မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Myanmar People's Democratic Party |
ဥက္ကဋ္ဌ | ဦးဌေးကျော် |
တည်ထောင်ခြင်း | ၁၈ မေ ၂၀၁၇ |
ဌာနချုပ် | မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
မှတ်ပုံတင်အမှတ် | ၂ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Myanmar People's Democratic Party; အတိုကောက် MPD) သည် ၂၀၁၇ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၁]
ပါတီဥက္ကဋ္ဌမှာ ဦးဌေးကျော် ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီကို ၂၀၁၇ ခုနှစ် မေလ ၁၈ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့သည်။[၁]
၂၀၂၁ အာဏာသိမ်းမှုအပေါ် "အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ် ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကြိဆိုထောက်ခံပါကြောင်း" ဟု ပါတီကြေညာချက် ၅/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့သည်။ [၂]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၂) ဖြင့် ခွင့်ပြုခဲ့သည်။[၃]
ပါတီရုံးချုပ်
[ပြင်ဆင်ရန်]ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့၊ ရန်ကုန် - ပဲခူးလမ်းမကြီး၊ အမှတ်(၈၃) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ကြေညာချက်အမှတ် ၅/၂၀၂၁။ MDP။ ၂၀၂၅-၇-၁၀ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း။ Ministry of Information။ 2025-7-10 တွင် ပြန်စစ်ပြီး။
![]() | ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |