ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၂
![]() | |||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||
ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အနက် ၄၀ နေရာ အမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာအနက် ၆ နေရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ | |||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
|
![]() |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
|
တရားစီရင်ရေး
|
|
စစ်ပြိုင်အစိုးရအဖွဲ့
|
အခြားအကြောင်းအရာများ |
![]() |
မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် [၁] ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခံရသော လွှတ်တော်အမတ်များ အစိုးရအဖွဲ့ ဝန်ကြီးဌာနများတွင် အုပ်ချုပ်ရေး အရာရှိများအဖြစ် တာဝန်ယူရာမှ လစ်လပ်သွားသော အမတ်နေရာများကို ဖြည့်ဆည်းရန် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။
နောက်ခံအကြောင်းအရင်း
[ပြင်ဆင်ရန်]ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး၏ လွှတ်တော်အမတ် ၂ နေရာ ပေါင်း ၄၈ နေရာအတွက် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။ သို့သော် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် စသော ၃ မြို့နယ်တွင်မူ လုံခြုံရေး အကြောင်းအရင်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။[၂][၃]
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာမူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေမှ ပါဝင်ခဲ့ရာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့သည်။[၄] ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေ မှလွဲ၍ ၄၃ နေရာကို အနိုင်ရခဲ့သည်။[၅][၆][၇] အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာကို ရရှိခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲအချိန်ဇယား
[ပြင်ဆင်ရန်]ကြားဖြတ်ရွေးကောက်ပွဲ (၂၀၁၂) အား ကျင်းပမည့် အကြောင်းကို ဦးတင်အေး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် တွင် ကြေညာအသိပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် တွင် ရွေးကောက်ပွဲကျင်းပခဲ့သည်။
လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာ ၄၀
[ပြင်ဆင်ရန်]- ဖားကန့်၊မိုးကောင်း၊ဗန်းမော်၊စစ်ကိုင်း၊ပုလဲ၊မင်းကင်း၊ကျွန်းစု၊လောင်းလုံ၊တောင်ငူ၊ထန်းတပင်၊သနပ်ပင်၊လက်ပံတန်း၊မကွေး၊ရေစကြို၊မြိုင်၊ပခုက္ကူ၊ပွင့်ဖြူ၊ဇမ္ဗူသီရီ၊ပုဗ္ဗသီရီ၊ဒက္ခိဏသီရိ၊ဥတ္တရသီရိ၊ကျောက်ပန်းတောင်း၊နွားထိုးကြီး၊မဟာအောင်မြေ၊တံတားဦး၊မိတ္ထီလာ၊ပြင်ဦးလွင်၊မော်လမြိုင်၊ကော့မှူး၊သုံးခွ၊ဒဂုံ(ဆိပ်ကမ်း)၊မင်္ဂလာတောင်ညွန့်၊လှည်းကူး၊မရမ်းကုန်း၊ကလော၊ပုသိမ်၊မအူပင်၊မြောင်းမြ၊ဝါးခယ်မ၊မြန်အောင်။
မှတ်ချက်။ ဖားကန့်၊မိုးကောင်း နှင့် ဗန်းမော် တို့တွင် လုံခြုံရေးအခြေအနေကြောင့် မကျင်းပဖြစ်ခဲ့ပေ။
လစ်လပ်အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၆ နေရာ
[ပြင်ဆင်ရန်]- စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃)
- စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)
- ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)
- ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)
- ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)
လစ်လပ်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၂ နေရာ
[ပြင်ဆင်ရန်]- ကဝ(၂)၊ရေကြည်(၂)
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများ
[ပြင်ဆင်ရန်]- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
- ပြည်သူ့ဒီမိုကရေစီပါတီ
- ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
- ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
- လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
- ခေတ်သစ်ပြည်သူ့ပါတီ
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
- အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
- မြန်မာအမျိုးသားကွန်ဂရက်ပါတီ
- မြန်မာ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
- အမျိုးသားဒီမိုကရေစီပါတီသစ်
- ဒီမိုကရက်တစ်ပါတီ (မြန်မာ)
- ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်
ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင််းအရေအတွက်
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီ (၁၇)ပါတီ တို့မှ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၁ ဦး နှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး တို့ ဝင်ပြိုင်ခဲ့ကြပါသည်။
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃၃ ဦး
- အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၂ ဦး
- တိုင်းဒေသကြီး ၆ ဦး နှင့်
- တစ်သီးပုဂ္ဂလ ၈ ဦး ဖြင့် စုစုပေါင်း ၁၆၉ ဦး ရှိခဲ့သည်။
အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှု
[ပြင်ဆင်ရန်]- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ဦး
- အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦး နှင့်
- တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး ဖြင့် စုစုပေါင်း ၂၆ ဦး ရှိခဲ့သည်။
မဲဆန္ဒရှင်ဦးရေ
[ပြင်ဆင်ရန်]- လစ်လပ်ပြည်သူ့လွှတ်တော်နေရာများအတွက် မဲဆန္ဒရှင် ၄၆၈၃၂၃၁ ဦး
- လစ်လပ်အမျိုးသားလွှတ်တော်နေရာအတွက် မဲဆန္ဒရှင် ၁၆၇၀၁၀၂ ဦး
- လစ်လပ် တိုင်းလွှတ်တော်မဲဆန္ဒနယ်အတွက် မဲဆန္ဒရှင် ၁၃၃၃၃၀ ဦး
မဲပေးသူအရေအတွက်
[ပြင်ဆင်ရန်]- လစ်လပ်ပြည်သူ့လွှတ်တော်နေရာများအတွက် မဲဆန္ဒရှင် ၃၂၈၂၄၄၂ ဦး (မဲပေးမှု - ၇၀ . ၁၇ ရာခိုင်နှုန်း)
- လစ်လပ်အမျိုးသားလွှတ်တော်နေရာအတွက် မဲဆန္ဒရှင် ၁၀၅၄၆၁၁ ဦး (မဲပေးမှု - ၆၃ . ၁၅ ရာခိုင်နှုန်း)
- လစ်လပ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အတွက် မဲဆန္ဒရှင် ၈၆၀၄၈ ဦး (မဲပေးမှု - ၆၄.၅၄ ရာခိုင်နှုန်း)
ရွေးကောက်ပွဲမဲပေးမှုအနှစ်ချုပ်
[ပြင်ဆင်ရန်]- မဲဆန္ဒရှင်စုစုပေါင်း ၆၄၈၆၆၆၃ ဦး
- မဲလာပေးသူအရေအတွက် ၄၄၂၃၁၀၁ ဦး (၆၈.၁၉ ရာခိုင်နှုန်း)
- ပယ်မဲ/ပျောက်မဲ ၃၃၀၈၆၁ မဲ
- ခိုင်လုံမဲ ၄၀၉၂၂၄၀ မဲ
ရွေးချယ်တင်မြှောက်ခံရမှု
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီ (၁၇) ပါတီ အနက် (၃) ပါတီမှ ကိုယ်စားလှယ်လောင်းများ အနိုင်ရခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာရွေးချယ်တင်မြှောက်ခံရမှု
[ပြင်ဆင်ရန်]စဉ် | အမည် | မဲဆန္ဒနယ် | တည်ရှိရာနေရာ | ပါတီ | လွှတ်တော်နေရာ |
---|---|---|---|---|---|
၁ | ဦးခင်မောင်သိန်း | စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ် | စစ်ကိုင်းတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၂ | ဒေါ်ခင်စန်းလှိုင် | ပုလဲမြို့နယ် မဲဆန္ဒနယ် | |||
၃ | ဒေါ်ခင်မွှေးလွင် | မင်းကင်းမြို့နယ် မဲဆန္ဒနယ် | |||
၃ | ဒေါ်တင်တင်ရီ | ကျွန်းစုမြို့နယ် မဲဆန္ဒနယ် | တနင်္သာရီတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၄ | ဦးအောင်စိုး | လောင်းလုံမြို့နယ် မဲဆန္ဒနယ် | |||
၅ | ဦးအောင်စိုးမြင့် | တောင်ငူမြို့နယ် မဲဆန္ဒနယ် | ပဲခူးတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၆ | ဦးစိန်းထွန်း | ထန်းတပင် မဲဆန္ဒနယ် | |||
၇ | ဦးကျော်မင်း | လက်ပံတန်းမြို့နယ် မဲဆန္ဒနယ် | |||
၈ | ဦးမြင့်ဦး | သနပ်ပင်မြို့နယ် မဲဆန္ဒနယ် | |||
၉ | ဦးပိုက်ကို | ပခုက္ကူမြို့နယ် မဲဆန္ဒနယ် | မကွေးတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၁၀ | ဒေါက်တာအောင်မိုးညို | ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ် | |||
၁၁ | ဦးမြင့်သိန်း | မကွေးမြို့နယ် မဲဆန္ဒနယ် | |||
၁၂ | ဦးမြင့်အောင် | မြိုင်မြို့နယ် မဲဆန္ဒနယ် | |||
၁၃ | ဦးတိုးရွှေ (ခ) ဦးတင်ဌေးအောင် | ရေစကြိုမြို့နယ် မဲဆန္ဒနယ် | |||
၁၄ | ဒေါ်စန္ဒာမင်း | ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ် | နေပြည်တော်ကောင်စီနယ်မြေ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၁၅ | ဦးနိုင်ငံလင်း | ဒက္ခိဏသီရိ မဲဆန္ဒနယ် | |||
၁၆ | ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော် | ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ် | |||
၁၇ | ဦးမင်းသူ | ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ် | |||
၁၈ | ဒေါ်ခင်သန္တာ | တံတားဦးမြို့နယ် မဲဆန္ဒနယ် | မန္တလေးတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၁၉ | ဒေါက်တာဇော်မြင့်မောင် | ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ် | |||
၂၀ | ဦးပေါခင် | နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ် | |||
၂၁ | ဦးအုန်းကြိုင် | မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ် | |||
၂၂ | ဦးဝင်းထိန် | မိတ္ထီလာမြို့နယ် မဲဆန္ဒနယ် | |||
၂၃ | ဦးကျော်သီဟ | ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် | |||
၂၄ | ဒေါ်ခင်ဌေးကြွယ် | မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် | မွန်ပြည်နယ် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၂၅ | ဒေါ်အောင်ဆန်းစုကြည် | ကော့မှူးမြို့နယ် မဲဆန္ဒနယ် | ရန်ကုန်တိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၂၆ | ဒေါက်တာမျိုးအောင် | ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် | |||
၂၇ | ဒေါက်တာမေဝင်းမြင့် | မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် | |||
၂၈ | ဒေါ်ဖြူဖြူသင်း | မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် | |||
၂၉ | ဦးဖြိုးမင်းသိန်း | လှည်းကူးမြို့နယ် မဲဆန္ဒနယ် | |||
၃၀ | ဒေါ်စုစုလွင် | သုံးခွမြို့နယ် မဲဆန္ဒနယ် | |||
၃၁ | ဒေါက်တာ ဒေါ်သန်းငွေ | ကလောမြို့နယ် မဲဆန္ဒနယ် | ရှမ်းပြည်နယ် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၃၂ | ဦးဝင်းမြင့် | ပုသိမ်မြို့နယ် မဲဆန္ဒနယ် | ဧရာဝတီတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပြည်သူ့လွှတ်တော် |
၃၃ | ဦးစိန်ဝင်း | မအူပင်မြို့နယ် မဲဆန္ဒနယ် | |||
