ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
Ministry of Communications and Information Technology | |
![]() | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
---|---|
ဖွဲ့စည်းခြင်း | ၉ နိုဝင်ဘာ ၂၀၁၂ |
ယခင်အဖွဲ့အစည်း | ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန |
ဖျက်သိမ်းခြင်း | ၃၀ မတ် ၂၀၁၆ |
အစားထိုးခြင်း | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန |

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Communications and Information Technology) သည် ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆ တိုးတက်မြင့်မားလာစေရန် တယ်လီဖုန်းတိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို နှစ်စဉ်စီမံကိန်းများ ချမှတ်လျက် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း (၃၅၉၈၁၁၃)လုံး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း (၆၇၀၄၂၀၃)လုံး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း (၉၀၂၁၄၁၈)လုံး နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မေလအထိ တယ်လီဖုန်းပေါင်း (၉၃၆၁၉၈၈)လုံးတပ်ဆင်ခဲ့ပြီး တယ်လီဖုန်းသိပ်သည်းဆမှာ ၂၀၁၄ မေလကုန်အထိ ၁၅.၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်နေ့တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်၊ (၁၀/၉၂) ဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများကိုပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို ၁) ပို့ဆောင်ရေးဝန်ကြီးဌာန၊ ၂) ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ၃) ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန (၃)ခုအဖြစ်
ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့ဖြင့်ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင်ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃၀/၉၉)တွင် ဆုံးဖြတ်ချက် အရ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအား ၁၉၉၉ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၉-၁၁-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂) ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန အဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။ [၂]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားသည်။
- စီမံရေးရာဌာန
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
- ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန
- လုပ်ငန်းနှင့် စစ်ဆေးရေးဌာန
- ပစ္စည်းဌာန
- စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန
- သတင်းအချက်အလက်နှင့် နည်းပညာဆက်သွယ်ရေးဌာန တို့ဖြစ်သည်။
ဝန်ကြီးများ
[ပြင်ဆင်ရန်]ဝန်ကြီးဌာနစတင်ဖွဲ့စည်း | |||||
---|---|---|---|---|---|
စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ဒုတိယဝန်ကြီး | အစိုးရ |
၁။ | ![]() |
ဦးသိန်းထွန်း | ၉ နိုဝင်ဘာ ၂၀၁၂ - ၁၆ ဇန်နဝါရီ ၂၀၁၃ | ဦးတင့်လွင် | ဦးသိန်းစိန်အစိုးရ |
၂။ | ![]() |
ဦးမြတ်ဟိန်း | ၁၃ ဖေဖော်ဝါရီ ၂၀၁၃ – ၁၂ ဩဂုတ် ၂၀၁၅ | ||
၃။ | ![]() |
ဦးဇေယျာအောင် | ၁၄ ဩဂုတ် ၂၀၁၅ – ၃၀ မတ် ၂၀၁၆ | ||
ဝန်ကြီးဌာန ဖျက်သိမ်း။ | |||||
- | ဆက်ခံ | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး | ဦးသန့်စင်မောင် |
ဝန်ကြီးဌာန ဖျက်သိမ်းခြင်း
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]အွန်လိုင်း ဆိုဒ်
[ပြင်ဆင်ရန်]ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန 29 June 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .