မာတိကာသို့ ခုန်သွားရန်

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

ဝီကီပီးဒီးယား မှ
ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ
အင်္ဂလိပ် အမည်Rakhine State National United Party
အထွေထွေ အတွင်းရေးမှူးဒေါ်မသန်းစိန်
ဥက္ကဋ္ဌဦးအေးကြိုင်
တည်ထောင်ခြင်း၂၀ မေ ၂၀၁၀; ၁၅ နှစ် အကြာက (၂၀၁၀-၀၅-20)
ဌာနချုပ်လှိုင်သာယာမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အဖွဲ့ဝင်၂၀၀,၀၀၀ ကျော် []
မှတ်ပုံတင်အမှတ်
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (အင်္ဂလိပ်: Rakhine State National United Party, အတိုကောက် RSNUP) သည် ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ထားသော နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[][] ပါတီဥက္ကဋ္ဌသည် ဦးအေးကြိုင် ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ် မေလတွင် ပါတီကို စတင်တည်ထောင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် ခြောက်ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[]

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၉) ဖြင့် ခွင့်ပြုခဲ့သည်။[]

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ (၈)ရပ်ကွက်၊ (၅)လမ်း၊ အမှတ် (၂၅၄) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ

[ပြင်ဆင်ရန်]

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် (၂) နေရာ၊ အမျိုးသားလွှတ်တော် (၁) နေရာ၊ ပြည်နယ်လွှတ်တော် (၃) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ "ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ" (၁၃ ဇူလိုင် ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၇၉၃). Retrieved on ၂၄ မတ် ၂၀၁၇.  25 September 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၂၄ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
  3. ဝင်းတင့်ထွန်း။ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း။ p. ၃၅၅။
  4. ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ Myanmar Digital News။ 2025-7-28 တွင် ပြန်စစ်ပြီး။
  5. ၂၀၂၀ ရွေးကောက်ပွဲ နှင့် ရခိုင်ပြည်နယ်။ DVB Burmese။ 2025-7-27 တွင် ပြန်စစ်ပြီး။