မာတိကာသို့ ခုန်သွားရန်

ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ

ဝီကီပီးဒီးယား မှ
ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီ
အင်္ဂလိပ် အမည်Public Contribute Students Democracy Party
အထွေထွေ အတွင်းရေးမှူးဦးဝင်းနိုင်
ဥက္ကဋ္ဌဦးမင်းမင်းထွန်း
ဆောင်ပုဒ်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစဉ်ဆက်မပြတ် လူထုအတွက် အားသွန်ခွန်စိုက်ထမ်းရွက်တာ ပြည်သူချစ်တဲ့ ဒေါင်းဖြူပါ
တည်ထောင်ခြင်း၂၈ ဧပြီ ၂၀၁၅ (၂၀၁၅-၀၄-၂၈)
ဌာနချုပ်လှိုင်သာယာမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အဖွဲ့ဝင်၅,၀၀၀ ခန့်[]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီ (အင်္ဂလိပ်: Public Contribute Students Democracy Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် စသည့် ၈၈ ညီ နောင် ၂ပါတီမှ ခွဲထွက်ကာ ၂၀၁၄ တွင် ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီအဖြစ် ပါတီတည်ထောင်ခွင့်လျှောက်လွှာတင်ခဲ့ပြီး ၂၀၁၅ မတ်လတွင် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။[]

ပါတီမှတ်ပုံတင် ငြင်းပယ်ခြင်း

[ပြင်ဆင်ရန်]

အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်းကြောင့် ၂၀၂၄ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခြင်းမှ ငြင်းပယ်ခံရသည်။[]

ကိုးကား

[ပြင်ဆင်ရန်]