မာတိကာသို့ ခုန်သွားရန်

၂၀၂၂ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၂၂ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
XI ASEAN Para Games
ကျင်းပရာမြို့အင်ဒိုနီးရှားနိုင်ငံဆူရတ်ခါတာ
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၁၂၄၈
ကစားပွဲအမျိုးအစား၄၅၅ (၁၄မျိုး)
ဖွင့်ပွဲအခမ်းအနား၃၀ ဇူလိုင် ၂၀၂၂
ပိတ်ပွဲအခမ်းအနား၆ ဩဂုတ် ၂၀၂၂
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဂျိုကို ဝီဒိုဒို
သမ္မတ
အခမ်းအနားကျင်းပရာ အားကစားကွင်းမနာဟန် အားကစားကွင်း
<  ၂၀၁၇
၂၀၂၀
၂၀၂၃  >

၂၀၂၂ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 ASEAN Para Games) သည် အင်ဒိုနီးရှားနိုင်ငံဆူရတ်ခါတာမြို့တွင် ဇူလိုင်လ (၃၀)ရက်​နေ့မှ ဩဂုတ်လ (၆)ရက်​နေ့အထိ ကျင်းပခဲ့​သောာ (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲဖြစ်သည်။[]အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ ၂၀၁၁ပွဲတော် ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်​ရောဂါဖြစ်ပွားမှု​ကြောင့် (၁၀)ကြိမ်​မြောက် မသန်စွမ်းအားကစားပြိုင်ပွဲကို မကျင်းပနိုင်ခဲ့​ပေ။ မူလက ၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကို လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံက ပြိုင်ပွဲကို ဖျက်သိမ်းရန် စီစဉ်ခဲ့ပြန်သည်။ အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံနိုင်မည့် နိုင်ငံကို ရှာဖွေခဲ့ရာ အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

လက်ခံကျင်းပခြင်း

[ပြင်ဆင်ရန်]

အိမ်ရှင်နိုင်ငံ

[ပြင်ဆင်ရန်]

၂၀၂၀ပြည့်နှစ်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုများကြောင့် အားကစားပြိုင်ပွဲများကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရသည်။ ၂၀၂၀ပြည့်နှစ်တွင် ကျင်းပမည့် (၁၀)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း ဖိလစ်ပိုင်နိုင်ငံက ဖျက်သိမ်းခဲ့သည်။ ၂၀၂၁ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့ကိုလည်း ၂၀၂၂ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုသာ လက်ခံကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဖျက်သိမ်းခဲ့သည်။

အာဆီယံ မသန်စွမ်းအားကစားအဖွဲ့ချုပ်အနေဖြင့် အားကစားပြိုင်ပွဲကို (၂)ကြိမ်ဆက် ဖျက်သိမ်းလိုခြင်း မရှိသဖြင့် အခြားနိုင်ငံများမှ အိမ်ရှင်အဖြစ် ကျင်းပရန် ဆန္ဒရှိသည့် နိုင်ငံကို တောင်းခံခဲ့သည်။ မ​လေးရှားနှင့် အင်ဒိုနီးရှားတို့က လက်ခံကျင်းပလိုခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံမှ လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့သော် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့၏ အင်ဒိုနီးရှားနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကြောင့် ပြိုင်ပွဲကို လက်ခံကျင်းပခွင့် ချက်ချင်းမ​ပေးအပ်ဘဲ ၂၀၂၂ခုနှစ် ​ဖေ​ဖော်ဝါရီလတွင်မှသာ အ​ရေးယူမှုပယ်ဖျက်ခြင်း​ကြောင့် တရားဝင်ရရှိခဲ့သည်။။[]

ပွဲများနှင့်အားကစား

[ပြင်ဆင်ရန်]

ပါဝင်​သောနိုင်ငံများ

[ပြင်ဆင်ရန်]

အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ ပါ​ဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပါဝင်​သောအားကစားနည်းများ

[ပြင်ဆင်ရန်]
  • မြားပစ်
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • Boccia
  • စစ်တုရင်
  • ဘောလုံး (၇ယောက်)
  • Goalball
  • ဂျူဒို
  • Powerlifting
  • ​​ထိုင်လျက်ဘော်လီ​ဘော
  • ​​​ရေကူး
  • ​စားပွဲတင်တင်းနစ်
  • ​ဘီးတပ်ကုလားထိုင် ဘက်စကတ်​ဘော
  • ​ဘီးတပ်ကုလားထိုင် တင်းနစ်

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]
Key

  *   အိမ်ရှင်နိုင်ငံ

၂၀၂၂ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 အင်ဒိုနီးရှား*၁၇၅၁၄၄၁၀၇၄၂၆
 ထိုင်း၁၁၇၁၁၃၈၈၃၁၈
 ဗီယက်နမ်၆၅၆၂၅၅၁၈၂
 မလေးရှား၃၆၂၀၁၃၆၉
 ဖိလစ်ပိုင်၂၈၃၀၄၆၁၀၄
 မြန်မာ၁၄၁၂၁၇၄၃
 ကမ္ဘောဒီးယား၁၀၁၁၂၈
 စင်ကာပူ၁၁၂၇
 အရှေ့တီမော၁၂
၁၀ ဘရူနိုင်း
၁၁ လာအို
Total (11 NPCs)၄၅၅၄၀၄၃၆၃၁၂၂၂

ကိုးကား

[ပြင်ဆင်ရန်]