလမ်းပစ်)

[ပြင်ဆင်ရန်]
ပွဲ​တော် ရွှေ ​ငွေ ​ကြေး စုစု​ပေါင်း
ကနေဒါနိုင်ငံ၁၉၇၆
အမေရိကန်ပြည်ထောင်စု & ယူနိုက်တက်ကင်းဒမ်း၁၉၈၄
စုစု​ပေါင်း

အာရှမသန်စွမ်းအားကစားပြိုင်ပွဲ

[ပြင်ဆင်ရန်]

အောက်ပါစာရင်းမှာ အာရှ မသန်စွမ်း အားကစားပြိုင်ပွဲအပြင် ထိုပြိုင်ပွဲ၏ ယခင်အမည်ဖြစ်သော အရှေ့ဖျားနှင့် တောင်ပစိဖိတ်ဒေသ မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC Games) တွင် ယှဉ်ပြိုင်ခဲ့မှုများပါ ပါဝင်သည်။

ပွဲ​တော် ရွှေ ​ငွေ ​ကြေး စုစု​ပေါင်း
အရှေ့ဖျားနှင့် တောင်ပစိဖိတ်ဒေသ မသန်စွမ်းအားကစားပြိုင်ပွဲ
ဂျပန်နိုင်ငံ၁၉၇၅
ဩစတြေးလျနိုင်ငံ၁၉၇၇၁၆၁၅၃၂
၁၉၈၂၁၁
ဂျပန်နိုင်ငံ၁၉၈၉၁၀၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၁၉၉၄၁၄၂၅
ထိုင်းနိုင်ငံ၁၉၉၉၁၆၁၈၄၁
ကိုရီးယားသမ္မတနိုင်ငံ၂၀၀၂၁၃၂၁
မလေးရှားနိုင်ငံ၂၀၀၆၁၅
စုစု​ပေါင်း၅၂၆၇၅၇၁၇၆
အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၂၀၁၀
ကိုရီးယားသမ္မတနိုင်ငံ၂၀၁၄
အင်ဒိုနီးရှားနိုင်ငံ၂၀၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၂၀၂၂
စုစု​ပေါင်း၁၄

အာရှ လူငယ်မသန်စွမ်း အားကစားပြိုင်ပွဲ

[ပြင်ဆင်ရန်]
ပွဲ​တော် ရွှေ ​ငွေ ​ကြေး စုစု​ပေါင်း
မလေးရှားနိုင်ငံ၂၀၁၃၁၁
စုစု​ပေါင်း၁၁

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ

[ပြင်ဆင်ရန်]
ပွဲ​တော် ရွှေ ​ငွေ ​ကြေး စုစု​ပေါင်း
မလေးရှားနိုင်ငံ၂၀၀၁၄၃၂၃၁၁၇၇
ဗီယက်နမ်နိုင်ငံ၂၀၀၃၂၄၁၂၁၁၄၇
ဖိလစ်ပိုင်နိုင်ငံ၂၀၀၅၂၉၁၃၄၆
ထိုင်းနိုင်ငံ၂၀၀၈၁၄၁၆၂၁၅၁
မလေးရှားနိုင်ငံ၂၀၀၉၁၄၁၉၄၀
အင်ဒိုနီးရှားနိုင်ငံ၂၀၁၁၁၁၁၄၃၄
မြန်မာနိုင်ငံ၂၀၁၄၃၄၂၆၃၆၉၆
စင်ကာပူနိုင်ငံ၂၀၁၅၁၆၁၇၂၉၆၂
မလေးရှားနိုင်ငံ၂၀၁၇၁၁၁၅၁၇၄၃
အင်ဒိုနီးရှားနိုင်ငံ၂၀၂၂၁၄၁၂၁၇၄၃[]
စုစု​ပေါင်း၂၁၀၁၆၂၁၆၇၅၃၉

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ အားကစားနှင့်ကာယပညာဦးစီးဌာန 23 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2021 တွင် ပြန်စစ်ပြီး။
  2. မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ 28 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2021 တွင် ပြန်စစ်ပြီး။
  3. "National Paralympic Committee of Myanmar"။
  4. "၂၉ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပမည်" 28 August 2021 တွင် ပြန်စစ်ပြီး Archived from the original on 28 August 2021။
  5. 1 2 (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အဆင့် ၆ နေရာရရှိ 9 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 June 2023 တွင် ပြန်စစ်ပြီး။
  6. မသန်သော်လည်းစွမ်းပါသည် 4 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2021 တွင် ပြန်စစ်ပြီး။
  7. "(၃)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရမြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားအဖွဲ့အား ဂုဏ်ပြု" 28 August 2021 တွင် ပြန်စစ်ပြီး Archived from the original on 28 August 2021။
  8. "(၉)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် အားကစားသမားများနှင့် နည်းပြအား ဂုဏ်ပြု၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်သို့ ငွေပဒေသာပင်ကျပ်သိန်း ၁၀၀၀၀ စိုက်ထူလှူဒါန်း"။
  9. "(၂ဝ၁၈)ခုနှစ်၊ (၃ဝ)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၅)ကြိမ်မြောက် ဉာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ"။
  10. ဖိလစ်ပိုင် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းအားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ် 1 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2021 တွင် ပြန်စစ်ပြီး။