မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ

ဝီကီပီးဒီးယား မှ
(ပြည်ထောင်စု မြန်မာနိုင်ငံတော် မှ ပြန်ညွှန်းထားသည်)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
Republic of the Union of Myanmar

မြန်မာနိုင်ငံ
Myanmar (Burma)
နိုင်ငံတော် သီချင်း: 
 မြန်မာနိုင်ငံ၏ တည်နေရာ  (အစိမ်း)

အာဆီယံ အတွင်း  (ခဲ့ရင့်ရောင်)   [Legend]

မြို့တော်နေပြည်တော်မြို့
19°45′N 96°6′E / 19.750°N 96.100°E / 19.750; 96.100
အကြီးဆုံးမြို့ရန်ကုန်မြို့
ရုံးသုံး ဘာသာစကားများမြန်မာဘာသာစကား
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများမြန်မာဘာသာစကား
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ
တရားဝင် အရေးအသားစနစ်မြန်မာအက္ခရာ
လူမျိုးစု ([])
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ ၈၇.၉%
ခရစ်ယာန် ၆.၂%
အစ္စလာမ် ၄.၃%
အခြား ၁.၆%[]
လူမျိုးMyanmar/Burmese []
အစိုးရတစ်ပြည်ထောင် သီးခြားလွှတ်တော် သမ္မတနိုင်ငံ (တရားဝင်)
စစ်အာဏာရှင်စနစ်လက်အောက်ခံ တစ်ပြည်ထောင် ကြားဖြတ်အစိုးရ သမ္မတနိုင်ငံ (လက်တွေ့)
မင်းအောင်လှိုင်
မင်းအောင်လှိုင်
ညိုစော
ဥပဒေပြုလွှတ်တော်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
တည်ထောင်
၁၈၀ ဘီစီခန့်
၂၃ ဒီဇင်ဘာ ၈၄၉
၁၆ အောက်တိုဘာ ၁၅၁၀
၂၉ ဖေဖော်ဝါရီ ၁၇၅၂
၁ ဇန်နဝါရီ ၁၈၈၆
၄ ဇန်နဝါရီ ၁၉၄၈
၂ မတ် ၁၉၆၂
၁၈ စက်တင်ဘာ ၁၉၈၈
၁၈ ဇွန် ၁၉၈၉
 သမ္မတစနစ် ပြန်လည်တည်ထောင်ခြင်း
၃၀ မတ် ၂၀၁၁
၁ ဖေဖော်ဝါရီ ၂၀၂၁
ဧရိယာ
 စုစုပေါင်း
၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi) (အဆင့်: ၃၉)
 ရေထု (%)
၃.၀၆
လူဦးရေ
 ၂၀၂၂ ခန့်မှန်း
၅၇,၅၂၆,၄၄၉[] (အဆင့် - ၂၆)
 သိပ်သည်းမှု
၁၉၆.၈/sq mi (၇၆.၀/km2) (အဆင့် - ၁၂၅)
GDP (PPP)၂၀၂၃ ခန့်မှန်း
 စုစုပေါင်း
Increase $၂၇၈.၁၅၆ ဘီလီယံ[] (အဆင့် - ၆၄)
 Per capita
Increase $၅,၁၃၂[] (အဆင့် - ၁၄၆)
GDP (nominal)၂၀၂၃ ခန့်မှန်း
 စုစုပေါင်း
Increase $၆၃.၉၈၈ ဘီလီယံ[] (အဆင့် - ၉၀)
 Per capita
Increase $၁,၁၈၀[] (အဆင့် - ၁၆၇)
Gini (၂၀၁၇) ၃၀.၇[]
အလယ်
HDI (၂၀၂၁)Decrease ၀.၅၈၅[]
အလယ် · ၁၄၉
ငွေကြေးမြန်မာကျပ်ငွေ (K) (MMK)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ယာဉ်ကြောစနစ်ညာဘက်မောင်း
တယ်လီဖုန်းကုဒ်+95
ISO 3166 ကုဒ်MM
Internet TLD.mm

မြန်မာနိုင်ငံ(အင်္ဂလိပ်: Myanmar)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်(အင်္ဂလိပ်: Republic of the Union of Myanmar)သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ‌အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။[]

မြန်မာနိုင်ငံရှိအစောဆုံးသော အခြေချမှုများသည် ပျူမြို့ပြနိုင်ငံများနှင့် မွန်ဘုရင့်နိုင်ငံများ၌ဖြစ်ကြသည်။[] အေဒီ ၉ရာစုခန့်တွင် မြန်မာလူမျိုးတို့သည် ဧရာဝတီမြစ်အနီး၌ ပုဂံပြည်ကိုတည်ထောင်ခဲ့ကြရာ မြန်မာ့ယဉ်ကျေးမှုမြန်မာဘာသာစကားစသည်တို့ ပေါ်ပေါက်လာခဲ့သည်။ ပထမမြန်မာနိုင်ငံတော် ပုဂံပြည်သည် မွန်ဂိုကျူးကျော်စစ်ကြောင့် ကျဆုံးခဲ့ရသည်။ ၁၆ ရာစု‌တွင် ဒုတိယမြန်မာနိုင်ငံတော် တောင်ငူအင်ပါယာပေါ်ပေါက်လာခဲ့ပြီး အရှေ့တောင်အာရှသမိုင်း၏ အကြီးဆုံးအင်ပါယာအဖြစ် ခေတ္တရပ်တည်နိုင်ခဲ့သည်။[] ၁၉ ရာစုတွင် တတိယမြန်မာနိုင်ငံတော် ကုန်းဘောင်အင်ပါယာသည် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ဒေသများကိုပါမက အာသံနှင့် မဏိပူရဒေသများကိုပါ အုပ်ချုပ်နိုင်ခဲ့သည်။ ဗြိတိသျှအင်ပါယာသည် မြန်မာနိုင်ငံကို ကျူးကျော်စစ်များဆင်နွှဲပြီး သိမ်းပိုက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ မြန်မာနိုင်ငံကို ဂျပန်တို့ကခေတ္တသိမ်းပိုက်ထားခဲ့ပြီး မဟာမိတ်နိုင်ငံတို့က ပြန်လည်သိမ်းယူခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကိုရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးခေတ် သမိုင်းသည် ယနေ့တိုင် ဆက်လက်ဖြစ်ပွားနေသော မငြိမ်သက်မှုများနှင့် ပဋိပက္ခများဖြင့် ပြည့်နှက်နေသည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအောက်တွင် စစ်အာဏာရှင်စနစ်ကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရှစ်လေးလုံးအရေးအခင်းသည် နှစ်နှစ်အကြာတွင် အမည်ခံ ပါတီစုံစနစ်သို့ ကူးပြောင်းရေးကို ဖြစ်ပေါ်စေခဲ့သော်လည်း၊ နိုင်ငံ၏ အရေးအခင်းနောက်ပိုင်း စစ်ကောင်စီသည် အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီး ယနေ့ထက်တိုင် နိုင်ငံကို ဆက်လက်အုပ်ချုပ်လျက်ရှိသည်။ နိုင်ငံသည် များပြားလှသော တိုင်းရင်းသားလူမျိုးစုများအကြား တိုင်းရင်းသား ပဋိပက္ခများဖြင့် ကွဲခြမ်းလျက်ရှိပြီး ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်များထဲမှ တစ်ခုကို ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများစွာတို့က နိုင်ငံအတွင်း စဉ်ဆက်မပြတ်နှင့် စနစ်တကျ ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစီရင်ခံခဲ့ကြသည်။[၁၀] ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် စစ်အစိုးရကို တရားဝင် ဖျက်သိမ်းခဲ့ပြီး အမည်ခံ အရပ်သားအစိုးရတစ်ရပ်ကို တည်ထောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ရာ နိုင်ငံခြားဆက်ဆံရေး တိုးတက်လာပြီး စီးပွားရေးပိတ်ဆို့မှုများ သက်သာလာခဲ့သော်လည်း၊[၁၁] အထူးသဖြင့် ရိုဟင်ဂျာ ပဋိပက္ခနှင့် ဆက်စပ်၍ တိုင်းရင်းသားလူနည်းစုများအပေါ် နိုင်ငံ၏ဆက်ဆံမှုသည် နိုင်ငံတကာ တင်းမာမှုနှင့် စိုးရိမ်ပူပန်မှု၏ ရင်းမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။[၁၂] ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက လွှတ်တော်နှစ်ရပ်စလုံးတွင် အများစုအနိုင်ရခဲ့သော ၂၀၂၀ မြန်မာအထွေထွေ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်က စစ်အာဏာသိမ်းမှုဖြင့် အာဏာကို တစ်ဖန်ပြန်လည် သိမ်းယူခဲ့သည်။[၁၃] နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့သော အဆိုပါအာဏာသိမ်းမှုသည် မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပွားနေသော ကျယ်ပြန့်သည့် ဆန္ဒပြမှုများဆီသို့ ဦးတည်စေခဲ့ပြီး စစ်တပ်၏ ပြင်းထန်သော နိုင်ငံရေးအရ ဖိနှိပ်မှုများနှင့် ပြည်တွင်းစစ် ပိုမိုကြီးထွားလာမှုတို့ဖြင့် အမှတ်အသားပြုခဲ့သည်။[၁၄] တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်အား လူထုမြင်ကွင်းမှ ဖယ်ရှားရန် ဖမ်းဆီးခဲ့ပြီး၊ အဂတိလိုက်စားမှုမှသည် ကိုဗစ်-၁၉ စည်းကမ်းများ ချိုးဖောက်မှုအထိ ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခဲ့သည်၊ သူမအပေါ် စွဲဆိုထားသော စွဲချက်အားလုံးမှာ လွတ်လပ်သော လေ့လာသူများအဆိုအရ "နိုင်ငံရေးအရ လှုံ့ဆော်မှု" များသာ ဖြစ်သည်။[၁၅]

မြန်မာနိုင်ငံသည် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဘက်မလိုက်လှုပ်ရှားမှုအာဆီယံနှင့် ဘင်းမ်စတက်အဖွဲ့ဝင် ဖြစ်သော်လည်း၊ တစ်ချိန်က ဗြိတိသျှအင်ပါယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း ဓနသဟာယနိုင်ငံများအဖွဲ့ဝင် မဟုတ်ပေ။ မြန်မာနိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဆွေးနွေးဘက်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံသည် ကျောက်စိမ်းကျောက်မျက် ရတနာရေနံသဘာဝဓာတ်ငွေ့ကျွန်းသစ်နှင့် အခြားသော သတ္တုများကဲ့သို့သော သဘာဝ သယံဇာတများဖြင့် အလွန်ကြွယ်ဝပြီး၊ မဟာမဲခေါင်ဒေသခွဲရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံး နေရောင်ခြည်စွမ်းအင် အလားအလာရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကိုလည်း ပိုင်ဆိုင်သည်။[၁၆] သို့သော် မြန်မာနိုင်ငံသည် မတည်ငြိမ်မှု၊ နိုင်ငံရေးအကြမ်းဖက်မှု၊ အဂတိလိုက်စားမှု၊ ညံ့ဖျင်းသော အခြေခံအဆောက်အအုံများနှင့် လူသားဖွံ့ဖြိုးတိုးတက်မှုကို အလေးမထားသည့် ကိုလိုနီခေတ်၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု သမိုင်းရှည်တို့ဖြင့် ကာလကြာရှည်စွာ ခံစားခဲ့ရသည်။[၁၇] ၂၀၁၃ ခုနှစ်တွင် နိုင်ငံ၏ ဂျီဒီပီ (nominal) မှာ အမေရိကန်ဒေါ်လာ ၅၆.၇ ဘီလီယံရှိပြီး ဂျီဒီပီ (PPP) မှာ အမေရိကန်ဒေါ်လာ ၂၂၁.၅ ဘီလီယံ ရှိခဲ့သည်။[၁၈] မြန်မာနိုင်ငံရှိ ဝင်ငွေကွာဟမှုသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံးထဲမှ တစ်ခုဖြစ်ပြီး၊ စီးပွားရေး၏ ကြီးမားသော အစိတ်အပိုင်းကို စစ်အစိုးရ၏ ခရိုနီများက ထိန်းချုပ်ထားသည်။[၁၉] မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။[၂၀] ၂၀၂၁ ခုနှစ်မှစ၍ အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် လူ ၆၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး၊ လူသုံးသန်းကျော်မှာ လူသားချင်းစာနာမှုအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသည်။[၂၁] ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအဖြစ် ရေတွက်ထားသူ ၁.၃ သန်းကျော်နှင့် ပြည်တွင်း၌ နေရပ်စွန့်ခွာရသူ ၃.၅ သန်း ရှိသည်။[၂၂]

ဝေါဟာရဗေဒ

အဓိကဆောင်ပါး - မြန်မာနိုင်ငံ၏ အမည်များ

၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အင်္ဂလိပ်ဘာသာဖြင့် (‌Burma) ဘားမားကို မြန်မာဟု ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်

အနောက်နိုင်ငံများက စစ်အစိုးရကို လက်မခံသည့်အတွက် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည်အား တရားဝင်ပြောင်းလဲရန် လုပ်ပိုင်ခွင့်မရှိဟု ယူဆကြသည်။[၂၃] ထို့ကြောင့် ၎င်းတို့သည် မြန်မာဘာသာဖြင့် မြန်မာနိုင်ငံဟု လက်ခံသုံးစွဲသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ဘားမားဟု ဆက်လက်သုံးစွဲလျက်ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် သုံးနှုန်းသည့်အခါ သုံးစွဲသူအလိုက် "ဘားမား"သို့မဟုတ် "မြန်မာ"ကို ရွေးချယ်သုံးစွဲကြပြီး နည်းပညာအားဖြင့် အပြန်အလှန် ဖလှယ်သုံးစွဲနိုင်သော စကားလုံးများ ဖြစ်ကြသည်။

နိုင်ငံပြင်ပ သတင်းဌာနကြီးများ ဖြစ်သည့် ဘီ⁠ဘီစီ (BBC)၊ ဝေါလ်စထရိဂျာနယ် (Wall Street Journal) နှင့် ဖိုင်နင်းရှယ်တိုင်မ်း (Financial Times) တို့အပြင် အမေရိကန်နှင့် ဂရိတ်ဗြိတိန်အစိုးရများကပါ မြန်မာနိုင်ငံကို ဘားမားဟု ဆက်လက်ခေါ်ဝေါ်လျက်ရှိပြီး စီအင်အင် (CNN)၊ အီကော်နော်မစ် (The Economist)၊ နှင့် နယူးယောက်တိုင်မ်း (New York Times) တို့ကမူ မြန်မာဟူသည့် အသုံးအနှုန်းကို တိုင်းပြည်အဖြစ်လည်း ‌‌ကောင်း၊ Burmese ဟူသည့် အင်္ဂလိပ်စကားလုံးကို နာမဝိသေသနအဖြစ်လည်းကောင်း လက်ခံကျင့်သုံးနေပြီဖြစ်သည်။[၂၄][၂၅]

ဂရိတ်ဗြိတိန်၊ ကနေဒါနိုင်ငံဩစတြေးလျနှင့် အမေရိကအစိုးရများသည် ဘားမား (Burma) ကို ဆက်လက်အသုံးပြုကြသည်။[၂၄][၂၆] သို့သော် ဥရောပသမဂ္ဂသည် ဘားမား/မြန်မာ (Burma/Myanmar) နှစ်မျိုးလုံးကို တွဲသုံးသည်။[၂၇] တရုတ်နိုင်ငံသည် မြန်မာဟု မသုံးဘဲ ၎င်းတို့ထုံးတမ်းအခေါ်အဝေါ်အတိုင်း မြန်တျန့် (缅甸) ဟုသုံးသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား မြန်မာ (ミャンマー) ဟုခေါ်သော်လည်း မြန်မာလူမျိုးများအား ဘားမိစ် (Burmese) (ビルマ人) ဟု ဆက်လက်သုံးစွဲသည်။ ပြင်သစ်နိုင်ငံသည် အခြားနိုင်ငံအများစုကဲ့သို့ပင် ယခင်သုံးစွဲနေကျ ဘာသာပြန်ကိုသုံးပြီး မြန်မာပြည်ကို ဗိရ်မနီ (Birmanie) ဟုခေါ်ကြသည်။[၂၈][၂၉]

၂၀၁၅ ခုနှစ် အစိုးရအသစ်တက်လာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းအခြေစိုက် နိုင်ငံခြား သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ စစ်သံမှူးများ နှင့် ကောင်စစ်ဝန်များကို နေပြည်တော်တွင် တွေ့ဆုံကာ မြန်မာ ဟုခေါ်ခေါ် ဗမာ ဟုခေါ်ခေါ် အရေးမကြီးကြောင်း ပြောဆိုခဲ့သည်။[၃၀]

သမိုင်း

လူသားတို့အစပြုရာ

လူသားတို့၏ ဆင့်ကဲဖြစ်စဉ် အတွင်း လူသားဖြစ်လာမည့်လူတူ ပရိုင်းမိတ်များကို ဂန့်ဂေါမြို့နယ် ကျောမြို့ အနီး ပုံတောင် ပုံညာ တောင်တန်းများ တွင် စတင်တွေ့ရှိရာမှ မြန်မာနိုင်ငံ အခြားဒေသများတွင်ပါ ထပ်မံ တွေ့ရှိလာကြရခြင်းကြောင့် ကမ္ဘာတွင် လူသားတို့ စတင်ပေါ်ပေါက်လာသည်မှာ မြန်မာနိုင်ငံနေရာမှ ဖြစ်သည်ကို အခိုင်အမာ သိရှိကြပြီးဖြစ်သည်။ နှစ်သန်း လေးဆယ် သက်တမ်းရှိ လူတူပရိုင်းမိတ်တို့ တွေ့ရှိမှုကြောင့် လူတူပရိုင်းမိတ်မှ တဆင့်ဖြစ်ပေါ် တိုးတက်လာသည့် ကမ္ဘာတွင် အစောဆုံးသော ရှေးဦးလူသား မျိုးနွယ်တို့သည်လည်း မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖွယ်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူသားတို့ စတင် အချေခြ နေထိုင်နေခဲ့သည်မှာ နှစ်ပေါင်း သန်းချီရှိနေပြီဟု ဆိုနိုင်သည်။ [ကိုးကားချက်လိုသည်]

ခေတ်ဦး

လူတူပရိုင်းမိတ် များ တွေ့ရှိမှုနှင့် ဆက်စပ် စဉ်းစားနိုင်သည်မှ ကျောက်ခေတ် ဂူနံရံပန်းချီလက်ရာများ ရှိရာ ရှမ်းပြည်နယ် ရွာငံမြို့နယ်ရှိ ပြဒါးလင်းလိုဏ်ဂူအမှတ် (၁) နှင့် အမှတ် (၂)၊ ကမ်းပါးနီလိုဏ်ဂူ၊ ဖယ်ခုံမြို့နယ်ရှိ လွယ်ဝန်းဂူ၊ ကျောက်ခေတ်လက်နက်ပစ္စည်းများ တွေ့ရှိရာ တောင်ကြီး အေးသာယာရှိ မုံတဝလိုဏ်ဂူ နှင့် ကလောမြို့နယ် မြင်းမထိ လိုဏ်ဂူ စသည့် အထောက်အထားများ ဖြစ်သည်။ အဆိုပါ ကျောက်ခေတ် အထောက်အထားများကြောင့် မြန်မာနိုင်ငံတွင် နေထိုင်သူများသည် လူသားအဆင့် မရောက်မီ ပရိုင်းမိတ်အဆင့်မှာပင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြပြီး ကမ္ဘာ့ ပထမဆုံး လူသားများအဖြစ် တိုးတက်ရောက်ရှိလာကာ ကျောက်ခေတ်၊ ကြေးခေတ်၊ ပျူခေတ်၊ ပုဂံခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် နေထိုင်ခဲ့ကြကြောင်း အခိုင်အမာ ကောက်ချက်ချနိုင်သည်။

ထိုင်းနိုင်ငံအတွင်းမှ မွန်လူမျိုးများသည် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ ရွှေ့ပြောင်းခဲ့ကြသူများ ဖြစ်သည်ဟု ယူဆကြပြီး ဘီစီ ၉၀၀ ခန့် တွင် မြန်မာနိုင်ငံတောင်ပိုင်းပင်လယ်နှင့် နီးရာ၊ မူလ နေထိုင်သူ မြန်မာလူမျိုးများ နည်းပါးရာ နေရာများတွင် ဝင်ရောက်နေထိုင်ကြသည်ဟု ယူဆရသည်။ မွန်လူမျိုးများသည်လည်း အခြားသော အရှေ့တောင်အာရှဒေသတွင်း လူမျိုးများနည်းတူ ထေရဝါဒဗုဒ္ဓဘာသာကို အစောဆုံး ကိုးကွယ်ယုံကြည်ကြသည့် လူမျိုးဖြစ်သည်ဟုယူဆရသည်။ [၃၁]

ပျူခေတ် (ဘီစီ ၂၀၀၀ - အေဒီ ၇ ရာစု)

ပျူခေတ်တွင် ဧရာဝတီမြစ်ဝှမ်းတလျှောက် ပျူခေတ်မြို့ပြ၊ တိုင်းနိုင်ငံများကို ထူထောင်ခဲ့ကြသည်။ အင်အားအတောင့်တင်းဆုံးပျူခေတ်နိုင်ငံာ်မှာ သရေခေတ္တရာဖြစ်သည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ပျူလူမျိုးများသည် ၆၅၆ ခုနှစ်ခန့်တွင် တစုံတခုသော အကြောင်းကြောင့် သရေခေတ္တရာကို စွန့်ခွာပြီး မြောက်ဘက်သို့ ပြောင်းရွှေ့ခဲ့ကြကာ ပုဂံဒေသတွင် မြို့ပြများ ထူထောင်ခဲ့ကြသည်။

ပုဂံခေတ် (၁၀၄၄-၁၂၈၇)

ပုဂံမြို့ဟောင်းရှိ ပုဂံခေတ်မှ စေတီပုထိုးနှင့် ဘုရားကျောင်းများ။

ပျူ မြို့ပြများမှ ရွှေ့ပြောင်းလာသူများ နှင့် မြန်မာလူမျိုးများသည် ၇ ရာစုနှစ်ခန့်မှစ၍ ပုဂံဒေသ အနီးတဝိုက်တွင် အခြေချခဲ့ကြပြီး အေဒီ ၈၄၉ ခုနှစ်ခန့်တွင် ပုဂံကို အခြေပြု၍ အင်အားတောင့်တင်းသည့် မင်းနေပြည်တော်တစ်ခုကို ထူထောင်ခဲ့ကြသည်။ အနော်ရထာမင်းတရားကြီး (၁၀၄၄ - ၁၀၇၇) နန်းတက်ခဲ့သည့်ကာလက ဗမာလူမျိုးများ၏ ဩဇာမှာ ယနေ့မြန်မာနိုင်ငံတစ်လွှားသက်ရောက်လွှမ်းမိုးခဲ့သည်။ ၁⁠၁၀၀-ခုနှစ်တွင်မူ အရှေ့တောင်အာရှတိုက်၏ ဒေသအတော်များ⁠များကို ပုဂံမင်းနေပြည်တော်မှ ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းကို အများက ပထမမြန်မာအင်ပါယာအဖြစ်လက်ခံကြသည်။ ၁၂၀၀ ခုနှစ်အနှောင်းပိုင်းကာလတွင် ကူဗလိုင်ခန် ဦးဆောင်သော မွန်ဂိုတို့က ပုဂံနေပြည်တော်အား သိမ်းပိုက်ခဲ့ကြသည်။

ထီးပြိုင်နန်းပြိုင်ခေတ် (၁၂၈၇-၁၅၃၁)

သို့သော် ၁၃၆၄ ခုနှစ်တွင် မြန်မာများသည် အင်းဝဒေသတွင် မိမိတို့၏ မင်းနေပြည်တော်ကို တည်ထောင်ခဲ့ကြပြီး မြန်မာ့ယဉ်ကျေးမှု၏ ရွှေရောင်လွှမ်းသော ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့ကြသည်။ သို့သော် ၁၅၂၇ ခုနှစ်တွင် ရှမ်းများက အင်းဝကို ဖျက်ဆီးပစ်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် မွန်တို့သည် ပဲခူးကို အခြေပြုပြီးအဓိကကျသော ကူးသန်းရောင်းဝယ်ရေးနှင့် ဘာသာရေး ဗဟိုအချက်အချာအဖြစ် ပြန်လည်ရပ်တည်ခဲ့သည်။

တောင်ငူခေတ် (၁၅၃၁-၁၇၅၂)

အင်းဝမှ ထွက်‌ပြေးခဲ့ကြသော ဗမာများသည် ၁၅၃၁ ခုနှစ်တွင် တောင်ငူ၌ တောင်ငူမင်းနေပြည်တော်ကို တပင်ရွှေထီးလက်အောက်တွင် ထူထောင်ခဲ့ကြသည်။ သူသည် မြန်မာနိုင်ငံကို စည်းရုံးပြီး ဒုတိယမြန်မာအင်ပါယာကို ထူထောင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဥရောပတိုက်သားများ၏ လွှမ်းမိုးမှုကြောင့် တောင်ငူမင်းနေပြည်တော်သည်လည်းကူးသန်း ရောင်းဝယ်ရေး ဗဟိုချက်အချာဖြစ်လာသည်။ ဘုရင့်နောင် မင်းတရားကြီးသည် မဏိပူရဇင်းမယ်နှင့် အယုဓျာတို့အား သိမ်းသွင်း၍ နိုင်ငံတော်ကြီးအား ချဲ့ထွင်ခဲ့သည်။

သို့သော်လည်း အတွင်းပုန်ကန်မှုများနှင့် သိမ်းပိုက်နယ်‌မြေများကို ထိန်းချုပ်နိုင်ရန် လိုအပ်သော ဘုရင်မြစ်များ ချို့တဲ့မှုကြောင့်တောင်ငူနေပြည်တော်ကျဆုံးခဲ့ရသည်။ ပေါ်တူဂီများအား တိုက်ထုတ်ခဲ့သော အနောက်ဘက်လွန်မင်းတရားကြီးသည် ၁၆၁၃ ခုနှစ်တွင် မင်းဆက်သစ်တစ်ခုကို အင်းဝတွင် ထူထောင်ခဲ့သည်။ ၁၇၅၂ ခုနှစ်တွင် ပြင်သစ်တို့၏ အကူအညီဖြင့် ထကြွပုန်ကန်သော မွန်တို့ကြောင့်နေပြည်တော်ကျဆုံးခဲ့သည်။

ကုန်းဘောင်ခေတ် (၁၇၅၂-၁၈⁠၈၅)

၁၂၈၅ lithography ပုံတွင် အင်္ဂလိပ်စစ်သားနှစ်ယောက်သည် ရွှေတိဂုံစေတီ နားကင်းလှည့်ကြသည်။

၁၇၅၂ ခုနှစ်တွင် အလောင်းဘုရားသည် ကုန်းဘောင်မင်းဆက်ကို ထူထောင်ပြီး တတိယမြန်မာအင်ပါယာကြီးကို တည်ဆောက်ခဲ့သည်။ ၁၇၆၇ ခုနှစ်တွင် မြေဒူးမင်းတရားကြီးက အယုဓျာနိုင်ငံအား သိမ်းပိုက်အောင်မြင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုက ထိုင်းယဉ်ကျေးမှုအပေါ်အတော်လွှမ်းမိုးစေခဲ့သည်။ တရုတ်ပြည် ချင်မင်းဆက်သည် မြန်မာတို့၏ ကြီးထွားလာသော အင်အားကို စိုးရိမ်းသဖြင့်မြန်မာကို ၁၇၆၅ ၁၇၆၉ ခုနှစ်ကာလတွင်း တရုတ် - မြန်မာ စစ်ပွဲများလေးကြိမ်တိတိသိမ်းပိုက်ရန်ကြိုးစားအားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်မင်းဆက်များက အယုဓျာအား စွန့်လွှတ်ခဲ့ရသော်လည်း ရခိုင်နှင့် တနင်္သာရီတို့ကို ရရှိခဲ့သည်။

၁၈၂၄ ခုနှစ်ဘကြီးတော်မင်းတရားလက်ထက်တွင် စစ်သူကြီးမဟာဗန္ဓုလသည် အိန္ဒိယနိုင်ငံရှိဗြိတိသျှတို့၏ နယ်‌‌မြေနှင့် ထိစပ်နေသော အာသံပြည်နယ်ကို သိမ်းပိုက်ရာမှ စစ်မီးပွားခဲ့သည်။ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမြင်းခြံမြို့ ရန္တပိုရွာတွင် စာချုပ်ချုပ်၍ ငြိမ်းစေခဲ့ပြီး ကမ်းရိုးတန်းဒေသများဖြစ်သည့်ရခိုင်နှင့် တနင်္သာရီဒေသများကို စွန့်လွှတ်ခဲ့ရသည်။ ၁၈၅၂ ခုနှစ်တွင် သာယာဝတီမင်းတရားကြီးသည် နယ်စပ်ပြဿနာများမှ ပေါ်ပေါက်လာသည့် အခင်းများမှ အင်္ဂလိပ်အရာရှိများအားဖမ်းဆီးခဲ့သည်ကို အကြောင်း ပြုပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖန်တီးခဲ့ကြသည်။ ဤတစ်ကြိမ်တွင် အင်္ဂလိပ်တို့သည် ကျန်ရှိနေသေးသည့် ကမ်းရိုးတန်းဒေသများဖြစ်သည့် ဧရာဝတီရန်ကုန်နှင့် ပဲခူးတို့အား သိမ်းပိုက်ခဲ့သည်။ ၁၈⁠၈၅ ခုနှစ်တွင် မြန်မာကောက်တော်များသည် ဘုရင့်အမိန့်တော်အရ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာမှ ဘုံဘေ-ဘားမားသစ်ကုမ္ပဏီသည် သစ်များကို တရားမဝင်ခုတ်လှဲပြီး အခွန်တိမ်း ရှောင်ရန် ဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ သီပေါမင်းသည် ကုမ္ပဏီအားဒဏ်ရိုက်အရေးယူခဲ့သည် ကို ဗြိတိသျှတို့ဘက်မှ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံအား သိမ်းပိုက်ရန် အခွင့်အရေးအဖြစ် ယူဆခဲ့ပြီး ၁၈⁠၈၅ ခုနှစ်နိုဝင်ဘာတွင် ရက်သတ္တ နှစ်ပတ်တည်းနှင့် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ဆင်နွှဲခဲ့လေသည်။ သီပေါမင်းတရားကြီးနှင့် တကွ တော်ဝင်မိသားစုဝင်များအား ဖမ်းဆီးခဲ့ပြီး မဒြစ်သို့ ပြည်နှင် ဒဏ်ပေးခဲ့၍ နောက်ဆုံးတွင် ရတနာဂီရိသို့ ပို့ဆောင်ခဲ့ကြသည်။

ဗြိတိသျှအုပ်ချုပ်ရေး (၁၈⁠၈၆-၁၉၄၈)

ယနေ့မြန်မာနိုင်ငံတွင်ရန်ကုန်မြို့ရှိ တရားရုံးချုပ်သည် ဗြိတိသျှကိုလိုနီခေတ်၏ ကြွင်းကျန် အမှတ်အသားများအနက် တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၈⁠၈၅ ခုနှစ် နိုဝင်ဘာကုန်ပိုင်းတွင် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုအဖြစ် ကျရောက်သွားခဲ့ပြီး ၁၈⁠၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင် ဝိတိုရိယဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ဆက်သခဲ့ကြသည်။ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံသည် သီးခြားအုပ်ချုပ်နယ်မြေဖြစ်လာပြီး အိန္ဒယနိုင်ငံနှင့် ခွဲခဲ့သည်။ တိုင်းပြည်အတွင်းခွဲရေးတွဲရေး အရေးအခင်းကြောင့် ပေါ်ပေါက်လာသော အက်ကွဲကြောင်းသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းဆက်ဖြစ်လာသည့် ပြည်တွင်းဆူပူသောင်းကျန်းမှုများ၏ မြစ်ဖျားခံရာအဖြစ် တွေ့ရှိရမည်ဖြစ်သည်။

၁၉၄၀ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ) ကို တည်ထောင်ခဲ့ကြသည်။[၃၂][၃၂] ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံတွင် စစ်သင်တန်းများတက်ရောက်ခဲ့ကြသည်။[၃၂]

ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစစ်မျက်နှာတွင် အရေးပါသည့် အခန်းကမှ ပါဝင်ခဲ့သည်။ စစ်ပွဲ၏ ကနဦးပိုင်း မြန်မာပြည်စစ်ဆင်ရေးတွင် ဂျပန်ဦးဆောင်မှုသည် အောင်မြင်မှုများ ရရှိခဲ့ပြီး ဗြိတိသျှများအား မြန်မာပြည်အနှံ့မှ တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော်မဟာမိတ်များက ပြန်လည်တုံ့ပြန်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဇူလိုင်တွင် မဟာမိတ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာတို့သည် နှစ်ဘက်စလုံးမှ ပါဝင်ခဲ့ကြသည်။ မြန်မာများသည် အစပိုင်းတွင် ဂျပန်တို့ဘက်မှ ပါဝင်ခဲ့ကြသော်လည်း မြန်မာအချို့တို့သည် ၁၉၄၁-၁၉၄၂ ခုနှစ်များတွင် အင်္ဂလိပ်တို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၃ ခုနှစ်တွင် ချင်းတပ်နှင့် ကချင်တပ်များကို ဗြိတိသျှတို့ ထိန်းချုပ်သည့် နယ်စပ်ဒေသများတွင် ဖွဲ့စည်းခဲ့ကြသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်းများသည် ၁၉၄၃-၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အော့်ဝင်းဂိတ်၏ လက်အောက်၌ ချင်းဒစ်တပ်ဖွဲ့များအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အမေရိကန်များကန်-ကချင်အထူးတပ်များအားဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အောက်တွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ အခြားများစွာသော တပ်ဖွဲ့များမှာ ဗြိတိသျှအထူးစစ်ဆင်ရေးအဖွဲ့များ အောက်တွင် ပါဝင်ခဲ့ကြသည်။ ဗမာ့လွတ်မြောက်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ရခိုင်အမျိုးသားတပ်မတော်နှင့် အတူဂျပန်တို့ဘက်မှ ပါဝင်၍ ၁၉၄၂-၁၉၄၄ ခုနှစ်များတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အား ပြန်လှန်တွန်းလှန်ခဲ့ကြလေသည်။

၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကြားဖြတ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံအမှုဆောင်ကောင်စီအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံ တွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၁၉၄၇ ဇူလိုင်တွင် နိုင်ငံရေးပြိုင်ဘက်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အစိုးရအဖွဲ့ဝင်အချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။[၃၂]

ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၄၈-၁၉၆၂)

ရန်ကုန်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင် ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရခြင်းကို အောက်မေ့ရန် တည်ထားခြင်းဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် ပထမဦးဆုံး ပြည်ထောင်စုသမ္မတ အဖြစ် စဝ်ရွှေသိုက် နှင့် ပထမဦးဆုံး ဝန်ကြီးချုပ်ဦးနု တို့ တာဝန်ယူခဲ့သော လွတ်လပ်သည့် သမ္မတနိုင်ငံဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ရပ်တည်ခဲ့လေသည်။ အခြားဗြိတိသျှကိုလိုနီနိုင်ငံများနှင့် မတူညီဘဲ ဓနသဟာယနိုင်ငံများအဖွဲ့ဝင်အဖြစ် မပါဝင်ခဲ့ချေ။ အထက်လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ် ပါဝင်သော ပါလီမန်စနစ်ကို ကျင့်သုံးခဲ့သည်။[၃၃]

ယနေ့ မြင်တွေ့ရသော မြန်မာနိုင်ငံသည် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည်တို့ ပါဝင်သည့် ဗမာပြည်မနှင့် ဗြိတိသျှတို့သီးခြားအုပ်ချုပ်ခဲ့သည့် နယ်ခြားဒေသများတို့ကို ပူးပေါင်း၍ ဖွဲ့စည်းထားပြီး ပင်လုံစာချုပ်အရ ဖြစ်လာသော နယ်မြေအဖြစ်ဇစ်မြစ်လိုက်၍ ရလေသည်။[၃၄] ၁၉၆၁ ခုနှစ်တွင် ထိုစဉ်က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ်နှင့် ယခင်ဝန်ကြီးပေးခဲ့ဘူးသည့် ဦးသန့်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အရွေးချယ်ခံခဲ့ရသည်။[၃၅]

စစ်အုပ်ချုပ်ရေး (၁၉၆၂-၂၀၁၁)

နိုင်ငံကို ၂၆ နှစ်တိုင်⁠တိုင်အုပ်ချုပ်ခဲ့သည့် နေဝင်း ဦးဆောင်သော စစ်အစိုးရက အာဏာသိမ်းယူသည့် ၁၉၆၂ ခုနှစ်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရပ်စဲသွားပြီး မြန်မာ့ဆိုရှယ်လစ်စနစ်လမ်းစဉ်ကို စတင်ခဲ့သည်။[၃၆] ၁၉၇၄ ခုနှစ်တွင် ဦးသန့်၏ ဈာပနအခမ်းအနားမှ စတင်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုနှင့်အတူ သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့သည်။[၃၆] ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ (၈⁠၈၈၈) တွင် တော်လှန်ရေးတစ်ရပ်၏ ဖြစ်လုဆဲ⁠ဆဲအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တန်ပြန်အနေနှင့် ဗိုလ်ချုပ်စောမောင်မှ အာဏာသိမ်းယူခဲ့သည်။ ၎င်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားပြီး စစ်အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ်များအား ရွေးချယ်တင်မြောက်မည့် စီမံချက်များကို ၁၉၈၉ ခုနှစ် မေ ၃၁ တွင် အပြီးသတ် ရေးဆွဲခဲ့ကြသည်။[၃၇]

၁၉၉ဝ ခုနှစ် မေတွင် လွတ်လပ်သော ရွေးကောက်တင်မြောက်ပွဲကို နှစ် ၃၀ အတွင်းပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ စုစုပေါင်း အမတ်နေရာ ၄၈၉ အနက် ၄၀၉ နေရာကို အနိုင်ရရှိခဲ့သည်။[၃၈] သို့သော်နဝတအစိုးရမှ ရွေးကောက်ပွဲ ရလဒ်များကို ငြင်းပယ်ခဲ့ပြီး ဆင်းပေးရန်ငြင်းဆိုခဲ့သည်။ နဝတအဖွဲ့သည် အင်္ဂလိပ်အခေါ် ဘားမား (Burma) အားမြန်မာ (Myanmar) ဟု ၁၉၈၉ ခုနှစ်တွင် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉⁠၉၁ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးဆောင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၁၉⁠၉၂ ခုနှစ်တွင် နဝတအဖွဲ့သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပဒေသစ် ရေးဆွဲရန် ဖော်ထုတ်ခဲ့ပြီး အမျိုးသားညီလာခံတစ်ရပ်ကို ၁၉⁠၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ခဲ့သည်။[၃၉] ၁၉၉၇ ခုနှစ်တွင် နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉⁠၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများအသင်းမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ပြုခဲ့သည်။ အမျိုးသားညီလာခံသည် ဆက်လက် ကျင်းပလိုက် ရပ်နားလိုက်ဖြင့် စခန်းသွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများစွာတို့မှာ ညီလာခံတွင် ပါဝင်ခြင်းမရှိဘဲ တိုးတက်မှုမှာလည်း မရှိသလောက်ဖြစ်သည်။[၃၉]

၂၀⁠၀၆ ခုနှစ် မတ် ၁၇ ရက်တွင် နအဖစစ်အစိုးရသည် မြို့တော်ကို ပျဉ်းမနားအနီးရှိ ဒေသသို့ပြောင်းရွှေ့ခဲ့ကာ မင်းတို့၏ နန်းစံရာ 'နေပြည်တော်'ဟု တရားဝင်‌ကြေညာခဲ့သည်။[၄၀] ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် အမေရိကန်ဦးဆောင်သည့် မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အာဂျင်ဒါတွင် ထည့်သွင်းရေးကြိုးပမ်းမှုအောင်မြင်ခဲ့ပြီး လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သို့အရေးယူဆောင်ရွက်မည်ကို တရားဝင်ဆွေးနွေးရန် လမ်းစပေါ်ပေါက်ပြီဖြစ်သည်။[၄၁]

၂ဝဝ၆ ခုနှစ် နိုဝင်ဘာတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့မှ မြန်မာနိုင်ငံ၏ ဆက်တိုက်ကျူးလွန်ဖောက်ဖျက်နေသည့် စစ်တပ်မှ အဓမ္မလုပ်အားပေးခိုင်းမှုများအား အပြည်ပြည်ဆိုင်ရာတရားရုံးချုပ်တွင် တိုင်တန်းအရေးယူနိုင်ရန် ကြေညာခဲ့သည်။[၄၂]

၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာသည်။

၂၀၂၁ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ပြည်တွင်းပဋိပက္ခများ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ [၄၃] တပ်မတော်နှင့် နီးစပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာမူ ရွေးကောက်ခံ အမတ်နေရာ ၄၇၆ နေရာတွင် ၃၃ နေရာသာ ရရှိပြီး အရှက်ရဖွယ် ရှုံးနိမ့်ခဲ့သည်။ [၄၄][၄၅]

ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်လာသည်နှင့်အမျှ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့က မဲစာရင်းမှားယွင်းသည်ဟုဆိုကာ ရလဒ်များကို လက်မခံဘဲ တပ်မတော်၏ လေ့လာစောင့်ကြည့်မှုဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခဲ့သည်။ [၄၃]သို့သော်လည်း နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများကမူ ကြီးကြီးမားမား မမှန်မကန်မှုများ မရှိခဲ့ကြောင်း ကြေညာခဲ့သည်။[၄၆]

၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ လွှတ်တော်အစည်းအဝေး စတင်မည့်နေ့ နံနက်အစောပိုင်းတွင် တပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အခြား NLD အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ [၄၇]တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ နိုင်ငံကို စတင်အုပ်ချုပ်ခဲ့သည်။ တစ်နိုင်ငံလုံးကို တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် နယ်စပ်များကို ပိတ်ခြင်း၊ ခရီးသွားလာမှုနှင့် အင်တာနက်ဆက်သွယ်ရေးများကို ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်သူလူထု၏ ဆန့်ကျင်ဆန္ဒပြမှုများ

အာဏာသိမ်းပြီး နောက်တစ်နေ့တွင် ရန်ကုန်မြို့နှင့်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောင်ပေါင်းများစွာသော ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) တွင် နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားများပင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ [၄၈]တပ်မတော်က ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ တစ်နေ့တည်းတွင်ပင် လူပေါင်း ၃၈ ဦး သေဆုံးခဲ့ရသည်။[၄၉]

နိုင်ငံတကာ၏ တုံ့ပြန်မှု

ရှုတ်ချမှုနှင့် ပိတ်ဆို့အရေးယူမှုများ: ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများက အာဏာသိမ်းမှုကို ချက်ချင်းရှုတ်ချခဲ့သည်။ အမေရိကန်ပြည်ထောင်စုက စစ်ခေါင်းဆောင်များအပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန်နှင့် အမေရိကန်တွင်ရှိသော မြန်မာအစိုးရပိုင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ထိန်းချုပ်ရန် ခြိမ်းခြောက်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံခေါင်းဆောင်အားလုံးကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။[၅၀][၅၁]

အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့မှာမူ စစ်အာဏာသိမ်းမှုကို ဝေဖန်ခြင်းမှ ရှောင်ကြဉ်ခဲ့ကြသည်။.[၅၂][၅၃][၅၄][၅၅]

ပြည်တွင်းစစ်သို့ ဦးတည်သွားခြင်း

အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ က ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Defence Force - PDF) ကို ဖွဲ့စည်းတည်ထောင်ကြောင်း ကြေညာခဲ့သည်။ PDF ၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ ပြည်သူလူထုကို ကာကွယ်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ရေးအတွက် ပထမခြေလှမ်းအဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ပထဝီဝင်

A clickable map of Burma/Myanmar exhibiting its first-level administrative divisions.
A clickable map of Burma/Myanmar exhibiting its first-level administrative divisions.

မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်မြောက်အရပ်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့ဖြင့် ထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံနယ်နိမိတ်၏ သုံးပုံတစ်ပုံ ၁၉၃ဝ ကီလိုမီတာ (၁⁠၁၉၉ မိုင်) မှာ တစ်ဆက်တစ်စပ်တည်းသော ကမ်းရိုးတန်းအဖြစ် တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် မြေဧရိယာအားဖြင့် ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အမှတ်စဉ် ၄၀ မြောက် မြေဧရိယာအကြီးဆုံး နိုင်ငံဖြစ်သည်။ ခေတ်သစ်ကာလအချိန်များတွင် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသော လူဦးရေမှ ယင်း၏ နိုင်ငံရေး၊ သမိုင်းကြောင်းနှင့် လူသားရင်းမြစ်များအား အဓိကအခန်းကဏ္ဍများမှ ဖော်ဆောင်လျက်ရှိသည်။ ၁၉⁠၉၂ ခုနှစ်က အာဏာရယူခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှအင်ပါယာ အောက်တွင် ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ လူမျိုးရေးတင်းမာမှုနှင့် အာဏာသိမ်းရန် ကြိုးစားအားထုတ်မှုများကို ဆက်လက်ရင်ဆိုင်ရလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှု နက်ရှိုင်းစွာခံနေရသည့် နိုင်ငံ၏ ယဉ်ကျေးမှုတွင် ထူးခြားသည့် ဗုဒ္ဓယဉ်ကျေးမှုနှင့် တိုင်းရင်သားဓလေ့များ ရောနှောလျက်ရှိသည်။

တည်နေရာ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှတိုက် အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်အထိ ကျယ်ဝန်းသည်။ အိမ်နီးချင်းနိုင်ငံများအဖြစ် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိပြီး တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တည်ရှိသည်။ ရန်ကုန်မြို့တော်ကို အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် မျဉ်းကြောင်းနှင့် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၅ မိနစ်မျဉ်းကြောင်းတို့ ဖြတ်သန်းသွားကြသည်။ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ မိနစ် ၃ဝ မျဉ်းကို မြန်မာစံတော်ချိန်မျဉ်းအဖြစ် သတ်မှတ်ထားရာ မြန်မာစံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် ၆ နာရီ မိနစ် ၃ဝ စောသည်။

အကျယ်အဝန်း

မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁,၂⁠၂၈ စတုရန်းမိုင် (၆၇၆,၅၇၈ စတုရန်းကီလိုမီတာ) ရှိသည်။ အရှေ့တောင်အာရှတိုက်တွင် ဒုတိယအကြီးဆုံးဖြစ်ပြီး မြေပြင်တဆက်တည်းအကျယ်အဝန်းအရဆိုလျှင် အကြီးဆုံးဖြစ်သည်။ ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ တက္ကဆက်ပြည်နယ်ထက် အနည်းငယ်သေးပြီး အာဖဂန်နစ္စတန်နိုင်ငံထက် အနည်းငယ်ကြီးမားသည်။ အရှေ့နှင့်အနောက် ၅၈၂ မိုင် (၉၃၆ ကီလိုမီတာ) ကျယ်ဝန်းပြီး တောင်နှင့်မြောက် ၁,၂၇၅ မိုင် (၂,ဝ၅၁ ကီလိုမီတာ) ရှည်လျားသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ်အရှည်သည် မိုင်ပေါင်း ၅,၂ဝဝ ခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်မိုင်ပေါင်း ၃,၈ဝ၈ မိုင် ဆက်စပ်လျက်ရှိရာတရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ (၁,၃၅၇ မိုင်)၊[၅၆] မြန်မာ-ထိုင်း ၁,၃၁၄ မိုင်၊ မြန်မာအိန္ဒိယ ၈၅၇ မိုင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၅၂ မိုင်နှင့် မြန်မာ-လာအို ၁၂၈ မိုင် အသီးသီး ရှိကြသည်။ ရေမိုင်နယ်နိမိတ်မှာ နတ်မြစ်ဝမှ ကော့သောင်းအထိ အလျား ၁,၃၈၅ မိုင်ခန့်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ တည်ရှိကာ ပင်လယ်ကမ်းရိုးတန်းမှာ ၁၉၃ဝ ကီလိုမီတာ (၁⁠၁၉၉ မိုင်) ရှည်လျားသည်။ ကမ်းရိုးတန်း၏အလျားမှာ နိုင်ငံပတ်ပတ်လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသည်။ [၅၆]

မြေမျက်နှာသွင်ပြင်

မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အကြမ်းအားဖြင့် အနောက်ဘက်တောင်တန်းကြီးများဒေသ၊ အလယ်ပိုင်း မြေနိမ့်မြစ်ဝှမ်း လွင်ပြင်ဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ သုံးပိုင်းပိုင်းခြားနိုင်သည်။ ဟိမဝန္တာတောင်တန်းသည် မြန်မာနိုင်ငံနှင့်ဆက်စပ်နေပြီး အနောက်ရိုးမတောင်တန်းအဖြစ် တောင်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ အနောက်ရိုးမတောင်တန်းဒေသ၏ မြန်မာနိုင်ငံမြောက်စွန်းတွင်ရှိသော ခါကာဘိုရာဇီတောင်မှာ ၅၈⁠၈၁ မီတာ (၁၉၂၉၅ ပေ) မြင့်၍ မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။[၅၇] စာရာမေတိတောင်ထိပ်သည် ၁၂၅⁠၅၃ ပေမြင့်သည်။ မြန်မာနိုင်ငံတွင် ဟိမဝန္တာတောင်မကြီး၏ မြောက်မှ တောင်သို့ ဖြာဆင်းလာသော တောင်တန်းကြီးသုံးခုရှိရာယင်းတို့မှာ ရခိုင်ရိုးမ၊ ပဲခူးရိုးမနှင့် ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ကြလေသည်။[၅၈] အနောက်ရိုးမတောင်တန်းကြီးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တံတိုင်းသဖွယ် ကာဆီးထားလျက်ရှိသည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသများတွင် ဧရာဝတီမြစ်ဝှမ်းဒေသသည် အကျယ်ဆုံးဖြစ်၍ ပထမပိုင်းကို မြစ်ဖျားမှ မန္တလေးမြို့အထိ၊ ဒုတိယပိုင်းကို မန္တလေးမှ ပြည်မြို့အထိ၊ တတိယပိုင်းကို ပြည်မြို့မှ မြစ်ဝအထိ ပိုင်းခြားလေ့လာတွေ့ရှိနိုင်သည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသတွင် စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတို့လည်း ပါဝင်သည်။ အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသ၌ ဇီးဖြူတောင်တန်း၊ မင်းဝံတောင်တန်း၊ မှန်ကင်းတောင်တန်းနှင့် ဂန့်ဂေါတောင်တန်းစသည့် တောင်တန်းငယ်များ တည်ရှိသည်။ ထိုဒေသ၌ ပဲခူးရိုးမတောင်တန်းသည် မြောက်မှတောင်သို့ တွန့်ခေါက်သွယ်တန်းလျက် ရှိသည်။ အရှေ့ဘက် ကုန်းမြင့်ဒေသမှာ ရှမ်းကုန်းပြင်မြင့်ဒေသဖြစ်၍ ပျမ်းမျှ ပေပေါင်း ၃ဝ⁠ဝဝ မှ ၄ဝ⁠ဝဝ အထိ မြင့်သည်။ ကုန်းပြင်မြင့်ဆိုသော်လည်း ညီညာနေခြင်းမဟုတ်ဘဲ မြင့်မောက်သော တောင်တန်းကြီးများရှိပြီး သံလွင်မြစ်သည် ရှမ်းကုန်းပြင်မြင့်ဒေသမှ တနင်္သာရီကမ်းမြောင်မြောက်ပိုင်း မြေညီလွင်ပြင်သို့ စီးဆင်းသည်။ ရှမ်းကုန်းပြင်မြင့်၌ မြစ်ဖျားခံသော ရွှေလီ၊ မြစ်ငယ်၊ ဇော်ဂျီနှင့် ပန်းလောင်မြစ်တို့သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြသည်။ ဧရာဝတီမြစ်သည် မြန်မာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး ၂၁၇ဝ ကီလိုမီတာ (၁၃၄၈ မိုင်‌) နီးပါးရှည်လျားပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ တောင်စဉ်တောင်တန်းကြီးအကြားတွင် မြေဩဇာကောင်းမွန်သော လွင်ပြင်ကျယ်ကြီးများ တည်ရှိလေသည်။[၅၈] မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းကုန်းပြင်မြင့်ကြားတွင် ရှိသည့် ဧရာဝတီမြစ်ဝှမ်းဒေသတလျှောက် နေထိုင်ကြသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၎င်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ထိန်းသိမ်းပေးရာရောက်ခဲ့သည်။[၅၉] သစ်တောအုပ်ကြီးများ ထူထပ်သိပ်သည်းသည့် အမြဲစိမ်းသစ်တောများနှင့် ကျွန်းတောကြီးများသည် အောက်မြန်မာနိုင်ငံ၏ ၄၉ ရာခိုင်နှုန်း ‌ကျော်သော ဧရိယာကို ဖုံးလွှမ်းလျက်ရှိသည်။ ဤဒေသတွင် အလေ့ကျပေါက်ရောက်သော အပင်များတွင် ကြက်ပေါင်စေးပင်၊ ရှားပင်ပျဉ်းကတိုးပင်၊ လမုတော၊ အုန်းပင်နှင့် ကွမ်းသီးပင်များ ပါဝင်လေသည်။ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ဇလပ်ပင်မျိုးစုံတို့ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း အပူပိုင်းဒေသသစ်သီးဝလံမျိုးစုံပေါက်ရောက်ကြသည်။[၅၉] မိုးနည်းရပ်ဝန်းဒေသတွင်မူ အပင်များမှာ ကြဲပြီးလှီကြသည်။

သားရဲတိရစ္ဆာန်များ

တောင်တွင်းသားရဲတိရစ္ဆာန်များအနက် ကျားနှင့် ကျားသစ်တို့သည် မြန်မာနိုင်ငံတွင် တွေ့ရတတ်လေ့ရှိသည်။ အထက်မြန်မာနိုင်ငံတွင် ကြံ့၊ ကျွဲရိုင်းတောဝက်သမင်ဒရယ်နှင့် ဆင်များကို တွေ့နိုင်ပြီး ဆင်များကို ယဉ်အောင်မွေးယူ၍ သစ်လုပ်ငန်းများတွင် ခိုင်းစေအသုံးချကြသည်။ သေးငယ်သော နို့တိုက်သတ္တဝါများမှာလည်း ပေါများလှပြီး မျောက်လွှဲကျော်နှင့် မျောက်များမှအစ ရှူးပျံနှင့် ကြံ့သူတော်များအဆုံး တွေ့မြင်ရသည်။ ငှက်မျိုးစုစုပေါင်း ၈၀⁠၀ ကျော်ခန့်တွင် ကြက်တူရွေးရစ်၊ ဥဒေါင်း၊ ကျီးကန်းငဟစ်နှင့် စပါးခင်းငှက်များ ပါဝင်သည်။ တွားသွားသတ္တဝါတွင်မူ မိချောင်း၊ တောက်တဲ့၊ ‌မြွေဟောက်၊ စပါးကြီးမြွေနှင့် လိပ်တို့ကို ပါတွေ့ရှိနိုင်သည်။ ရေချိုငါးမျိုးစုပေါင်း ရာနှင့်ချီ၍ တွေ့မြင်ရပြီး လွန်စွာမှ ပေါများကာ အရေးပါသည့် အစာအဟာရ ရင်းမြစ်လည်း ဖြစ်သည်။[၆၀]

Global Forest Watch ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် မြန်မာ့သစ်တောပြုန်းတီးမှုမှာ ဧက ၇ သိန်း ၁ သောင်းကျော် ရှိခဲ့ပါသည်။ ၎င်းပမာဏသည် ရန်ကုန်မြို့၏ ငါးဆနီးပါးနှင့် ညီမျှပါသည်။ မြန်မာ့သစ်တောပြုန်းတီးမှု ပြဿနာသည် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်ကာ ၂၀၀၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်း ဧက ၁ သန်း ၉ သိန်း ၆ သောင်းကျော် ပြုန်းတီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရှမ်း၊ တနင်္သာရီ၊ ကချင်၊ စစ်ကိုင်းနှင့် ကရင်ပြည်နယ်တို့သည် သစ်တောပြုန်းတီးမှု အများဆုံးနေရာများ ဖြစ်ကြောင်း သိရသည်။[၆၁]

ရာသီဥတု

မြန်မာနိုင်ငံသည် များသောအားဖြင့် ဥတ္တရယဉ်စွန်းတန်းနှင့် အီကွေတာအကြားတွင် ကျရောက်တည်ရှိသည်။ မြန်မာနိုင်ငံသည် အာရှဒေသ၏ မှတ်သုံရပ်ဝန်းဒေသတွင် ကျရောက်ပြီး ၎င်း၏ ကမ်းရိုးတန်းဒေသများရရှိသော မိုးရေချိန်မှာ နှစ်စဉ် ၅ဝ⁠ဝဝ မမ (၁၉၇ လက်မ) ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် နှစ်စဉ်မိုးရေချိန်မှာ ၂၅ဝဝ မမ (၉၈ လက်မ) ဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော မိုးနည်းရပ်ဝန်းဒေသတွင် နှစ်စဉ်မိုးရေချိန် ၁၀⁠၀၀ မမ (၃၉ လက်မ) ထက်နည်းလေသည်။ မြောက်ဘက်ဒေသများသည် အအေးဆုံးဖြစ်ပြီး ပျမ်းမျှအပူအချိန် ၂၁ ဒီဂရီစင်တီဂရိတ် (၇၀ ဒီဂရီ ဖာရင်ဟိုက်) ရှိလေသည်။ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၏ ပျမ်းမျှအပူချိန်မှာ ၃၂ ဒီဂရီစင်တီဂရိတ် (၉ဝ ဒီဂရီဖာရင်ဟိုက်) ရှိလေသည်။[၅၈]

အကြမ်းအားဖြင့် နွေ၊ မိုး၊ ဆောင်း ဟူ၍ သုံးရာသီ ပိုင်းခြားထားသည်။ မတ်လမှ မေလလယ်အထိ နွေဥတု၊ မေလလယ်မှ အောက်တိုဘာလကုန်အထိ မိုးဥတုနှင့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလကုန်အထိ ဆောင်းဥတုဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံသည် အပူပိုင်းမုတ်သုံရာသီဥတု ရှိသော်လည်း မြေမျက်နှာပြင်အနေအထား ကွဲပြားခြားနားမှုကြောင့် တစ်နေရာနှင့်တစ်နေရာ ရာသီဥတု ကွဲပြားသွားသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တစ်နှစ်လျှင် စုစုပေါင်း မိုးရေချိန်လက်မ ၄ဝ အောက်သာရရှိပြီး ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂ဝဝ ခန့်ရရှိသည်။

နွေဥတုဖြစ်သော မတ်လနှင့်ဧပြီလများတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ပျမ်းမျှအမြင့်ဆုံး အပူချိန်မှာ ၁⁠၁ဝ ဒီဂရီဖာရင်ဟိုက် (၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်) အထက်ဖြစ်၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ၉၇ ဒီဂရီ ဖာရင်ဟိုက် (၃၆ ဒသမ ၁ ဒီဂရီစင်တီဂရိတ်) ခန့်နှင့် ရှမ်းကုန်းပြင်မြင့်တွင် ၈၅ မှ ၉၅ ဒီဂရီဖာရင်ဟိုက် (စင်တီဂရိတ် ၂၉ ဒသမ ၄ နှင့် ၃၅ ဒီဂရီ) အတွင်းရှိသည်။ မြို့များ၏ တည်နေရာနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်ကိုလိုက်၍ အပူချိန်ကွာခြားသည်။ အပူချိန်မြင့်လွန်းခြင်း၊ နိမ့်ကျလွန်းခြင်းများ မရှိပေ။ တိုက်ခတ်သော လေကြောင်းနှင့် လေဖိအားအခြေအနေများကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်စေသည်။ အချို့နှစ်များတွင် မုန်တိုင်းပြင်းထန်စွာ ကျရောက်သဖြင့် ကမ်းရိုးတန်းဒေသများတွင် ရံဖန်ရံခါမုန်တိုင်းဒဏ်ခံရသည်။ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာနိုင်ငံတွင်ပေါ်ပေါက်ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်များတွင် အဆိုးရွား၊ အကြမ်းတမ်းဆုံးသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို မြန်မာနိုင်ငံသည် ၂ဝ⁠ဝ၈ ခုနှစ် မေလ ၂ရက်နေ့၌ ကြုံတွေ့ခဲ့ရသည်။ ရာသီဥတုမှန်ကန်မျှတမှုကို အထောက်အကူပြုစေရန်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နိုင်ငံတော်က ဦးစားပေး အကောင်အထည်ဖော်လျက်ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ

မြန်မာပြည်သည် တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခု ရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် ပြည်နယ်ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီးခုနှစ်တိုင်းတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။[၆၂] တိုင်းဒေသကြီးများတွင် ဗမာများ အဓိကနေထိုင်ကြပြီး ပြည်နယ်များတွင် မျိုးနွယ်စုတိုင်းရင်သားများ နေထိုင်ကြသည်။ အုပ်ချုပ်ရေးအရမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအဖြစ် ထပ်မံခွဲထားသည်။ အဓိကမြို့ကြီးများ အားခရိုင်နှင့် မြို့နယ်များအဖြစ် ထပ်မံခွဲထားသည်။

တိုင်းဒေသကြီးများ

ပြည်နယ်များ

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စသည်တို့ ခွဲခြားထားပုံ

စဉ်တိုင်းဒေသကြီး/ပြည်နယ်ခရိုင်မြို့နယ်မြို့ရပ်ကွက်ကျေးရွာအုပ်စုကျေးရွာ
ကချင်ပြည်နယ်၁၈၁၄၃၅၉၇၂၅၈၃
ကယားပြည်နယ်၃၁၇၉၆၂၀
ကရင်ပြည်နယ်၇၄၃၇၄၂၁၆၁
ချင်းပြည်နယ်၃၇၄၇၁၁၃၅၂
မွန်ပြည်နယ်၁၀၈၀၃၈၃၁၂၀၀
ရခိုင်ပြည်နယ်၁၇၁၃၃၁၀၄၀၃၈၆၀
ရှမ်းပြည်နယ်၁၃၅၅၂၀၄၃၂၁၆၂၉၁၅၃၈၇
ပဲခူးတိုင်းဒေသကြီး၂၈-၂၅၄၁၄၂၃၆၄၅၂
စစ်ကိုင်းတိုင်းဒေသကြီး၃၇၁၈၇၁၇၆၈၆၀၈၇
၁၀တနင်္သာရီတိုင်းဒေသကြီး၁၀၈၃၂၆၄၁၂၃၀
၁၁မကွေးတိုင်းဒေသကြီး၂၅၁၆၃၁၅၄၁၄၇⁠၇၁
၁၂မန္တလေးတိုင်းဒေသကြီး၃၆၂၉၇၁၅၉၇၅၄၂၄
၁၃ရန်ကုန်တိုင်းဒေသကြီး၄၅၇၄၂၆၂၀၂၀၈၉
၁၄ဧရာဝတီတိုင်းဒေသကြီး၂၆၂၃၅၁၉၁၂၁⁠၁၇၀၁
စုစုပေါင်း၇၀၃⁠၃၀၆၄၂၈၉၁၁၃၆၉၈၆၄၉၁၇

[၆၃]

နိုင်ငံရေးနှင့် အစိုးရ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် ပြည်ထောင်စု သီးခြားလွှတ်တော် သမ္မတနိုင်ငံဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ၌ မဲစာရင်းမသမာမှုများရှိသည်ဟု စွပ်စွဲခဲ့ရာနိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ဒုတိယသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ်ထားရှိခဲ့ပြီး ၂၀၂၁ ဩဂုတ်တွင် မိမိကိုယ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[၆၄] ထိုသို့အာဏာသိမ်း၍ ဖွဲ့စည်းထားသောစစ်အစိုးရကို ဆန့်ကျင်ရန်အတွက် ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသော လွှတ်တော်အမတ်များနှင့် တိုင်းရင်းသားအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရကို စင်ပြိုင်အစိုးရအဖြစ် ဖွဲ့စည်းခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဒူဝါလရှီးလ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ဦးဆောင်လျက်ရှိကြသည်။[၆၅]

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ခေါင်းဆောင်များက ရေးဆွဲခဲ့သည့်အလျောက် ဥပဒေပြုလွှတ်တော်နေရာများ၏ ၂၅ ရာခိုင်နှုန်းကိုသာမက အခြားအရေးပါသည့် ဌာနနေရာများကိုလည်း တပ်မတော်ကရယူထားသည်။

နိုင်ငံရေးယဉ်ကျေးမှု

မြန်မာနိုင်ငံတွင် အဓိကပါတီကြီးများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ဖြစ်ကြသည်။ ယင်းတို့၏လှုပ်ရှားမှုများကိုမူ စစ်တပ်မှ တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ အခြား တိုင်းရင်းသားလူမျိုးစုများအား ကိုယ်စားပြုသော ပါတီငယ်များလည်းရှိသည်။ နိုင်ငံရေး အတိုက်အခံပြုလုပ်ခြင်းကို ခွင့်ပြုခြင်းမရှိသလောက်ဖြစ်ပြီး ပါတီများစွာမှာ တရားမဝင်အသင်း အဖြစ်ကြေညာထားခြင်ခံရသည်။ [၆၆]

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ (Amnesty International) အပါအဝင် အချို့အဖွဲ့အစည်းများ၏ အဆိုအ‌ရ စစ်အစိုးရ၏ လူ့အခွင့်အရေးမှတ်တမ်းများမှာ လွန်စွာဆိုးဝါးကြောင်းသိရှိရသည်။ [၆၇][၆၈] လွတ်လပ်သည့် တရားစီရင်ခွင့်မရှိသည့်အပြင် စစ်အစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေးအတိုက်အခံမှန်သမျှအားလည်း ခွင့်မပြုချေ။ အင်တာနက်အသုံးအပြုမှုမှာလည်း များစွာကန့်သတ်ထားပြီး ပြည်သူများဝင်ရောက်ကြည့်ရှု နိုင်သည့် ဝက်ဘ်စာမျက်နှာများ အထူးသဖြင့် နိုင်ငံရေးအတိုက်အခံနှင့် ဒီမိုကရေစီအရေး ဝက်ဘ်စာမျက်နှာများအား ပြည်သူတို့ ဝင်‌ရောက်ကြည့်ရှုနိုင်မှုကို ကန့်သတ်ချုပ်ချယ်ထားသည်။[၆၉][၇၀] အဓမ္မလုပ်အားပေးစေမှု၊ လူကုန်ကူးခြင်းနှင့် ကလေးအလုပ်သမားကိစ္စများမှာ နေ့စဉ်ဖြစ်ပျက်လျက်ရှိပြီး နိုင်ငံရေးဆန့်ကျင်မှုမှန်သမျှကို ခွင့်မပြုချေ။[၇၁]

၁၉၈၈ ခုနှစ်တွင် တပ်မတော်သည် စီးပွားရေးချွတ်ခြုံကျမှုနှင့် နိုင်ငံရေးဖိနှိပ်မှုများအား ဆန္ဒပြသည်ကို ရက်စက်ကြမ်း ကြုတ်စွာ နှိမ်နင်းခဲ့သည်။ ၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်၊ ရှစ်လေးလုံးအရေးတော်ပုံဟု လူသိများသည့်နေ့တွင် ဆန္ဒပြသူပြည်သူများအား ပစ်ခတ်ခဲ့သည်။ သို့သော် ယင်းဆန္ဒပြမှုများက ၁၉၉၀ ပြည့်ရွေးကောက်ပွဲများအား လမ်းပွင့်စေခဲ့သည်။ ရလဒ်များကိုမူ စစ်အစိုးရက အသိအမှတ်မပြုခဲ့ချေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မဲအားလုံး၏ ၆၀ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်အား နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် ၁၉⁠၉၀ ပြည့်နှစ် ရွေးချယ်တင်‌မြောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေး ဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး ၁၉⁠၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးခဲ့သည်။ သူမသည် အကြိမ်ပေါင်းများစွာ နေအိမ်တွင် အကျယ်ချုပ်ကျခံခဲ့ရသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအန်နန်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက် တောင်းဆိုခြင်းပြုခဲ့သော်လည်း ၂၀⁠၀၆ ခုနှစ် မေ ၂၇ ရက်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အိမ်တွင်းအကျယ်ချုပ်ခြင်းကို နောက်တစ်နှစ်ထပ်မံတိုးလိုက်သည်။ ၁၉၇၅ခုနှစ်နိုင်ငံကာကွယ်ရေးဥပဒေအရ နိုင်ငံတော်၏ တရားဝင်လုပ်ပိုင်ခွင့်ဖြင့် ခွင့်ပြုထားခြင်းကိုကျင့်သုံးခဲ့ခြင်းဖြစ်သည်။[၇၂][၇၃] စစ်အစိုးရသည် နိုင်ငံတကာ မျက်နှာစာတွင် ဝိုင်းပယ်ခြင်းတိုးမြင့်၍ခံနေရသည်။ မြန်မာနိုင်ငံ၏ လက်ရှိအ‌ခြေအနေကို ၂၀⁠၀၆-ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ်ကုလသမဂ္ဂတွင် အလွတ်သဘောဆွေးနွေးရန်တင်သွင်းခဲ့ကြသည်။ ၂ဝ⁠ဝ၆-ခုနှစ် စက်တင်ဘာလတွင် လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံအနက် ၁၀ နိုင်ငံတို့က မြန်မာပြည်အရေးကို ကောင်စီ၏ တရားဝင်အဂျင်ဒါတွင် လက်ခံရန်ဆုံးဖြတ်ခဲ့ကြသည်။[၇၄] အာဆီယံသည်လည်း မြန်မာအစိုးရနှင့် ပတ်သက်၍ များစွာစိတ်အနှောင့်ယှက်ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကိစ္စကို ကိုင်တွယ်ဆုံးဖြတ်ရန် အာဆီယံနိုင်ငံရေး ပါလီမန်တွင်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြသည်။[၇၅] တရုတ်နိုင်ငံကဲ့သို့သော အဓိကနိုင်ငံကြီးက ထောက်ခံအားပေးနေသ၍ မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ပြောင်းလဲမှုဖြစ်ပေါ်ရန် အလားအလာနည်းပါးလျက်ရှိသည်။[၇၆][၇၇]

နိုင်ငံခြားဆက်ဆံရေးနှင့်စစ်ရေးကိစ္စများ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ၏ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာ တင်းမာလျက်ရှိသော အခြေအနေမှ ယခု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း လာသောအခါ ယခင်ကထက် ဆက်ဆံရေး အဆင်ပြေလာပြီဖြစ်သည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား ကျယ်ပြန့်သော ပိတ်ဆို့ဒဏ်ခတ်မှုများကို ၁၉၈၈ ခုနှစ်အရေးတော်ပုံအပြီးနှင့် ၁၉⁠၉၀ ပြည့်ရွေးကောင်ပွဲများအပြီးတွင် ကျင့်သုံးခဲ့သော်လည်း ယခုအခါ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့လာနေပြီဖြစ်သည်။[၇၈] အလားတူပင် ဥရောပသမဂ္ဂ (အီးယူ) သည်လည်း ပိတ်ဆို့မှုတွင် လက်နက်ရောင်းချခြင်း ပိတ်ဆို့မှု၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးပိတ်ဆို့မှုနှင့် အတူလူသားချင်းစာနာ ထောင်ထားမှုကူညီပံ့ပိုးမှုမှ လွဲ၍ အခြားကူညီထောက်ပံ့မှုအားလုံးကို ပိတ်ဆို့ထားရှိခဲ့သော်လည်း ယခုအခါ လက်နက်ရောင်းချခြင်းမှလွဲ၍ အခြားပိတ်ဆို့မှု အများအပြားကို ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။[၇၉] အမေရိကန်နှင့် ဥရောပအစိုးရတို့၏ ပိတ်ဆို့မှုများ၊ သပိတ်မှောက်မှုနှင့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများအား ပံ့ပိုးပေးကြသည့်အဖွဲ့များ၏ တိုက်ရိုက်ဖိအားပေးမှုများကြောင့် အမေရိကန်နှင့် ဥရောပကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ သို့သော် ဟာကွက် ပျော့ကွက်များ ကြောင့် အနောက်နိုင်ငံ ကုမ္ပဏီအချို့ ကျန်ရှိသေးလျက်ရှိသည်။ သို့သော် အာရှကုမ္ပဏီများကမူ သဘာဝသယံဇာတထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမူအသစ်များပါ ထပ်ပံတိုးချဲ့ကြပြီး ဆက်လက်၍ လုပ်ငန်းများလုပ်ကိုင်ကြရန် သာမန်အားဖြင့် ဆန္ဒရှိကြဆဲဖြစ်သည်။ ပြင်သစ်ရေနံကုမ္ပဏီတိုတယ်သည် မြန်မာနိုင်ငံအား အားယူမှ ပိတ်ဆို့သည့်ကြားထဲက မြန်မာပြည်နှင့် ထိုင်းနိုင်ငံကို သွယ်တန်းထားသော ရတနာဓာတ်ငွေ့ပိုက်လိုင်းကို အောင်မြင်စွာ လည်ပတ်စေနိုင်ခဲ့သည်။ တိုတယ်ကုမ္ပဏီသည် ယခုအခါတွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတရားရုံးများတွင် မြန်မာနိုင်ငံတွင် ရတနာဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်စဉ်အခါက မြန်မာအရပ်သားများအား အဓမ္မအသုံးချခဲ့သည်ကို မသိကျိုးကျွန် ပြုလုပ်ခဲ့မှုများ ကြောင့် အမှုရင်ဆိုင်ရလျက်ရှိသည်။ နားလည်တတ်သူများက ပိုက်လိုင်းတစ်လျှောက်ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုး ဖောက်မှုများသည် တပ်မတော်မှ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ကူညီပံ့ပိုးခဲ့ပြီး တိုတယ်ကုမ္ပဏီနှင့် ယင်း၏ လုပ်ငန်း ဆောင်ရွက်ရာတွင် အမေရိကန်အကျိုးတူလုပ်ငန်း ဆောင်ရွက်ဘက် ချက်ဗရွန်ကုမ္ပဏီတို့၌ တိုက်ရိုက်တာဝန်ရှိသည်ဟု ဆိုသည်။ ချယ်ဗရွန်မှ မဝယ်ယူမီ ရှေ့က ယူနိုကယ်ကုမ္ပဏီသည်လည်း ဒေါ်လာ သန်းနှင့် ချီ၍လျော်ကြေးပေးခဲ့ရပြီး ဖြစ်သည်။[၈၀] အမေရိကန်ဦးဆောင်သည့် ဒဏ်ခတ်အရေးယူမှုများသည် စစ်ခေါင်းဆောင်များနှင့် အရပ်သားများ မည်သူ့အား ထိခိုက်သည် ဆိုသည်မှာ အငြင်းပွားစရာမလိုပဲ ထင်သာမြင်သာရှိလှသည်။ အဘယ့်ကြောင့်ဆိုသော် ပိတ်ဆို့အရေးယူမှုကြောင့် ယခင်စစ်ခေါင်းဆောင်များမှာ ထိခိုက်မှုမရှိသည့်အပြင် ချမ်းသာမြဲဖြစ်ပြီး၊ ပိတ်ဆို့ အရေးယူမှုကြောင့် မြန်မာပြည်သူလူထုကြီးသာ ဆင်းရဲကျပ်တည်းလျက်ရှိပြီး အလုပ်အကိုင်နှင့် လခကောင်း⁠ကောင်းရသော ပြည်ပနိုင်ငံများသို့သာ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြသည်။

၂၀၁၀ ခုနှစ် ဒီမိုကရေစီ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံတကာ ဆက်ဆံရေးပိုမိုကောင်းမွန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပထမဦးဆုံး အာဆီယံ ဥက္ကဋ္ဌ ရာထူးကို လွှဲယူနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မေလနှင့် နိုဝင်ဘာလများတွင် အာဆီယံထိပ်သီးအစည်းအဝေးပွဲများကို အောင်မြင်စွာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။

စစ်တပ်

မြန်မာစစ်တပ်ကို တပ်မတော်ဟု သိရှိကြပြီး မြန်မာ့ကြည်းတပ်တွင် စစ်သည်အင်အား ၄၉၂,၀⁠၀၀ ကျော်ရှိသည်‌။[၅၆] မြန်မာတပ်မတော်တွင် တပ်မတော် (ကြည်း)တပ်မတော် (ရေ)တပ်မတော် (လေ) တပ်ဖွဲ့များပါဝင်ကြသည်။ မြန်မာနိုင်ငံသည် ၎င်း၏ တပ်သားအရေအတွက်အရ ကမ္ဘာ့အဆင့် ၁၂ တွင် ရှိသည်။[၈၁] စစ်တပ်သည် တိုင်းပြည်တွင် အထူးပင် အ‌ရှိန်အဝါကြီးမားသည်‌။[၅၆] နိုင်ငံတော်၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မှ ခန့်ထားရသည်။ [၅၆] မြန်မာ့စစ်အသုံးစရိတ်မှာ ၂၀၁၂−၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ၁၄.၄ ရာခိုင်နှုန်း ဖြစ်သည်။[၈၂]

စီးပွားရေး

နိုင်ငံခြားခရီးသည်များ ဝယ်ယူနိုင်ရန် မန္တလေးရှိ souvenir ဆိုင်အချို့တွင် တင်ထားသည့် ပိုးဖျင်အင်္ကျီများ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် နိုင်ငံတစ်ခုဖြစ်သည်။ ဆယ်စုနှစ်များစွာစီးပွားဆုတ်ယုတ်မှု၊ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ တားဆီးပိတ်ဆို့မှုဒဏ် ခံနေရသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်နှုန်း (GDP) မှာ နှစ်စဉ် ၂.၉ ရာခိုင်းနှုန်းသာရှိသည်။[၅၆] မဟာမဲခေါင်မြစ်ဝှမ်း ဒေသခွဲနိုင်ငံများတွင် တိုးတက်မှု အနိမ့်ဆုံးဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းပြီးနောက်ဝန်ကြီးချုပ်ဦးနုသည် မြန်မာနိုင်ငံကို သာယာဝပြောသည့် ပြည်တော်သာနိုင်ငံတော်အဖြစ် ထူထောင်ရန် အားထုတ်ခဲ့သည်။ ဦးနု အစိုးရသည် နှစ်⁠နှစ်တာ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်အစိုးရက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူအပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။[၈၃] လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှလွဲ၍ စက်မှုလက်မှုကဏ္ဍအားလုံးကို ပြည်သူပိုင်သိမ်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရသည် စီးပွားရေးချုပ်ကိုင်မှုများကို ‌လျှော့ချခဲ့သည်။ ပုဂ္ဂလိကပိုင် လုပ်ငန်းများအား အတင့်အသင့် တိုးချဲ့ခွင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သောကြောင့် နိုင်ငံအတွက် လိုအပ်နေသည့် နိုင်ငံခြားဝင်ငွေများ ရရှိခဲ့သည်။ [၈၄] သို့သော်လည်း အမြတ်စွန်းများသော ကျောက်မျက်ရတနာ၊ ရေနံနှင့် သစ်လုပ်ငန်းကိုမူ ဆက်လက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီများမှာ မြန်မာ့သယံဇာတများအားထုတ်လုပ်နိုင်ရန် အစိုးရနှင့် အကျိုးတူဖက်စပ်လုပ်ငန်းများ ထူထောင်ကာဝင်ရောက်နေရာယူကြသည်။

‌အင်းလေးကန်ရှိ ရေပေါ်ဈေး။

မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်များစာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။[၈၅] ၁၉၉၂ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံတော်အကြီးအကဲဖြစ်လာပြီး နောက်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးခဲ့သည်။ သို့သော်နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် သွားရောက်လည်ပတ်မှုမှာ ဦးရေ ၇၅ဝ,ဝ⁠ဝဝ ပင် မပြည့်ပါ။ မကြာမီနှစ်များက တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် စီးပွားရေးအကျိုးအတွက်ငှာ စစ်အစိုးရနှင့်ဆက်နွယ်မှုများကို အားဖြည့်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် အမေရိကန်၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပိတ်ပင်မှုများကို ချမှတ်လာကြသည်။ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှာ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ထိုင်းတို့မှဖြစ်သည်။[၈၆]

ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့သည်။။[၂၃] ထစ်ချိန်က မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။ ဗြိတိသျှတို့ အုပ်ချုပ်စဉ်အခါက ရေနံကို ဘီအိုစီကုမ္ပဏီမှတစ်ဆင့် တင်ပို့ရောင်းချခဲ့သည်။ မြန်မာပြည်အနေနှင့် လူအားအရင်းအမြစ်နှင့် သဘာဝသယံဇာတများကိုပါ ပိုင်ဆိုင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ကျွန်းသစ် ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စာတတ်မြောက်သည့် လူဦးရေမှာလည်း မြင့်မားလှသည်။[၂၃] ထိုအချိန်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ အရှိန်အဟုန်ဖြင့် ဦးတည်လျှောက်လှမ်းလျက်ရှိခဲ့သည်ဟု အများက ယုံကြည်လက်ခံခဲ့ကြသည်။

ယနေ့မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံ လုံလောက်မှု မရှိသေးပေ။ ကုန်စည်များကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ရောင်းဝယ်ဖောက်ကားကြပြီး နယ်စပ်လမ်းကြောင်းမှပင် တရားမဝင်မူးယစ်ဆေးဝါးများအား ပြည်ပသို့ မှောင်ခိုတင်ပို့ကြသည်။ ရထားသံလမ်းများမှာလည်း ဟောင်းနွမ်း၊ ဆွေးမြေ့လျက်ရှိပြီး ၁၉⁠၉၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ချိန်မှစ၍ မွန်းမံပြင်တင်မှု မရှိသလောက်ပင် ဖြစ်သည်။ [၈၇] အဝေးပြေးလမ်းမကြီးများမှာလည်း မြို့ကြီးများမှလွဲ၍ သေချာခင်းထားခြင်းမရှိချေ။ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။ [၈၇] မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းထုတ်လုပ်မှု ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်ပြီး၊ ကမ္ဘာ့ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အမ်ဖက်တမင်း စိတ်ကြွဆေးပြား အပါအဝင်မူးယစ်ဆေးဝါးအဓိက မြစ်ဖျားခံရာလည်း ဖြစ်သည်။[၈၈] အခြားစီးပွားရေးလုပ်ငန်းများတွင် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ယက္ကန်းနှင့် အထည်အလိပ်၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ပါဝင်သည်။

စိုက်ပျိုးရေး

အဓိကကျသော စိုက်ပျိုးရေးထွက်ကုန်မှာ ဆန်စပါး ဖြစ်ပြီး နိုင်ငံ၏ စိုက်ပျိုးမြေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးသည်။ ဆန်စပါးသည် စုစုပေါင်းသီးနှံထုတ်လုပ်မှု အလေးချိန်အားဖြင့် ၉၇ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၆၆ နှင့် ၁၉⁠၉၇ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအရ ခေတ်မီဆန်မျိုးရင်းပေါင်း ၅၂ မျိုးအား ဖြန့်ဖြူးခဲ့သည်။ ဤသို့ဖြင့် ဆန်စပါးထုတ်လုပ်မှုကို ၁၉၈၇ ခုနှစ်တွင် တန်ချိန် ၁၄ သန်းနှင့် ၁၉⁠၉၆ ခုနှစ်တွင် ခေတ်မီမျိုးစပါးများကို နိုင်ငံ၏ ထက်ဝက်ရှိ လယ်ကွင်းများစီသို့ ဖြန့်ကျက်စိုက်ပျိုးနိုင်ခဲ့ပြီး ရေသွင်းစိုက်ပျိုးမြေ၏ ၉၈ ရာခိုင်နှုန်းထိစိုက်ပျိုးနိုင်ခဲ့သည်။[၈၉] မြန်မာ့စီးပွားရေးကဏ္ဍတွင် ခေတ်မှီနည်းပညာ ကျွမ်းကျင်သူ ပညာတတ်လုပ်သားအင်အားချို့တဲ့ခြင်းမှာ ကြီးထွားလျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်သည်။[၉၀]

လူမှုပထဝီဝင်

လူဦးရေပျံ့နှံ့နေထိုင်မှု

ရန်ကုန်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းဈေး မျက်နှာချင်းဆိုင်မှ တိုက်ခန်း။ ရန်ကုန်မြို့၏ လူဦးရေအများစုသည် လူနေထူထပ်သည့် တိုက်ခန်းများတွင် နေထိုင်ကြသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကျော်နေထိုင်ပြီး အဓိကအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့်ရှမ်းစသည့် မျိုးနွယ်စုများ မှီတင်းနေထိုင်ကြသည်။ ၁၉⁠၉၈-၉⁠၉ခုနှစ်စာရင်းများအရ လူဦးရေ ၄၇ ဒသမ ၂၅ သန်းရှိပြီး လူဦးရေတိုးနှုန်းမှာ ၁ ဒသမ ၈၄ ရာခိုင်နှုန်း ဖြစ်သည်။ ၁-၁ဝ–၂ဝ၁ဝ ရက်နေ့ရှိ ခန့်မှန်းလူဦးရေမှာ ၅၉ ဒသမ ၇၈ သန်းရှိသည်။ အမျိုးသားဦးရေ ၂၉ ဒသမ ၇၂ သန်းနှင့် အမျိုးသမီးဦးရေ ၃ဝ ဒသမ ဝ၆ သန်းရှိသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁,၄၈၆,၂၅၃ ယောက် ရှိသည်။ မြန်မာနိုင်ငံ လူဦးရေ၏ (၃၉.၈) ရာခိုင်နှုန်းသည် အသက် (၁၅) နှစ်မှ (၃၅) နှစ် အရွယ် လူငယ်များ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၄၀ မှ ၅၅ သန်းခန့်ရှိသည်‌။[၉၁] လက်ရှိလူဦးရေစစ်တမ်းမှာ ခန့်မှန်းခြေမျှသာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနမှ ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် မပြီးပြည့်စုံသော စစ်တမ်းပေါ်တွင် အခြေခံထားသောကြောင့် ဖြစ်သည်။[၉၂] ၁၉၃ဝ ခုနှစ်မှစ၍ တိကျခိုင်လုံသော ပြည်လုံးကျွတ်စစ်တမ်း ကောက်ယူခဲ့ခြင်း မရှိချေ။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်သည်။[၉၃] မြန်မာနိုင်ငံ၏ လူဦးရေသိပ်သည်းနှုန်းမှာ တစ်စတုရန်းကီလိုမီတာလျှင် ၇၅ ရာခိုင်နှုန်းဖြစ်ပြီး အရှေ့တောင်အာရှတွင် လူဦးရေထူထပ်မှု အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယမြန်မာနယ်စပ်၊ ဘင်္ဂလားဒေရှ်မြန်မာနယ်စပ်နှင့် ထိုင်းမြန်မာနယ်စပ်များတစ်လျှောက်တွင် ဒုက္ခသည်စခန်းများရှိနေပြီး ထောင်ပေါင်းများစွာမှာလည်း မလေးရှားနိုင်ငံတွင် ရှိလေသည်။ လျှော့⁠လျှော့ပေါ့ပေါ့ တွက်သည်ဆိုဦးတော့၊ တိုင်းတစ်ပါးရောက် မြန်မာဒုက္ခသည်ဦးရေ ၂၉၅,၈ဝ⁠ဝ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းရပြီး အများစုမှာ ကရင်နှင့် ကရင်နီများဖြစ်ကြလေသည်။[၉၄]

မျိုးနွယ်စုများ

မြန်မာနိုင်ငံရှိ လူမျိုးနွယ်စုများမှာ များစွာကွဲပြားခြားနားကြသည်။ အစိုးရက လူမျိုးပေါင်း ၁၃၅ မျိုးအား တရားဝင် အသိအမှတ်ပြုထားသော်လည်း လက်တွေ့မှာမူ အနည်းဆုံး ၁၀၈ မျိုးရှိနိုင်သည်ဟု ခန့်မှန်းရသည်။ [၉၅] ဗမာလူမျိုး သည် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းရှိသည်။ ၁၀ ရာခိုင်နှုန်းသည် ရှမ်းလူမျိုး ဖြစ်ပြီ၊ ကရင်လူမျိုး သည် ၇ ရာခိုင်နှုန်းရှိသည်။[၂၄] ရခိုင်လူမျိုး သည် ၄ ရာခိုင်နှုန်းရှိသည်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးမှာ ၃ ရာခိုင်နှုန်းနီးပါးရှိသည်။[၂၄][၉၆] မွန်လူမျိုးများမှာ ၂ ရာခိုင်နှုန်းရှိသည်‌။[၂၄] ကျန်မျိုးနွယ်စုများမှာ ကချင်ချင်း၊ အိန္ဒိယနွယ်ဖွားနှင့် အခြားသော လူနည်းစု အုပ်စုများဖြစ်ကြသည်။[၂၄]

မြန်မာပြည်ရှိ တိုင်းရင်းသားများအနက် လူမျိုးတစ်မျိုးဖြစ်သည့် ပဒေါင်လူမျိုး မိန်းကလေး။

ဘာသာစကားများ

မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ဘာသာစကားအုပ်စုကြီး လေးမျိုးရှိသည်။[၉၇] ၎င်းတို့မှာ တရုတ်-တိဗက်၊ ဩစတြိုနီးရှန်း၊ တိုင်းကဒိုင်နှင့် အင်ဒို-ဥရောပတို့ဖြစ်ကြသည်‌။[၉၈] တရုတ်-တိဗက်သည် အကျယ်ပြန့်ဆုံးအသုံးပြုသော ဘာသာစကားဖြစ်သည်။ ယင်းတွင် ဗမာကရင်ကချင်ချင်းနှင့် တရုတ်ဘာသာများ ပါဝင်သည်။ တိုင်-ကဒိုင်ဘာသာတွင် အဓိကမှာ ရှမ်းဘာသာဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကပြောဆိုသည့် ဩစတြိုနီးရှန်းစကားမှာ မွန်ဘာသာဖြစ်သည်။ အဓိကကျသော အင်ဒို-ဥရောပဘာသာစကားနှစ်မျိုးမှာ ဗုဒ္ဓဘာသာ စာပေသုံးပါဠိဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြစ်သည်။

မြန်မာဘာသာစကားသည် ဗမာတို့၏ မိခင်ဘာသာစကားနှင့် ရုံးသုံးဘာသာစကားများ ဖြစ်ပြီး တိဗက်နှင့် တရုတ်ဘာသာစကားများနှင့်လည်း နီးစပ်လေသည်။[၉၅][၉၇] ဗျည်းအက္ခရာ ရေးသားပုံစနစ်မှာ လခြမ်းပုံနှင့် စက်ဝိုင်းပုံများကို အခြေထားသော မွန်အက္ခရာစနစ်မှ ဆင်းသက်လာသည်။ မြန်မာအက္ခရာအရေးအသားတွင် မွန်ပုံစံကို အခြေခံထားပြီး မွန်အက္ခရာစနစ်သည် ၇၀၀ ပြည့်နှစ်က တောင်ပိုင်းဗြဟ္မိအက္ခရာစနစ်ပေါ်တွင် အခြေခံထားလေသည်။ ရှေးအကျဆုံးမြန်မာအရေးအသားကို လွန်ခဲ့သည့် နှစ် ၁၀⁠၀၀ ကျော်လောက်က တွေ့ရှိခဲ့သည်။ ဤအရေးအသားစနစ်ကို ထေရဝါဒဗုဒ္ဓဘာသာ၏ ကျမ်းဂံများ ရေးသားရာတွင် သုံးသည်။ ပါဠိစာပေရေးသားရာတွင်လည်း အသုံးပြုသည်။ ရှမ်း၊ ကရင်နှင့် ကယားစာပေများ ရေးသားရာတွင်လည်း မြန်မာအက္ခရာများနှင့်အတူ သီးခြားတီထွင်ထားသော ဗျည်းအက္ခရာများ၊ အသံထွက်ပြ သင်္ကေတများကိုလည်း အသုံးပြုထားသည်။[၉၉] မြန်မာစကားသည် အရိုအသေပြုသုံးနှုန်းခြင်းနှင့် အသက်အရွယ်အလိုက်‌ပြောဆိုသုံးနှုန်းရခြင်းများပါဝင်သည်။[၁၀၀] မြန်မာလူမှုရေးစနစ်သည် ပညာရေးကိုအလေးပေးသည်။ ကျေးရွာများတွင် လောကီပညာများကို ဘုန်းတော်ကြီးကျောင်းများ၌ သင်ယူကြရသည်။ နိုင်ငံတော်က ဖွင့်လှစ်သည့် အစိုးရ ကျောင်းများက အလယ်တန်းများနှင့် အထက်တန်းပညာများအား တာဝန်ယူသင်ကြားပေးသည်။

ပညာရေး

ယူနက်စ်ကို (UNESCO) စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ တရားဝင်စာတတ်မြောက်နှုန်းမှာ ၂၀⁠၀၀ ပြည့်နှစ်က ၈၉.၉ ရာခိုင်နှုန်းဖြစ်သည်။[၁၀၁] မြန်မာနိုင်ငံသည် သမိုင်းအစဉ်အဆက်ကတည်းက စာတတ်မြောက်နှုန်း မြင့်မားခဲ့သည်။ သို့သော် ကုလသမဂ္ဂဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းဝင်နိုင်ပြီး ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်အတွက် ဆိုရှယ်လစ်ပါတီအစိုးရက ၁၉၈၇ ခုနှစ် စာတတ်မြောက်နှုန်းကို ၇၈.၆ ရာခိုင်နှုန်းမှ ၁၈.၇ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။[၁၀၂] သို့သော်အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးဌာနကမူ အလုပ်ဖြစ်ရန် စာတတ်မြောက်နှုန်းကို ၃၀ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။[၂၄]

ကိုးကွယ်ယုံကြည်မှု

မြန်မာနိုင်ငံတွင် ထွန်းကားသော ဗုဒ္ဓဘာသာမှာထေရဝါဒ ဗုဒ္ဓဘာသာဖြစ်သည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်သည် [ကိုးကားချက်လိုသည်]။ စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ ၈၉ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ယုံကြည်ကြပြီး အထူးသဖြင့် ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်နှင့် တရုတ်လူမျိုးအများစုဖြစ်ကြသည်။ ခရစ်ယာန်ဘာသာကို ၄ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ပြီး အထူးသဖြင့် ကချင်၊ ချင်းနှင့် ကရင်အပြင် သာသနာပြုလုပ်ငန်းများ ထွန်းကားခဲ့သည့် ဒေသအသီးသီးရှိ ဥရောပ-အာရှမျိုးနွယ်စုများဖြစ်သည်။[၅၆] မြန်မာနိုင်ငံ၏ ခရစ်ယာန်ဘာသာဝင်များအနက် ငါးပုံလေးပုံမှာ ပရိုတက်စတင့်များ (Protestants) ဖြစ်ကြပြီး အဓိကအားဖြင့် မြန်မာနှစ်ခြင်းကွန်ဗင်ရှင်းအသင်းဝင် နှစ်ခြင်းခရစ်ယာန်များ ဖြစ်ကြသည်။ ကျန်သူများမှာ ရိုမန်ကက်သလစ်ဘာသာဝင် (Roman Catholics) များဖြစ်ကြသည်။

လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာ ကို ကိုးကွယ်ကြပြီး အများစုမှာ ဆူနီများဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တို့တွင် အိန္ဒိယတိုင်းရင်းသား၊ အိန္ဒိယ-မြန်မာ၊ ပါရှန်း၊ အာရပ်နှင့် ပန်းသေးများ ပါဝင်ကြသည်။[၁၀၃][၁၀၄][၁၀၅] ဟိန္ဒူဘာသာကို ကိုးကွယ်သူ အနည်းငယ်မျှသာ ရှိသည်။

၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု အပြည့်အဝရှိပြီး ခြားနားသော ဘာသာအယူဝါဒများ လွတ်လပ်စွာရှင်သန်ထွန်းကားနိုင်မှုသည် ရှေးအစဉ်အဆက်ကပင် တည်ရှိခဲ့သော အစဉ်အလာဖြစ်သည်။ ထို့ကြောင့် ဘာသာရေး အဆောက်အအုံများ၊ ဘာသာအယူဂိုဏ်းကွဲများ၊ ဘာသာရေးပွဲလမ်းများ၊ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ကြသည်။ ဘာသာဝင်အမျိုးအစားအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာဝင်မှာ လူဦးရေ၏ ၈၉ ဒသမ ၃ ရာခိုင်နှုန်းဖြစ်၍ အများစု ဖြစ်သော်လည်း အခြားဘာသာဝင်များလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြသည်။ ယင်းတို့တွင်ခရစ်ယာန် ဘာသာဝင် ၅ ဒသမ ဝ၆ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဟိန္ဒူ ဘာသာကိုးကွယ်သူ ဝ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ဝ ဒသမ ၂ ရာခိုင်နှုန်း ရှိကြသည်။[၁၀၆]

ယဉ်ကျေးမှု

မန္တလေးမြို့၏ မဟာမုနိဘုရားတွင် တွေ့ရသည့် နားသမင်္ဂလာပွဲ။ ထိုမင်္ဂလာပွဲမှာ မြန်မာ့ယဉ်ကျေးမှုတွင် မိန်းမငယ် လူလားမြောက်ကြောင်း အသိအမှတ်ပြုသည့် အစဉ်အလာ တရပ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကွဲပြားခြားနားသည့် ဒေသခံရိုးရာယဉ်ကျေးမှုများစွာ ရှိသော်လည်း အဓိကပင်တိုင်မှာ ဗုဒ္ဓဘာသာနှင့် ဗမာယဉ်ကျေးမှုသာဖြစ်သည်‌။ ဗမာ့ယဉ်ကျေးမှုသည်လည်း အိမ်နီးချင်းနိုင်ငံ၏ယဉ်ကျေးမှုများက လွှမ်းမိုး လေသည်။ ဤသည်ကို ယင်း၏ဘာသာစကားအစားအသောက်ဂီတပန်တျာနှင့် ပြဇာတ်တို့က သက်သေထူလျက်ရှိသည် [ကိုးကားချက်လိုသည်]အနုပညာတွင် အထူးသဖြင့် စာပေကို မြန်မာ့ဟန်ဝင်နေသော ထေရဝါဒဗုဒ္ဓဘာသာက လွှမ်းမိုးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ မော်ကွန်းတစ်ရပ်အဖြစ် ယူဆထားသော ရာမဇာတ်တော်ကြီး မှာ ရမ္မာရန မူရင်းမှ ကူးယူထားခြင်းဖြစ်ပြီး ထိုင်း၊ မွန်၊ အိန္ဒိယမူများ လွှမ်းမိုးခြင်းကို ကောင်းစွာခံထားရသည်။[၁၀၇] ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုတို့ ရောထွေးလျက်ရှိပြီး နတ်ကိုးကွယ်မှုတွင် ၃၇ မင်းအနက် တစ်ပါးပါးကို ခမ်းနားကြီးကျယ်စွာ ပူဇော်ပသကြလေ့ရှိသည်။[၁၀၈][၁၀၉]

ရိုးရာဓလေ့ထွန်းကားသော မြန်မာ့ရွာတစ်ရွာတွင် ရွာဦးဘုန်းကြီးကျောင်းမှာ ကျေးရွာယဉ်းကျေးမှုဘဝ၏ ဗဟိုချက်ဖြစ်သည်။[၁၁၀] ဘုန်းတော်ကြီးများအား ဘာသာဝင်များက ရိုသေလေးစားပြီး ပစ္စည်းလေးပါးကို ထောက်ပံ့ကြသည်။ အရွယ်ရောက်လာသည့်ယောက်ျားကလေးတစ်ယောက်၏ ဘဝတွင် ရှင်ပြုမင်္ဂလာမှာ အလွန်အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာမိသားစုတိုင်းမှ ယောက်ျားကလေး မှန်သမျှသည် အသက် ၂၀ မတိုင်မီ ကိုရင်အဖြစ်ကိုလည်းကောင်း၊ အသက် ၂၀ ပြည့်လျှင် ရဟန်းအဖြစ်ကိုလည်းကောင်း ခံယူကြရသည်။ ရဟန်းအဖြစ် အနည်းဆုံး တစ်ပတ်ခန့်ကြာမြင့်လေ့ရှိတတ်သည်။ မိန်းကလေးများမှာမူ နားထွင်းနားသခြင်း မင်္ဂလာကို ခံယူကြရသည်။[၁၁၀] မြန်မာ့ယဉ်ကျေးမှုကို အဓိကမြင်တွေ့ရသည့် နေရာမှာ ကျေးရွာများတွင် နှစ်လုံးပေါက်ကျင်းပလေ့ရှိသည့် ဘုရားပွဲများတွင်ဖြစ်သည်[၁၀၀][၁၁၁] ရွာများတွင် ရွာစောင့်နတ်များရှိကြပြီး မြန်မာ့လူနေမှုဘဝတွင် အယူသည်းခြင်းနှင့် ပိတ်ပင်တားမြစ်ခြင်းများမှာလည်း မနည်းပေ။

အရမပူရမြို့၏ မဟာဂန္ဓရုံကျောင်းတွင် ကိုရင်များသည် သိပိတ်နှင့် ဆွမ်းခံကြွနေပုံ။

ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် မြန်မာ့ယဉ်ကျေးမှုအတွင်းသို့ အနောက်တိုင်းဓလေ့များ စတင်ဝင်ရောက်လာခဲ့သည်။ မြန်မာ့ပညာရေးစနစ်ကို ဗြိတိသျှ ပုံစံအတိုင်း ပုံတူကူးယူထားသည်။ ရန်ကုန်ကဲ့သို့သော မြို့များတွင် ကိုလိုနီပိုင်ဗိသုကာပုံစံများ လွှမ်းမိုးနေသည်ကိုတွှေ့ရှိရသည်။[၁၁၂] တိုင်းရင်းသားမျိုးနွယ်စုများအနက် ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုကို အရှေ့တောင်ဒေသရှိ ကရင်များတွင်လည်းကောင်း၊ မြောက်ဘက်အရပ်နှင့် အနောက်မြောက်ဒေသ၌ ကချင်နှင့် ချင်းတိုင်းရင်းသားများတွင်လည်းကောင်း မြင်တွေ့နိုင်သည်။[၁၁၃]

ဝတ်စားဆင်ယဉ်မှု

တိုင်းရင်းသားများ များပြားလှ၍ ရိုးရာဝတ်စုံဝတ်ဆင်မှုပုံစံများကွဲပြားသော်လည်း ဗမာယဉ်ကျေးမှုလွှမ်းမိုးသည့်အလျောက် ပုံမှန်လူထုကြားဝတ်စားဆင်ယဉ်ရာတွင် ဗမာတို့၏ရိုးရာဝတ်စုံအားဝတ်ဆင်ကြသည်သာများသည်။မျက်မောက် အာရှဝတ်စားဆင်ယဉ်မှုပိုင်းတွင် မြန်မာနိုင်ငံ၏ မိမိရိုးရာဝတ်စုံအားနေ့စဉ်သာမက နိုင်ငံတော်အဆင့်အခမ်းအနားများ၌ဝတ်ဆင်ကြခြင်းနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ ပြည်ပခရီးစဉ်များတွင်လည်းဝတ်ဆင်ကြခြင်းမှာလည်းထူးခြားမှုဖြစ်သည်။ ဗမာတို့၏ခေတ်အဆက်ဆက် ဝတ်စားဆင်ယဉ်ပုံမှာကွဲပြားလှသော်လည်း ယနေ့ခေတ်ဝတ်စားဆင်ယဉ်သည့်ပုံမှာ ကုန်းဘောင်ခေတ် ဆင်ယဉ်ပုံအားခေတ်နှင့်လျော်ညီအောင်ပြုပြင်ဝတ်ဆင်ကြခြင်းဖြစ်သည်။[၂၇]

အစားအစာ

ရန်ကုန်မြို့ရှိ လမ်းဘေးစားသောက်ဆိုင်

မြန်မာ့အစားအစာတွင် တရုတ်အိန္ဒိယထိုင်းနှင့် အခြားလူမျိုးစုများ၏ လွှမ်းမိုးမှုကို တွေ့ရှိနိုင်သည်။ ဆန်မှာ မြန်မာ၏ အဓိကအစားအစာဖြစ်သည်။[၁၁၄] ခေါက်ဆွဲနှင့် ပေါင်မုန့်တို့ကိုလည်း စားသောက်သည်။[၁၁၄] ဗမာ့အစားအစာတွင် မပါမဖြစ်သည်မှာ ငါး၊ ပုစွန်၊ ငါးပိငံပြာရည်နှင့် ဝက်သား၊ ဆိတ်သားများ ဖြစ်သည်။ အမဲသားကိုမူ တချို့က ရှောင်ကြသည်။ ဟင်းချက်ရာတွင် မဆလာနှင့် ငရုတ်သီးတို့ကို အသုံးပြုသည်။[၁၁၅][၁၁၆] မြန်မာ့အမျိုးသား အစားအစာဟုကျယ်ပျံ့စွာ ယူဆထားသည့် မုန့်ဟင်းခါးချက်ရာတွင် ငါးခူဟင်းရည်တွင် ကုလားပဲမှုန့်၊ ဆန်ကြာဆံနှင့် ငံပြာရည်များ ရော၍ ချက်ကြသည်။[၁၁၇] အပူပိုင်း အသီးအနှံများကို အချိုပွဲအဖြစ် တည်ခင်းသည်။ မြို့ကြီးပြကြီးများတွင် ရှမ်းစာ၊ တရုတ်စာနှင့် အိန္ဒိယအစားအစာများကိုပါ စုံလင်စွာ ရရှိနိုင်သည်။

တေးဂီတ

မြန်မာ့တေးဂီတကို ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ္တလားနှင့် လေမှုတ်တူရိယာများဖြစ်သည့် နှဲ၊ နှဲကြီး၊ ပလွေ၊ ဝါးလက်ခုပ်နှင့် ကြိုးတတ်တူရိယာများအား ဆိုင်းဝိုင်းခေါ် သံစုံတီးဝိုင်းဖွဲ့၍ တီးခတ်ကြသည်။[၁၁၀][၁၁၁] မြန်မာ့ယဉ်ကျေးမှုတွင် လှေပုံသဏ္ဌာန် ကိုယ်ထည်တွင် ပိုးကြိုးသွယ်တန်းထားပြီး လည်တိုင်တွင် မှန်စီရွှေချထားသော စောင်းကောက်မှာ နှစ်ပေါင်းများစွာကတည်းကပင် ရှိခဲ့ပြီးအာရှတိုက်တွင် ယနေ့တိုင်အသုံးပြုကျန်နေမှုမှာ ထူးခြားလှသည်။[၁၁၈] ၁၉၅၀ ပြည့်လွန်နှစ်မှစ၍ မြို့ကြီးပြကြီးများတွင် အနောက်တိုင်းတေးဂီတများ စတင်ရေပန်းစားလာသည်။[၁၁၉]

ရုပ်ရှင်

အနောက်နိုင်ငံများ၌ ရုပ်ရှင်လုပ်ငန်းပေါ်ပေါက်လာပြီးနောက် အနှစ်လေးဆယ်ခန့် အကြာတွင်မှ မြန်မာရုပ်ရှင် လုပ်ငန်းကို စတင်ပျိုးထောင်ခဲ့ရသည်။ မြန်မာနိုင်ငံရှိ ပရိသတ်ရှေ့မှောက်တွင် ပထမဆုံးတင်ဆက်သော ဦးထွန်းရှိန်၏ ဈာပနသတင်းကားနှစ်ပိုင်းသည် ပထမမြန်မာရုပ်ရှင် ဖြစ်သည်ဟု ဆိုရပေမည်။ ပထမဆုံး ဇာတ်လမ်းနှင့်ဇာတ်ကားမှာ မေတ္တာ နှင့် သူရာရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပထမဦးဆုံးသော အသံတိတ် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။ ပထမဆုံး မြန်မာအသံထွက် ဇာတ်ကားမှာ ငွေပေးလို့မရ ဖြစ်သည်။ ထိုကားကို ၁၉၃၂ ခုနှစ်တွင် ပြသခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စစ်ရေးကြောင့်လည်းကောင်း၊ ဖလင်လိပ်နှင့် ရုပ်ရှင်ကရိယာ ရှားပါးမှု တို့ကြောင့်လည်းကောင်း ရုပ်ရှင်ရိုက်ကူးခြင်း လုံးဝမပြုနိုင်ခဲ့ပေ။ ၈၈၈၈ အရေးအခင်း ပြီးနောက်တွင် ရုပ်ရှင်လုပ်ငန်းကို အစိုးရမှ အများဆုံးထိန်းချုပ်ခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများအား ရုပ်ရှင်ပါဝင်ရိုက်ကူးမှုကို တားမြစ်ခဲ့သည်။ ရုပ်ရှင်ဆင်ဆာကို တင်းကြပ်ခဲ့သလို ရုပ်ရှင်ထူးချွန်ဆုပေးအပ်ရာတွင်လည်း ဝင်ရောက်စွက်ဖက်ခဲ့သည်။[၁၂၀]


နိုင်ငံတကာ အညွှန်းကိန်းများ


စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၏ ၂၀၂၀ စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းမှာ နယ်စည်း မခြား သတင်းထောက်များ အဖွဲ့ (R. S. F)၏ ထုတ်ပြန်ချက် အရ နိုင်ငံပေါင်း (၁၈၀)အနက်တွင် အဆင့် (၁၃၉) ရှိသည်။[၁၂၁] R. S. F ၏ အဆိုရ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၏ စာနယ်ဇင်း ကဏ္ဍတွင် သတင်းများ ကိုယ်တိုင် ကန့်သတ်မှု (Self - Censorship) ရှိနေသည်ဟု ဆိုသည်။[၁၂၁]

၂၀၁၃ ခုနှစ် -နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၅၁)[၁၂၁]

၂၀၁၇ ခုနှစ် - နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၃၁)[၁၂၁]

၂၀၁၈ ခုနှစ် - နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၃၇)[၁၂၁]

၂၀၁၉ ခုနှစ် - နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် (၁၃၈)[၁၂၁]

ရည်ညွှန်းချက်များ

  1. 1 2 Burma The World Factbook U.S. Central Intelligence Agency (27 September 2021)။
  2. The 2014 Myanmar Population and Housing Census- The Union Report: Religion Department of Population Ministry of Labour, Immigration and Population MYANMAR။ 29 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2020 တွင် ပြန်စစ်ပြီး။
  3. ACT Health Community Profile, pg. 1 Multicultural Health Policy Unit။ 11 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2020 တွင် ပြန်စစ်ပြီး။
  4. Burma The World Factbook Central Intelligence Agency 24 September 2022 တွင် ပြန်စစ်ပြီး။ (Archived 2022 edition)
  5. 1 2 3 4 World Economic Outlook Database, April 2023 International Monetary Fund (April 2023)။ April 22, 2023 တွင် ပြန်စစ်ပြီး။
  6. GINI index (World Bank estimate) World Bank 13 July 2021 တွင် ပြန်စစ်ပြီး။
  7. Human Development Report 2021/2022 (in en)။ United Nations Development Programme (8 September 2022)။ 8 September 2022 တွင် ပြန်စစ်ပြီး။
  8. O'Reilly, Dougald JW (2007)။ Early civilizations of Southeast Asia။ United Kingdom: Altamira Press။ ISBN 978-0-7591-0279-8
  9. Lieberman၊ Victor B. (2003)။ Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the MainlandCambridge University PressISBN 978-0-521-80496-7
  10. Burma Human Rights Watch။ 1 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2013 တွင် ပြန်စစ်ပြီး။
    Myanmar Human Rights Amnesty International USA။ 29 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2013 တွင် ပြန်စစ်ပြီး။
    World Report 2012: Burma Human Rights Watch (22 January 2012)။ 30 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2013 တွင် ပြန်စစ်ပြီး။
  11. Madhani၊ Aamer။ "Obama administration eases Burma sanctions before visit"၊ 16 November 2012။
    "European Union Suspends Most Myanmar Sanctions"၊ 23 April 2012။
  12. Greenwood, Faine (27 May 2013)။ The 8 Stages of Genocide Against Burma's Rohingya | UN DispatchUN Dispatch Undispatch.com။ 18 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 April 2014 တွင် ပြန်စစ်ပြီး။
    "EU welcomes "measured" Myanmar response to rioting"၊ Reuters၊ 11 June 2012။
    "Q&A: Communal violence in Burma"၊ BBC။
  13. "Myanmar coup: Aung San Suu Kyi detained as military seizes control" (in en-GB)၊ BBC News၊ 1 February 2021။
  14. Wee၊ Sui-Lee။ "Fatalities Reported After Military Truck Rams Protesters in Myanmar"၊ 5 December 2021။
  15. Ratcliffe၊ Rebecca။ "Myanmar's junta condemned over guilty verdicts in Aung San Suu Kyi trial"၊ 6 December 2021။
  16. Vakulchuk, Roman; Kyaw Kyaw Hlaing; Edward Ziwa Naing; Indra Overland; Beni Suryadi and Sanjayan Velautham (2017). Myanmar's Attractiveness for Investment in the Energy Sector. A Comparative International Perspective. Norwegian Institute of International Affairs (NUPI) and Myanmar Institute of Strategic and International Studies (MISIS) Report. p. 8.
  17. Wong, John (March 1997). "Why Has Myanmar not Developed Like East Asia?". ASEAN Economic Bulletin 13: 344–358. ISSN 0217-4472.
  18. Burma (Myanmar) World Economic Outlook Database International Monetary Fund။ 29 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2017 တွင် ပြန်စစ်ပြီး။
  19. Eleven Media။ "Income Gap 'world's widest'"၊ The Nation၊ 4 September 2013 23 July 2022 တွင် ပြန်စစ်ပြီး Archived from the original on 15 September 2014။
    McCornac၊ Dennis။ "Income inequality in Burma"၊ Democratic Voice of Burma၊ 22 October 2013။
  20. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named UNHDR
  21. Issue Brief: Dire Consequences: Addressing the Humanitarian Fallout from Myanmar's Coup - Myanmar ReliefWeb (21 October 2021)။ 2 February 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2022 တွင် ပြန်စစ်ပြီး။
  22. Myanmar Situation (31 December 2024)။ 21 January 2025 တွင် ပြန်စစ်ပြီး။
  23. 1 2 3 Steinberg၊ David I. (2002)။ Burma: The State of Myanmar။ Georgetown University Press။ p. xi။ ISBN 978-1-58901-285-1
  24. 1 2 3 4 5 6 7 Background Note: Burma Bureau of East Asian and Pacific Affairs U.S. Department of State (August 2005)။ 2006-07-07 တွင် ပြန်စစ်ပြီး။
  25. Country Profile: Burma Foreign and Commonwealth Office။ 31 July 2003 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-07 တွင် ပြန်စစ်ပြီး။
  26. Country Profile: Burma Foreign and Commonwealth Office။ 31 July 2003 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-07 တွင် ပြန်စစ်ပြီး။
  27. 1 2 The EU's relations with Burma / Myanmar External relations European Union (November 2006)။ 25 July 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-01-11 တွင် ပြန်စစ်ပြီး။
  28. Should it be Burma or Myanmar?, BBC News
  29. Burma and Divestiture External relations The Dominion (November 2005)။ 4 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-01 တွင် ပြန်စစ်ပြီး။
  30. South China Morning Post, "What's in a name? Not much, according to Aung San Suu Kyi, who tells diplomats they can use Myanmar or Burma", Saturday, 23 April 2016
  31. George Aaron Broadwell။ Mon history Dept. of Anthropology; University at Albany, Albany, NY။ 16 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-11 တွင် ပြန်စစ်ပြီး။
  32. 1 2 3 4 Houtman၊ Gustaaf (1999)။ Mental Culture in Burmese Crisis Politics: Aung San Suu Kyi and the National League for DemocracyISBN 4-87297-748-3
  33. The Constitution of the Union of Burma DVB (1947)။ 15 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-07 တွင် ပြန်စစ်ပြီး။
  34. Smith၊ Martin (1991)။ Burma -Insurgency and the Politics of Ethnicity။ London and New Jersey: Zed Books။ pp. 42–43။
  35. Aung Zaw။ Can Another Asian Fill U Thant’s Shoes??publisher=The Irrawaddy Sep 2006 11 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-09-12 တွင် ပြန်စစ်ပြီး။
  36. 1 2 Fink၊ Christina (2001)။ Living Silence:Burma under Military RuleISBN 1-85649-926-X
  37. PYITHU HLUTTAW ELECTION LAW State Law and Order Restoration Council iBiblio.org (1989-05-31)။ 2006-07-11 တွင် ပြန်စစ်ပြီး။
  38. Khin Kyaw Han (2003-02-01)။ 1990 MULTI-PARTY DEMOCRACY GENERAL ELECTIONS National League for Democracy iBiblio.org။ 2006-07-11 တွင် ပြန်စစ်ပြီး။
  39. 1 2 "The National Convention"၊ The Irrawaddy၊ 2004-03-31 2006-07-14 တွင် ပြန်စစ်ပြီး Archived from the original on 11 October 2007။
  40. "Burma’s new capital stages parade"၊ BBC News၊ 2006-03-27 2006-06-24 တွင် ပြန်စစ်ပြီး
  41. ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စာတမ်း 14. S/2007/14 12 January 2007. 2007-09-25 တွင် စစ်ဆေးပြီး။
  42. "ILO seeks to charge Myanmar junta with atrocities"၊ Reuters၊ 2006-11-16 2006-11-17 တွင် ပြန်စစ်ပြီး[လင့်ခ်သေ]
  43. 1 2 "Myanmar Election Delivers Another Decisive Win for Aung San Suu Kyi," 1 March 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 11 November 2020, The New York Times, retrieved 18 December 2020
  44. "Military-Backed USDP Leaders Defeated by NLD in Myanmar Election," 1 March 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 12 November 2020, The Irrawaddy, retrieved 28 February 2021
  45. "Myanmar election commission rejects military's fraud claims," 3 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 29 January 2021, Associated Press, retrieved 28 February 2021
  46. "Military-Backed USDP Leaders Defeated by NLD in Myanmar Election," 1 March 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 12 November 2020, The Irrawaddy, retrieved 28 February 2021
  47. "Explainer: Crisis in Myanmar after army alleges election fraud," 28 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 31 January 2021, updated 1 February 2021, Reuters News Service, retrieved 28 February 2021
  48. "Myanmar coup: Week(s) of Feb.1 to Feb. 21, EU action in focus as foreign ministers set to meet; Candlelight vigil held in Yangon; Facebook removes military's 'True News' page," 2 March 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (reverse chronology) 1 February through 21 February 2021, Nikkei Asia, retrieved 1 March 2021
  49. Regan၊ Helen။ "Chinese factories set on fire in Myanmar in deadliest day since coup"။
  50. "Myanmar coup: Teachers join growing protests against military," 22 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 5 February 2021, BBC News, retrieved 28 February 2021
  51. "Myanmar coup: Week(s) of Feb.1 to Feb. 21, EU action in focus as foreign ministers set to meet; Candlelight vigil held in Yangon; Facebook removes military's 'True News' page," 2 March 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (reverse chronology) 1 February through 21 February 2021, Nikkei Asia, retrieved 1 March 2021
  52. "On Bloodiest Day for Myanmar Civilians, India Attends Military Parade by Coup Leaders"၊ The Wire၊ 28 March 2021။
  53. "China Responds to Bloodshed in Myanmar With Deafening Silence"၊ The Diplomat၊ 2 March 2021။
  54. "India has a history of involvement in its neighbours' affairs. Why has it not condemned the Myanmar coup?"၊ South China Morning Post၊ 24 February 2021။
  55. "Myanmar coup: ASEAN split over the way forward"၊ Deutsche Welle၊ 29 March 2021။
  56. 1 2 3 4 5 6 7 CIA Factbook 6 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2008 တွင် ပြန်စစ်ပြီး။
  57. Dr. Patrick Hesp; et al., eds. (2000)။ Geographica’s World Reference။ Random House Australia။ pp. 738, 741။ Explicit use of et al. in: |editor= (အကူအညီ)
  58. 1 2 3 Than၊ Mya (2005)။ Myanmar in ASEAN: Regional Co-operation ExperienceISBN 981-230-210-7
  59. 1 2 Myanmar’s Forest Law and Rules BurmaLibrary.org။ 2006-07-15 တွင် ပြန်စစ်ပြီး။
  60. "Flora and Fauna" at Myanmars.net 14 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2008 တွင် ပြန်စစ်ပြီး။
  61. တစ်နှစ်တည်း ဧက ၇ သိန်းကျော်ပြုန်းတီးသွားတဲ့ မြန်မာ့သစ်တော BBC Burmese (၁၁ ဇွန် ၂၀၂၅)။ 2025-6-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-24 တွင် ပြန်စစ်ပြီး။
  62. Administrative divisions The World Factbook Central Intelligence Agency (2006-06-29)။ 11 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-09 တွင် ပြန်စစ်ပြီး။
  63. Bi Weekly Eleven Journal Vol3 No 43
  64. Phillips၊ Kimberley (20 February 2021)။ The last thing the Myanmar people need is false hope 23 February 2021 တွင် ပြန်စစ်ပြီး။
  65. "Who's Who in Myanmar's National Unity Government"၊ The Irrawaddy၊ 16 April 2021။
  66. McCain၊ John (2003-05-11)။ Crisis in Rangoon National Review Online။ 5 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-14 တွင် ပြန်စစ်ပြီး။
  67. Brad Adams။ Statement to the EU Development Committee Human Rights Watch။ 20 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-11 တွင် ပြန်စစ်ပြီး။
  68. Satellite Images Verify Myanmar Forced Relocations, Mounting Military Presence ScienceMode။ 26 February 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-10-01 တွင် ပြန်စစ်ပြီး။
  69. "Internet Filtering in Burma in 2005: A Country Study"၊ OpenNet Initiative 4 August 2008 တွင် ပြန်စစ်ပြီး Archived from the original on 19 November 2008။
  70. "Burma bans Google and gmail"၊ BurmaNet News၊ 2006-06-27 2006-06-28 တွင် ပြန်စစ်ပြီး Archived from the original on 6 July 2006။
  71. Myanmar: 10th anniversary of military repression Amnesty International (1998-08-07)။ 24 August 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-14 တွင် ပြန်စစ်ပြီး။
  72. The Irrawaddy "Suu Kyi's Detention Extended, Supporters likely to Protest"၊ The Irrawaddy၊ 2006-05-27 2006-05-27 တွင် ပြန်စစ်ပြီး Archived from the original on 16 January 2009။
  73. The Irrawaddy "Opposition Condemns Extension of Suu Kyi's Detention"၊ The Irrawaddy၊ 2006-05-27 2006-05-27 တွင် ပြန်စစ်ပြီး Archived from the original on 16 January 2009။
  74. Gamel၊ Kim။ "UN Security Council Puts Burma on Agenda"၊ The Irrawaddy, 2006-09-16 2006-10-11 တွင် ပြန်စစ်ပြီး Archived from the original on 16 January 2009။
  75. About Us ASEAN Inter-Parliamentary Myanmar Caucus။ 4 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-09 တွင် ပြန်စစ်ပြီး။
  76. Poon၊ Khim Shee (2002)။ The Political Economy of China-Myanmar Relations: Strategic and Economic Dimensions (PDF)။ Ritsumeikan University။ 2006-07-14 တွင် ပြန်စစ်ပြီး။
  77. Selth၊ Andrew (Spring 2002)။ Burma and Superpower Rivalries in the Asia-Pacific Naval War College Review။ 13 December 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-16 တွင် ပြန်စစ်ပြီး။
  78. Burma Freedom and Democracy Act of 2003 United States Library of Congress (2003-06-04)။ 25 January 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-02-04 တွင် ပြန်စစ်ပြီး။
  79. The EU’s relations with Burma / Myanmar European Union။ 25 July 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-13 တွင် ပြန်စစ်ပြီး။
  80. "Dilemma of dealing with Burma"၊ BBC News၊ 2004-10-20 2004-11-02 တွင် ပြန်စစ်ပြီး
  81. Starck၊ Peter (2005-06-07)။ World Military Spending Topped US$1 trillion in 2004 Reuters Common Dreams NewsCenter။ 20 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-19 တွင် ပြန်စစ်ပြီး။
  82. Defense & Security Intelligence & Analysis: IHS Jane's | IHS 2 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2012 တွင် ပြန်စစ်ပြီး။
  83. Watkins၊ Thayer။ Political and Economic History of Myanmar (Burma) Economics San José State University။ 26 May 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-08 တွင် ပြန်စစ်ပြီး။
  84. Stephen Codrington (2005)။ Planet geography။ Solid Star Press။ pp. 559ISBN 0-9579819-3-7
  85. List of Least Developed Countries UN-OHRLLS (2005)။ 30 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2008 တွင် ပြန်စစ်ပြီး။
  86. Fullbrook၊ David။ "So long US, hello China, India"၊ Asia Times၊ 2004-11-04 2006-07-14 တွင် ပြန်စစ်ပြီး Archived from the original on 6 July 2008။
  87. 1 2 Challenges to Democratization in Burma (PDF)။ International IDEA (November 2001)။ 23 July 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-12 တွင် ပြန်စစ်ပြီး။
  88. Myanmar Country Profile (PDF)။ Office on Drugs and Crime 5–6။ United Nations (December 2005)။ 2006-07-09 တွင် ပြန်စစ်ပြီး။
  89. Myanmar and IRRI 7 September 2005 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .|21.2 KiB, Facts About Cooperation, International Rice Research Institute. Retrieved on 2007-09-25.
  90. Brown၊ Ian (2005)။ A Colonial Economy In Crisis။ Routledge။ ISBN 0-415-30580-2
  91. POPULATION AND SOCIAL INTEGRATION SECTION (PSIS) UN Economic and Social Commission for Asia and the Pacific။ 13 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2008 တွင် ပြန်စစ်ပြီး။
  92. Conflict and Displacement in Karenni: The Need for Considered Responses (PDF)။ Burma Ethnic Research Group (May 2000)။ 2006-07-13 တွင် ပြန်စစ်ပြီး။
  93. Thailand: The Plight of Burmese Migrant Workers Amnesty International (2006-06-08)။ 23 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-13 တွင် ပြန်စစ်ပြီး။
  94. Myanmar Refugees in South East Asia (PDF)။ UNHCR (April 2006)။ 2006-07-13 တွင် ပြန်စစ်ပြီး။
  95. 1 2 Gordon၊ Raymond G., Jr. (2005)။ Languages of Myanmar SIL International။ 2006-07-14 တွင် ပြန်စစ်ပြီး။
  96. Mya Than (1997)။ Leo Suryadinata (ed.)။ Ethnic Chinese As Southeast Asians။ ISBN။
  97. 1 2 Gordon၊ Raymond G., Jr. (2005)။ Language Family Trees: Sino-Tibetan Ethnologue: Languages of the World, Fifteenth edition SIL International။ 2006-07-09 တွင် ပြန်စစ်ပြီး။
  98. Gordon၊ Raymond G., Jr. (2005)။ Languages of Myanmar Ethnologue: Languages of the World, Fifteenth edition SIL International။ 2007-01-13 တွင် ပြန်စစ်ပြီး။
  99. Proposal for encoding characters for Myanmar minority languages in the UCS (PDF)။ International Organization for Standardization (2006-04-02)။ 23 July 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-09 တွင် ပြန်စစ်ပြီး။
  100. 1 2 Tsaya (1886)။ Myam-ma, the home of the Burman။ Calcutta: Thacker, Spink and Co.။ pp. 36–37။
  101. Adult (15+) Literacy Rates and Illiterate Population by Region and Gender for (XLS)။ UNESCO Institute of Statistics (April 2006)။ 25 June 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-13 တွင် ပြန်စစ်ပြီး။
  102. Robert I Rotberg, ed. (1998)။ Burma: Prospects for a Democratic Future
  103. Thailand Burma Border Consortium (2007)။ Internal Displacement in Eastern Burma 2006 Survey 15 May 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2207-02-04 တွင် ပြန်စစ်ပြီး။
  104. Priestly၊ Harry။ "The Outsiders"၊ The Irrawaddy၊ 2006-01-17 2006-07-07 တွင် ပြန်စစ်ပြီး Archived from the original on 19 January 2012။
  105. Samuel Ngun Ling (2003)။ The Encounter of Missionary Christianity and Resurgent Buddhism in Post-colonial Myanmar (PDF)။ Payap University။ 2 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-14 တွင် ပြန်စစ်ပြီး။
  106. နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်း(၂၀၁၀)
  107. Ramayana in Myanmar’s heart Goldenland Pages (2003-09-13)။ 29 October 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-13 တွင် ပြန်စစ်ပြီး။
  108. Temple၊ R.C. (1906)။ The Thirty-seven Nats-A Phase of Spirit-Worship prevailing in Burma
  109. The Worshipping of Nats — The Special Festival of Mount Popa 23 June 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2008 တွင် ပြန်စစ်ပြီး။
  110. 1 2 3 Khin Myo Chit (1980)။ Flowers and Festivals Round the Burmese Year
  111. 1 2 Shway Yoe (1882)။ The Burman — His Life and Notions။ New York: Norton Library 1963။ pp. 211–216, 317–319။
  112. Martin၊ Steven။ "Burma maintains bygone buildings"၊ BBC News၊ 2004-03-30 2006-07-09 တွင် ပြန်စစ်ပြီး
  113. Scott O'Connor၊ V. C. (1904)။ The Silken East — A Record of Life and Travel in Burma။ Scotland 1993: Kiscadale။ p. 32။CS1 maint: location (link)
  114. 1 2 Kong၊ Foong Ling (2002)။ Food of Asia။ Tuttle Publishing။ ISBN။
  115. Saw Myat Yin (1990)။ Burma။ M. Cavendish။ ISBN ISBN |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)
  116. D. N. Jha (2004)။ The Myth of the Holy Cow။ Verso။ ISBN ISBN |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)
  117. "Get a taste of Myanmar’s national dish"၊ Indo-Asian News Service၊ PlanetGuru။
  118. Postcard of Saung Gauk (arched harp) National Music Museum University of South Dakota (2004-10-18)။ 6 August 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-07-15 တွင် ပြန်စစ်ပြီး။
  119. "Myanmar worries as rappers upstage traditional xylophones"၊ Agence France Presse၊ BurmaNet News၊ 2005-09-28 2006-07-15 တွင် ပြန်စစ်ပြီး Archived from the original on 12 December 2007။
  120. Zaw, Aung (March 2004). "Celluloid Disillusions". Irrawaddy 12 (3). မော်ကွန်းတင်ပြီးမိတ္တူ 13 February 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2015 တွင် ပြန်စစ်ပြီး။
  121. 1 2 3 4 5 6 Page - 8, 7 Days Daily Newspaper, 26.4.2020

ပြင်ပလင့်ခ်များ

အစိုးရ
အထွေထွေ

ကိုဩဒိနိတ်: 22°N 96°E / 22°N 96°E / 22; 96