ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
---|---|
ဖိုင်:Chin National League for Democracy logo.png | |
အင်္ဂလိပ် အမည် | Chin National League for Democracy |
အလှည့်ကျ ဥက္ကဋ္ဌ | ပူးဇိုဇမ် |
တည်ထောင်ခြင်း | ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ |
ဖျက်သိမ်းခြင်း | ၂၉ မတ် ၂၀၂၃ |
ယခင် |
|
ဌာနချုပ် | ၁၀၉၇၊ ပြည်ထောင်စုလမ်းမ၊ ၄၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန် |
နိုင်ငံရေး သဘောတရား | ချင်းလူမျိုး အခွင့်အရေး |
ပါတီအလံ | |
![]() | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Chin National League for Democracy Party; အတိုကောက် CNLD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ ဟောင်း တစ်ခုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချင်းပြည်နယ်တွင် နှစ်နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် နဝတအစိုးရမှ အာဏာမလွှဲပဲ အမျိုးသားညီလာခံ ကျင်းပရန် စီစဉ်မှုအပေါ် ကန့်ကွက်ခဲ့သည့် ပါတီများအား ဖျက်သိမ်းရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖျက်သိမ်းခံခဲ့ရသည်။[၁]
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့သည်။[၁][၂][၃]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၁၁၈/၂၀၁၉ အရ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ မှတ်ပုံတင်အမှတ်မှာ ၁၁၆ ဖြစ်သည်။[၄]
ရွေးကောက်ပွဲ၊ ၂၀၂၀ ခုနှစ်
[ပြင်ဆင်ရန်]၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် CNLD သည် ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၆ နေရာအတွက် ယှဉ်ပြိုင်ခဲ့သည်။ [၅] သို့ရာတွင် မဲဆန္ဒနယ်တစ်ခုတွင်သာ အောင်မြင်နိုင်ခဲ့ပြီး၊ ဟားခါးမြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးရှန်မန်းသာ ချင်းပြည်နယ်လွှတ်တော်အတွင်း ဝင်ရောက်နိုင်ခဲ့သည်။[၆]
ပယ်ဖျက်ခြင်း
[ပြင်ဆင်ရန်]CNLD ပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်ကြောင်း ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းက ပြောကြားခဲ့သည်။[၇]
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်။ ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(Chin National League For Democracy Party)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ Myanmar Digital News။ 2025-6-28 တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀) ဝင်ရောက်ယှဉ်ပြိုင်မည်။ Myanmar Digital News။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ ဟားခါးမြို့ CNLD လွတ်တော် ကိုယ်စားလှယ် ဦးရှန်မန်း နေအိမ် ချိတ်ပိတ်ခံရ။ BNI။ 2025-6-28 တွင် ပြန်စစ်ပြီး။
- ↑ CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်။ Khonumthung News။ 2025-6-28 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ 2025-6-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-11 တွင် ပြန်စစ်ပြီး။
![]() | ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |