ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ
ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ | |
---|---|
အင်္ဂလိပ် အမည် | Union Farmer-Labour Force Party |
ဥက္ကဋ္ဌ | ဦးမင်းသူ |
တည်ထောင်ခြင်း | ၄ ဩဂုတ် ၂၀၁၅ |
ဌာနချုပ် | ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး |
အဖွဲ့ဝင် | ၄,၀၀၀ ကျော်[၁] |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ (အင်္ဂလိပ်: Union Farmer-Labour Force Party) သည် ၂၀၁၅ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ပဲခူးတိုင်းဒေသကြီး အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။[၂]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၅၃) ဖြင့် ခွင့်ပြုခဲ့သည်။ [၃]
ပဲခူးတိုင်းဒေသကြီး၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၁)လမ်း၊ လန်းဆန်းအိမ်ရာ၊ အမှတ် (A/၄၀၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည်။
ပါတီဖျက်သိမ်းခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်မီမှုကြောင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီအား မှတ်ပုံတင်ပယ်ဖျက်၍ ပါတီဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကြေညာလိုက်သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီ" (၁၅ စက်တင်ဘာ ၂၀၁၅). ၇ ရက်သတင်းဂျာနယ် (၈၅၇). Retrieved on ၂၁ မတ် ၂၀၁၇. 25 September 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ 17 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 9 September 2025 တွင် ပြန်စစ်ပြီး။
![]() | ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |