မာတိကာသို့ ခုန်သွားရန်

အမျိုးသား ဒီမိုကရေစီ အင်အားစု

ဝီကီပီးဒီးယား မှ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
အင်္ဂလိပ် အမည်National Democratic Force
ဥက္ကဋ္ဌဦးသာဆိုင်
ဦးထက်အောင်ကျော်
ခွဲထွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ဌာနချုပ်ဗဟန်းမြို့နယ်ရန်ကုန်မြို့
နိုင်ငံရေး သဘောတရားလစ်ဘရယ်ဝါဒ
လစ်ဘရယ်ဒီမိုကရေစီ၊
Social liberalism
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အင်္ဂလိပ်: National Democratic Force, အတိုကောက်: NDF) သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင် ကော်မတီဝင်ဟောင်းများက ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်း ထူထောင်ထားသည့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ယခင်ဥက္ကဋ္ဌ မှာဒေါက်တာ သန်းငြိမ်း ဖြစ်သည်။[] ဗဟိုဌာနချုပ်မှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တည်ရှိသည်။

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

၂၀၁၀ ​ရွးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့တွင်ကိုယ်စာလှယ်အချို့အနိုင်ရခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ် မရှိခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရ ပါတီကိုယ်စားလှယ် မရှိခဲ့ပေ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟု ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။[]

ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ နေ့တွင် မှတ်ပုံတင်အမှတ် (၄၃) ဖြင့် ခွင့်ပြုခဲ့သည်။[]

ရွေးကောက်ပွဲ ရလဒ်များ

[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် မှတ်ချက် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၁၀
၄ / ၂၂၄
1,447,560 7.14 Increase အမျိုးသားလွှတ်တော်လွှတ်တော်နေရာ တတိယအများဆုံးရရှိသည့် ပါတီဖြစ်ခဲ့။ ဦးခင်မောင်ဆွေ
၂၀၁၅
၀ / ၂၂၄
92,638 0.41 Decrease 4 လွှတ်တော်နေရာ မရရှိခဲ့ပေ။ ဦးခင်မောင်ဆွေ
၂၀၂၀
၀ / ၂၂၄
22,017 0.08 Decrease 0 လွှတ်တော်နေရာ မရရှိခဲ့ပေ။ ဦးခင်မောင်ဆွေ
၂၀၂၅
၀ / ၂၂၄
ဦးသာဆိုင်

ပြည်သူ့လွှတ်တော်

[ပြင်ဆင်ရန်]
ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် မှတ်ချက် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၁၀
၈ / ၄၄၀
1,476,825 7.26 Increase ပြည်သူ့လွှတ်တော်နေရာ တတိယအများဆုံးရရှိသည့် ပါတီဖြစ်ခဲ့။ ဦးခင်မောင်ဆွေ
၂၀၁၅
၀ / ၄၄၀
113,292 0.51 Decrease လွှတ်တော်နေရာ မရရှိခဲ့ပေ။ ဦးခင်မောင်ဆွေ
၂၀၂၀
၀ / ၄၄၀
32,848 0.12 Decrease 0 လွှတ်တော်နေရာ မရရှိခဲ့ပေ။ ဦးခင်မောင်ဆွေ
၂၀၂၅
၀ / ၂၂၄
ဦးသာဆိုင်

ခေါင်းဆောင်မှုများ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင်အထူးအစည်းအဝေး (10/2025) အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်။

  • (၁)ဦးသာဆိုင် - ဥက္ကဋ္ဌ
  • (၂)ဦးထက်အောင်ကျော် - တွဲဖက်ဥက္ကဋ္ဌ
  • (၃)ဦးနန်းထိုက်ဇော် - ဒုဥက္ကဋ္ဌ-၁
  • (၄)ဒေါ်စန္ဒာမင်း - ဒုဥက္ကဋ္ဌ-၂
  • (၅)ဦးကျော်ထက် (အ‌ထွေထွေအတွင်းရေးမှူး)
  • (၆)ဦးအောင်ကိုကို (အတွင်းရေးမှူးအဖွဲ့ဝင်)
  • (၇)ဦးဝင်းသိန်းဟန် (အတွင်းရေးမှူးအဖွဲ့ဝင်)
  • (၈)ဒေါက်တာမျိုးဆက်သွေး (အတွင်းရေးမှူးအဖွဲ့ဝင်)
  • (၉)ဦးကျော်စိန်ထွန်း (ဘဏ္ဍာရေးမှူး)
  • (၁၀)ဒေါ်ဝင်းဂျူလိုင်နွေး (ဗဟိုအမျိုးသမီးတာဝန်ခံ)
  • (၁၁)ဦးဉာဏ်လင်းစော (ဗဟိုလူငယ်တာဝန်ခံ)
  • (၁၂)ဦးကျော်ငွေ (အဖွဲ့ဝင်)
  • (၁၃)ဦးကျော်မြတ်ခိုင် (အဖွဲ့ဝင်)
  • (၁၄)ဦးနေလင်းအောင် (အဖွဲ့ဝင်)
  • (၁၅)ဒေါ်ထက်မွန်ဆွေ (အဖွဲ့ဝင်)
  • (၁၆)ဦးထင်အောင်ကျော် (အဖွဲ့ဝင်)
  • (၁၇)ဦးအောင်ပြည့်ဖြိုးမောင် (အဖွဲ့ဝင်)
  • (၁၈)ဦးဇော်ကြီး (အဖွဲ့ဝင်)
  • (၁၉)ဒေါ်အေးအေးမြင့် (အဖွဲ့ဝင်)
  • (၂၀)ဒေါ်မေသူသူအောင် (အဖွဲ့ဝင်)
  • (၂၁)ဦးဇော်မင်းထွန်းရှိန် (အဖွဲ့ဝင်)
  • (၂၂)ဒေါ်ဘေဘီ (အဖွဲ့ဝင်)

ကိုးကား

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ။ 24 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 October 2010 တွင် ပြန်စစ်ပြီး။
  2. ဉာဏ်လင်းထွန်း (၁၁ နိုဝင်ဘာ ၂၀၂၀)။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲအဖြစ် သတ်မှတ်၍မရကြောင်း NDF ပါတီ ထုတ်ပြန်။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. အမျိုးသားဒီမိုကရေစီအင်အားစုပါတီ [National Democratic Force Party (NDF) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း]။ ပြန်ကြားရေးဝန်ကြီးဌာန။ 7 August 2025 တွင် ပြန်စစ်ပြီး။