ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Karen National Democratic Party |
တည်ထောင်ခြင်း | ၂၂ ဖေဖော်ဝါရီ ၂၀၁၈ |
ပူးပေါင်း | ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကရင်ဒီမိုကရက်တစ်ပါတီ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ |
ဌာနချုပ် | ဘားအံမြို့၊ ကရင်ပြည်နယ် |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Karen National Democratic Party, အတိုကောက် KNDP) သည် မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၁] ပါတီ ဥက္ကဋ္ဌ မှာ မန်းအောင်ပြည်စိုးဖြစ်ပြီး၊ ပါတီအထွေထွေအတွင်းရေးမှူးမှာ စောချစ်သန်းဖြစ်သည်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သုဓနုလမ်း၊ ခြံအမှတ် (၄/၄၁၃) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ နှင့် စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၃]
၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း
[ပြင်ဆင်ရန်]၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အတွင်း ပါဝင်ရန် ကမ်းလှမ်းခံခဲ့ရသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများထဲ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီလည်းပါဝင်ခဲ့ပြီး ပါဝင်ဖို့ ကမ်းလှမ်းချက်ကို ပါတီဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက လက်ခံခဲ့သည်ဟု VOA က ဖော်ပြသည်။ လူတစ်ဦး၏ အမည်စာရင်းအား ပေးပို့ခဲ့သည်ဟု ပြောဆိုထားမှုရှိခဲ့သော်လည်း မည်သည့်နေရာ၊ မည်သည့်တာဝန် ရယူခဲ့သနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။[၄]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၉ ပါတီတို့ ၂၀၂၁ မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီလည်း တက်ရောက်ခဲ့သည်။[၅]
၂၀၂၂ မေလ ၁၂ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)တို့ တွေ့ဆုံမှုလည်း ရှိခဲ့သည်။ [၆]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်သည်။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၁၇) ဖြစ်ပါသည်။[၂]
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁၁)နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်( ၆)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)နေရာ တို့တွင် ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့သည်။ [၇]နေရာတစ်ခုမှာမှ ရွေးချယ်တင်မြှောက်မခံခဲ့ရပေ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ။ UEC။ 16 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-7-12 တွင် ပြန်စစ်ပြီး။
- 1 2 ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ Myawaddy။ 2025-7-16 တွင် ပြန်စစ်ပြီး။
- ↑ ကရင်ပါတီ ၃ ခု ပါတီ ၁ ခုတည်းအဖြစ် ပေါင်းစည်း။ BBC Burmese။ 2025-7-12 တွင် ပြန်စစ်ပြီး။
- ↑ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့မှာပါဝင်ရေးပေါ် နိုင်ငံရေးပါတီတွေ တုံ့ပြန်ပုံကွဲလွဲ။ VOA Burmese။ 2025-7-13 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် PR စနစ် ကျင့်သုံးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေး။ Eleven Media။ 2025-7-15 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး။ Ministry of Information။ 2025-7-15 တွင် ပြန်စစ်ပြီး။
- ↑ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ၂၉ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်။ DVB။ 2025-7-13 တွင် ပြန်စစ်ပြီး။