တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ | |
---|---|
အင်္ဂလိပ် အမည် | Tai-Leng Nationalities Development Party |
နာယက | ဦးစိုင်းဌေးအောင် |
အထွေထွေ အတွင်းရေးမှူး | ဦးစိုင်းကျော်ညွန့် |
တည်ထောင်ခြင်း | ၁၀ မေ ၂၀၁၂ |
ဌာနချုပ် | ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ အုပ်စု၊ အာလဝီကုန်းရပ်၊ အလဝ-၁၃ |
အဖွဲ့ဝင် | ၃,၅၀၀+ [၁] |
နိုင်ငံရေး သဘောတရား | ဖက်ဒရယ်ပြည်ထောင်စုစနစ်[၁] |
အရောင် | အနီ၊ အစိမ်း၊ အဝါ |
မှတ်ပုံတင်အမှတ် | ၇ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အမတ်နေရာ | ၁ / ၁၀၁
|
တိုင်းရင်းသားရေးရာဝန်ကြီး | ၁ / ၂၉
|
ပါတီအလံ | |
![]() | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Tai-Leng Nationalities Development Party; အတိုကောက် TNDP, ကျားနီပါတီ) သည် ၂၀၁၂ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[၂] ပါတီဥက္ကဋ္ဌသည် ဦးစိုင်းဌေးအောင် ဖြစ်သည်။
တိုင်းလိုင် ခေါ် ရှမ်းနီလူမျိုးများ ဖွံ့ဖြိုးတိုးတက်စေရေးရန်အတွက် တည်ထောင်ထားခြင်း ဖြစ်သည်။ ပါတီ၏မူဝါဒမှာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရန် တိုင်းရင်းသား သွေးစည်းညီညွတ်ရေး နှင့် ပြည်သူလူထုအကျိုးကို ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပါတီအသစ် တည်ထောင်ရန် ပြန်လည်လျှောက်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် မေလ တွင် ပါတီအသစ် မှတ်ပုံတင် ရရှိခဲ့သည်။
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၃
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၇) ဖြင့် ခွင့်ပြုခဲ့သည်။[၃]
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ အုပ်စု၊ အာလဝီကုန်းရပ်၊ အလဝ-၁၃ တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မှုများ
[ပြင်ဆင်ရန်]၂၀၁၅
[ပြင်ဆင်ရန်]ပါတီဝင်အရေအတွက် ၃,၅၀၀ ကျော်ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ လေးမြို့နယ် စုစုပေါင်း ၁၂ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ Tai-Leng Nationalities Development Party (T.N.D.P)။ Vote4Myanmar။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar Times > Election 2015 > Parties > Tai-Leng Nationalities Development Party။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ [TAI-LENG NATIONALITIES DEVELOPMENT PARTY (T.N.D.P)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု]။ Myawaddy Portal။ 2025-7-27 တွင် ပြန်စစ်ပြီး။
![]() | ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |