ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်
ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် | |
---|---|
အင်္ဂလိပ် အမည် | Zomi Congress for Democracy |
နာယက | ပူးကျင့်ရှင်းထန် |
အထွေထွေ အတွင်းရေးမှူး | ပူးဂင့်ကမ်းလျန် |
တည်ထောင်ခြင်း | ၂၀၁၂ |
ဌာနချုပ် | ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ |
အဖွဲ့ဝင် | ၁၅,၀၀၀[၁] |
နိုင်ငံရေး သဘောတရား | ဇိုမီးလူမျိုး အခွင့်အရေး |
အရောင် | အနီ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၂ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၂ / ၄၄၀
|
ချင်းပြည်နယ် လွှတ်တော် အမတ်နေရာ | ၂ / ၂၄
|
ပါတီအလံ | |
![]() | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (အင်္ဂလိပ်: Zomi Congress for Democracy; အတိုကောက် ZCD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါတီများ၏ အမည်နှင့် ပတ်သက်ပြီး ကန့်သတ်ချက်များ ထည့်သွင်းလိုက်ပြီးသည့်နောက်တွင် ဇိုမီးအမျိုးသားကွန်ကရက်ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အဖြစ် အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ပါတီဝင်များမှာ တွန်းဇံ၊ တီးတိန်မြို့နယ်များ အပါအဝင် ချင်းပြည်နယ်မှ ဖြစ်ကြသည်။[၁]
ZCD ပါတီဟာ ZNC ပါတီအမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက တီးတိန် နှင့် တွန်းဇံမြို့နယ်မှာအနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၆ နေရာ၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၂ နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။[၂]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၄
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် အသစ်ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီများအား ရက် ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့ရာ၊ ZCD ပါတီ၏ မှတ်ပုံတင်လျှောက်ထားမှုကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ ဩဂုတ် ၅ ရက်နေ့တွင် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ဟုဆိုကာ ပယ်ချခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Myanmar Now - Resources: Zomi Congress for Democracy။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 November 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ZCD ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားမှု စစ်ကောင်စီ ငြင်းပယ်။ Khonumthung News။ 2025-6-28 တွင် ပြန်စစ်ပြီး။