မာတိကာသို့ ခုန်သွားရန်

၂၀၀၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
ဒုတိယအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
II ASEAN Para Games
ကျင်းပရာမြို့ဗီယက်နမ်နိုင်ငံဟနွိုင်း
ဆောင်ပုဒ်Peace, Love and Aspire
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၇၄၀
ကစားပွဲအမျိုးအစား၂၈၇(၅မျိုး)
ဖွင့်ပွဲအခမ်းအနား၂၁ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၂၇ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဒုတိယဝန်ကြီးချုပ်
အဓိကအားကစားကွင်းမိုင်ဒင်းအမျိုးသားအားကစားကွင်း (ဖွင့်ပွဲ)
ဟနွိုင်းအားကစားနန်းတော် (ပိတ်ပွဲ)
ဝက်ဘ်ဆိုဒ်2003 ASEAN Para Games
<  ၂၀၀၁ ၂၀၀၅  >

၂၀၀၃ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပသော ဒုတိယအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၀၃ ဟနွိုင်းဆီးဂိမ်းအပြီး ၈ ရက်အကြာတွင် ကျင်းပခဲ့သည်။ မလေးရှားပြီးနောက် ဒုတိယမြောက် အိမ်ရှင်နိုင်ငံ ဖြစ်လာသည်။

တီမောနိုင်ငံပါ ပါဝင်လာပြီး အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၇၄၀ မှ အားကစားနည်း ၅ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှားတို့မှ ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

[ပြင်ဆင်ရန်]

ဒုတိယအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ကွင်းများ

[ပြင်ဆင်ရန်]

၂၀၀၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ ၅ နေရာ၌ ကျင်းပခဲ့သည်။

မြို့ အားကစားကွင်း အားကစားနည်းများ
ဟနွိုင်းမြို့ National Sports Complex
Mỹ Đình National Stadium ဖွင့်ပွဲ၊ ပြေးခုန်ပစ်
Mỹ Đình Aquatics Centre ရေကူး
Other
Hanoi Sports Palace ကြက်တောင်ရိုက်၊ ပိတ်ပွဲ
Cau Giay District Gymnasium စားပွဲတင် တင်းနစ်
Trinh Hoai Duc Gymnasium အလေးမ

ပြိုင်ပွဲအထိမ်းအမှတ်များ

[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်

[ပြင်ဆင်ရန်]

၂၀၀၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အမှတ်တံဆိပ်မှာ ဝှီးချဲနှင့် အားကစားသမားမှာ လက် ၂ ဘက်ကို 'V' ပုံစံ မြှောက်ထားသည်။ ဤသည်မှာ Vietnam နှင့် Victory ကို ကိုယ်စားပြုသည်။ ထိပ်တွင် ဟနွိုင်းရှိ သမိုင်းဝင်နေရာ Khue Van Cac ကို ကွင်း ၁၁ ကွင်းက ဝန်းရံထားသည်။ ကွင်း ၁၁ ကွင်းမှာ အရှေ့တောင်အာရှနိုင်ငံ ၁၁နိုင်ငံမှ အားကစားသမားများ၏ စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးချစ်ကြည်မှုတို့ကို ကိုယ်စားပြုသည်။ Khue Van Cac မှာ အိမ်ရှင် ဗီယက်နမ်ကို ကိုယ်စားပြုသည်။ အပြာရောင်မှာ စည်းလုံးခြင်းကို ကိုယ်စားပြုပြီး ကွင်း ၁၁ ကွင်းရှိ ဟင်္သပဒါးရောင်မှာ ရဲစွမ်းသတ္တိကို ကိုယ်စားပြုသည်။

လာဘ်ကောင်

[ပြင်ဆင်ရန်]

၂၀၀၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ရွှေဆိတ် ဖြစ်သည်။ ဤလာဘ်ကောင်ကို ရွေးချယ်ရခြင်းမှာ ၂၀၀၃ ခုနှစ်သည် လူနာပြက္ခဒိန်များအရ ဆိတ်နှစ်ဖြစ်သည်။ ဗီယက်နမ်စာပေများအရ ဆိတ်သည် ရင်းနှီးဖော်ရွေပြီး လူတို့၏နေ့စဉ်ဘဝကို ကူညီပေးသည်။ အခက်အခဲများကြုံရတိုင်း ပျော်ရွှင်ခြင်း၊ အောင်နိုင်ခြင်းပုံရိပ်များ ပြကြသည်။ဤလာဘ်ကောင်တွင် ရွှေဆိတ်မှာ အားကစားဝတ်စုံဝတ်ထားပြီး လက်တစ်ဖက်မှာ ခါးထောက်ကာ လက်တစ်ဖက်မှာ V ပုံစံ လက် ၂ ချောင်း ထောင်ထားသည်။

သီချင်း

[ပြင်ဆင်ရန်]

၂၀၀၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏သီချင်းမှာ "ဟနွိုင်းမသန်စွမ်း အားကစားပြိုင်ပွဲမှကြိုဆိုပါတယ်" ဖြစ်သည်။

ပွဲများနှင့်အားကစား

[ပြင်ဆင်ရန်]

ဖွင့်ပွဲ

[ပြင်ဆင်ရန်]

၂၀၀၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ၂၁ ဒီဇင်ဘာ၊ ညနေ ၇ နာရီတွင် မိုင်ဒင်းအမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ပိတ်ပွဲ

[ပြင်ဆင်ရန်]

၂၀၀၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ၂၇ ဒီဇင်ဘာ၊ ညနေ ၇ နာရီတွင် ဟနွိုင်းအားကစားနန်းတော်တွင် ကျင်းပခဲ့သည်။ ထို့နောက် ၂၀၀၅ ခုနှစ်မနီလာပွဲတော်ကို လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံကို အားကစားရေးရာများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ပါဝင်သောနိုင်ငံများ

[ပြင်ဆင်ရန်]

အားကစားနည်းများ

[ပြင်ဆင်ရန်]

အားကစားနည်းပေါင်း၅မျိုးကျင်းပခဲ့သည်။

  • ပြေးခုန်ပစ်
  • ကြက်တောင်
  • အလေးမ
  • ရေကူး
  • စားပွဲတင် တင်းနစ်

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]

၂၀၀၃ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၈၇ ခု၊ ငွေတံဆိပ် ၂၄၅ ခု၊ ကြေးတံဆိပ် ၂၂၈ ခု၊ စုစုပေါင်းဆုတံဆိပ် ၇၆၀ ခု ချီးမြှင့်နိုင်ခဲ့သည်။[]

Key

  *   အိမ်ရှင်နိုင်ငံ

2003 ASEAN Para Games medal table
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
 ထိုင်း၁၀၁၆၁၃၁၁၉၃
 ဗီယက်နမ်*၈၁၈၀၈၆၂၄၇
 မလေးရှား၅၄၄၀၄၆၁၄၀
 မြန်မာ၂၄၁၂၁၂၄၈
 အင်ဒိုနီးရှား၁၀၁၁၁၈၃၉
 စင်ကာပူ၁၀၁၉
 ဘရူနိုင်း၁၀၁၉
 ဖိလစ်ပိုင်၁၅၂၄၄၁
 ကမ္ဘောဒီးယား
၁၀ လာအို
၁၁ အရှေ့တီမော
Total (11 NPCs)၂၈၇၂၄၅၂၂၈၇၆၀

ဆက်စပ်ကြည့်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Official Website Of The Games 2003 ASEAN Para Games (2 February 2004)။ 2 February 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2015 တွင် ပြန်စစ်ပြီး။