မာတိကာသို့ ခုန်သွားရန်

၂၀၂၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၂၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
XII ASEAN Para Games
ကျင်းပရာမြို့ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့
ဆောင်ပုဒ်Sports Live In Peace
(ခမာ: កីឡារស់នៅដោយសន្តិភាព)
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၁၄၅၃
ကစားပွဲအမျိုးအစား၄၃၉ (၁၂ မျိုး)
ဖွင့်ပွဲအခမ်းအနား၃ ဇွန်
ပိတ်ပွဲအခမ်းအနား၉ ဇွန်
အခမ်းအနားကျင်းပရာ အားကစားကွင်းမိုရိုဒေါ့ တက်ကို အမျိုးသားအားကစားကွင်း
ဝက်ဘ်ဆိုဒ်cambodia2023.com
<  ၂၀၂၂ ၂၀၂၆  >

၂၀၂၃ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2023 ASEAN Para Games) သည် ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့တွင် ၂၀၂၃ခုနှစ် ဇွန်လ (၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမား ၁၄၅၃ ဦးမှ အားကစားနည်း ၁၂ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

[ပြင်ဆင်ရန်]

ကြိုတင်ပြင်ဆင်ခြင်း

[ပြင်ဆင်ရန်]

ကမ္ဘောဒီးယားနိုင်ငံသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိပြီးနောက် တရုတ်နိုင်ငံ၏ အကူအညီဖြင့် အားကစားကွင်းများ တည်ဆောက်ခဲ့သည်။

ပြိုင်ပွဲအထိမ်းအမှတ်များ

[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်

[ပြင်ဆင်ရန်]

(၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့၏ အထိမ်းအမှတ်တံဆိပ်မှာ တစ်ခုတည်းပင်ဖြစ်သည်။ နဂါးလေးကောင်နှင့် အန်ကောဝပ်ဘုရားကျောင်းကို ပုံဖော်ထားခြင်းဖြစ်သည်။ ထိုတံဆိပ်ကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဩဂုတ်လ ၇ရက်နေ့တွင် ကြေညာခဲ့သည်။[]

ပွဲများနှင့်အားကစား

[ပြင်ဆင်ရန်]

ဖွင့်ပွဲအခမ်းအနား

[ပြင်ဆင်ရန်]

၂၀၂၃အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ် ဇွန်လ (၃)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ မိုရိုဒေါ့တက်ကို အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာနိုင်ငံမှ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။[]

ပိတ်ပွဲအခမ်းအနား

[ပြင်ဆင်ရန်]

၂၀၂၃အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ မိုရိုဒေါ့တက်ကို အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ပြိုင်ပွဲကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၂၆ပွဲတော်ကို လက်ခံကျင်းပမည့် ထိုင်းနိုင်ငံကို အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ် အလံအား လွှဲပြောင်းပေးအပ်ခဲ့သည်။ []

ပါဝင်​သောနိုင်ငံများ

[ပြင်ဆင်ရန်]

အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ ပါ​ဝင်ယှဉ်ပြိုင်ကြမည်။

ပါဝင်​သောအားကစားနည်းများ

[ပြင်ဆင်ရန်]
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • Boccia
  • စစ်တုရင်
  • Goalball
  • ဘောလုံး (၅ယောက်)
  • ဂျူဒို
  • Powerlifting
  • ​​ထိုင်လျက်ဘော်လီ​ဘော
  • ​​​ရေကူး
  • ​စားပွဲတင်တင်းနစ်
  • ​ဘီးတပ်ကုလားထိုင် ဘက်စကတ်​ဘော

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]

၂၀၂၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၇၅ ခု၊ ငွေတံဆိပ် ၄၄၈ ခု၊ ကြေးတံဆိပ် ၄၄၃ ခု၊ စုစုပေါင်းဆုတံဆိပ် ၁၃၆၆ ခု ချီးမြှင့်နိုင်ခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

၂၀၂၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 အင်ဒိုနီးရှား၁၅၉၁၄၈၉၄၄၀၁
 ထိုင်း၁၂၆၁၁၀၉၂၃၂၈
 ဗီယက်နမ်၆၆၅၈၇၇၂၀၁
 မလေးရှား၅၀၃၈၃၅၁၂၃
 ဖိလစ်ပိုင်၃၃၃၃၅၀၁၁၆
 မြန်မာ၁၅၂၃၁၉၅၇
 စင်ကာပူ၁၂၁၅၁၇၄၄
 ကမ္ဘောဒီးယား၁၈၄၃၇၀
 ဘရူနိုင်း
၁၀ အရှေ့တီမော
၁၁ လာအို၁၁
Total (11 NPCs)၄၇၅၄၄၈၄၄၃၁၃၆၆
Source: ASEAN Para Games Medal Standings 18 May 2023 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

ကိုးကား

[ပြင်ဆင်ရန်]