ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Chin National Democratic Party |
နာယက | ဦးဇမ်ကျင်ပေါ် (ခ) ဦးဇိုဇမ်း |
အထွေထွေ အတွင်းရေးမှူး | ဆလိုင်းကျဲအိုဘိခ်ထောင် |
တည်ထောင်ခြင်း | ၂၇ မေ ၂၀၁၀ |
ဖျက်သိမ်းခြင်း | ၁၁ ဇူလိုင် ၂၀၁၉ |
ယခင် | ချင်းအမျိုးသားပါတီ |
ဆက်ခံ | ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ဌာနချုပ် | လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
အဖွဲ့ဝင် | ၁၀၀,၀၀၀ ခန့်[၁] |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (အင်္ဂလိပ်: Chin National Democratic Party, အတိုကောက် - CNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ဟောင်း တစ်ခုဖြစ်သည်။[၂] CNDP ၏ ယခင်အမည်မှာ ချင်းအမျိုးသားပါတီ (Chin National Party) ဖြစ်သည်။[၃]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၆၀/၂၀၁၀ အရ ၂၀၁၀ ခုနှစ်၊ မေ ၂၇ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ မှတ်ပုံတင်အမှတ်မှာ ၂၁ ဖြစ်သည်။[၄]
ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု
[ပြင်ဆင်ရန်]၂၀၁၅
[ပြင်ဆင်ရန်]ဝင်ပြိုင်သည့်နေရာ | အနိုင်ရမှု | ||
---|---|---|---|
အမျိုးသားလွှတ်တော် | |||
ပြည်သူ့လွှတ်တော် | |||
ပြည်နယ်လွှတ်တော် |
ချင်းပါတီ ပူးပေါင်းဖွဲ့စည်းခြင်း
[ပြင်ဆင်ရန်]၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၅][၆][၇]
ပါတီပယ်ဖျက်ခြင်း
[ပြင်ဆင်ရန်]ချင်းပြည်နယ်ရှိ ချင်းပါတီ (၃) ခုပေါင်းစည်းပြီး ပါတီအသစ် တည်ထောင်မှုကြောင့် ဤပါတီကို ပယ်ဖျက်ရန် လျှောက်ခဲ့ပြီး၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၂၅ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၁၁၉/၂၀၁၉ အားဖြင့် ၂၀၁၉ ဇူလိုင် ၁၁ ရက်တွင် ပယ်ဖျက်ခဲ့သည်။ [၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ" (၂၆ အောက်တိုဘာ ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၉၈). Retrieved on ၂၀ မတ် ၂၀၁၇. 24 June 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၂၀ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ချင်း အမျိုးသားပါတီ အမည်ပြောင်း။ The Irrawaddy။ 2025-6-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-28 တွင် ပြန်စစ်ပြီး။
- ↑ ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်း။ Union Election Commission။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်။ ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်း။ Union Election Commission။ 2025-6-27 တွင် ပြန်စစ်ပြီး။
![]() | ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |