မာတိကာသို့ ခုန်သွားရန်

၂၀၂၆ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၂၆ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
XIII ASEAN Para Games
ကျင်းပရာမြို့ထိုင်းနိုင်ငံနဂရရာဇသီမာမြို့
ပါဝင်သော နိုင်ငံများ၁၁
ဖွင့်ပွဲအခမ်းအနား၂၀ ဇန်နဝါရီ ၂၀၂၆
ပိတ်ပွဲအခမ်းအနား၂၆ ဇန်နဝါရီ ၂၀၂၆
အခမ်းအနားကျင်းပရာ အားကစားကွင်းနှစ်(၈၀) မွေးနေ့ အားကစားကွင်း
<  ၂၀၂၃

၂၀၂၆ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2026 ASEAN Para Games) သည် ထိုင်းနိုင်ငံနဂရရာဇသီမာမြို့တွင်ကျင်းပမည့် (၁၃) ကြိမ်မြောက်အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။[] ထိုင်းနိုင်ငံအနေဖြင့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။[]

လက်ခံကျင်းပခြင်း

[ပြင်ဆင်ရန်]

အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပမည့်နိုင်ငံသည် မသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း လက်ခံကျင်းပခွင့်ရှိသည်။

၂၀၂၅ခုနှစ်အတွက် အတည်ပြုခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသော အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် အစည်းအဝေးတွင် ထိုင်းနိုင်ငံကို ၂၀၂၅ခုနှစ်အတွက် အိမ်ရှင်အဖြစ် အမည်တင်သွင်းခဲ့သည်။ ငါးလအကြာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ၂၀၂၅ခုနှစ်ပွဲတော်အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ တဆက်တည်းတွင် မလေးရှားနှင့် စင်ကာပူနိုင်ငံများသည် ၂၀၂၇နှင့် ၂၀၂၉ ပွဲတော်များကို လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများဖြစ်ကြောင်း ကြေညာခဲ့သည်။[]

အိမ်ရှင်မြို့ ​ရွေးချယ်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၂ခုနှစ် အောက်တိုဘာ ၁၁ရက်နေ့တွင် ထိုင်းအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌက အိမ်ရှင်မြို့အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြရန် မူကြမ်းကို ထုတ်ပြန်ခဲ့သည်။ လက်ခံကျင်းပမည့်မြို့များအနေဖြင့် အားကစားကွင်းအသစ်များ ထပ်မံတည်ဆောက်ရန်မလိုပေ။

(၃၂)ကြိမ်​မြောက် အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်​မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဝင်​ရောက်ယှဉ်ပြိုင်သူများ
တစ်မြို့ချင်း (၄) ပြည်နယ်အလိုက် (၄)
  • ဘန်​ကောက်နှင့် ဇလပုရီ
  • ဘန်​ကောက်၊ ဇလပုရီ၊ ​ဆောင်ခလာ(33rd SEA Games)
  • ကရဗီဖူးခက်၊ တရမ်း
  • အမ်နတ်ချရွန်၊ သရီသ​ခေတ္တ၊ ဥပ္ပလ ရာဇဌာနီ၊ ယ​သောဓရ

ဆက်စပ်ကြည့်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]