၃၄ | ဦးမန်းဂျော်နီ | မြောင်းမြမြို့နယ် မဲဆန္ဒနယ် | |||
၃၅ | ဦးကျော်မြင့် | မြန်အောင် မဲဆန္ဒနယ် | |||
၃၆ | ဒေါ်မြင့်မြင့်စန်း | ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် |
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာရွေးချယ်တင်မြှောက်ခံရမှု
[ပြင်ဆင်ရန်]စဉ် | အမည် | မဲဆန္ဒနယ် | အကျုံးဝင်သည့်မြို့နယ်များ | တည်ရှိရာနေရာ | ပါတီ | လွှတ်တော်နေရာ |
---|---|---|---|---|---|---|
၁ | ဒေါက်တာမြင့်နိုင် | မဲဆန္ဒနယ် အမှတ် (၃) | ကန့်ဘလူ၊ကျွန်းလှ၊ရေဦး၊တန့်ဆည် | စစ်ကိုင်းတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | အမျိုးသားလွှတ်တော် |
၂ | ဦးတင်မြ | မဲဆန္ဒနယ် အမှတ် (၇) | ဗန်းမောက်၊ကောလင်း၊ဝန်းသို၊အင်လည်ဘူး | စစ်ကိုင်းတိုင်းဒေသကြီး | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | အမျိုးသားလွှတ်တော် |
၃ | ဦးမင်းဦး | မဲဆန္ဒနယ် အမှတ် (၇) | အုတ်တွင်း၊ထန်းတပင် | ပဲခူးတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | အမျိုးသားလွှတ်တော် |
၄ | ဦးအောင်ကြည်ညွန့် | မဲဆန္ဒနယ် အမှတ် (၄) | တောင်တွင်းကြီး | မကွေးတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | အမျိုးသားလွှတ်တော် |
၅ | ဦးစိုင်းစံမင်း | မဲဆန္ဒနယ် အမှတ် (၃) | လားရှိုး၊တန့်ယန်း၊မိုင်းရယ်၊သိန္နီ၊ကွမ်းလုံ | ရှမ်းပြည်နယ် | ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ | အမျိုးသားလွှတ်တော် |
၆ | ဦးသိန်းဆွေ | မဲဆန္ဒနယ် အမှတ် (၁၀) | ဖျာပုံ၊ဒေးဒရဲ | ဧရာဝတီတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | အမျိုးသားလွှတ်တော် |
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ခံရမှု
[ပြင်ဆင်ရန်]စဉ် | အမည် | မဲဆန္ဒနယ် | တည်ရှိရာနေရာ | ပါတီ | လွှတ်တော်နေရာ |
---|---|---|---|---|---|
၁ | ဦးမျိုးခိုင် | ကဝမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) | ပဲခူးတိုင်းဒေသကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ပဲခူးတိုင်းဒေသကြီးလွှတ်တော် |
၂ | ဒေါက်တာ လှမြတ်သွေး | ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) | ဧရာဝတီတိုင်းဒေသကြီ' | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | ဧရာဝတီတိုင်းဒေသကြီး |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Electoral Calendar – international elections world elections။ 12 May 2011 တွင် ပြန်စစ်ပြီး။
- ↑ Callan၊ Aela။ "High stakes in Myanmar election"၊ Al Jazeera၊ 29 March 2012။ 2 April 2012 တွင် ပြန်စစ်ပြီး။
- ↑ Hla Hla Htay။ "Myanmar sets by-election date"၊ 30 December 2011။ 15 March 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 4 June 2012။
- ↑ "Aung San Suu Kyi registers for Burma election run"၊ BBC News၊ 18 January 2012။ 15 March 2012 တွင် ပြန်စစ်ပြီး။
- ↑ NLD Sweeps Parliamentary By-Elections[လင့်ခ်သေ]
- ↑ "Suu Kyi's party wins Myanmar by-election landslide"၊ 2 April 2012။ 2 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 29 July 2012။
- ↑ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ၄၃ နေရာ အနိုင်ရ 7 April 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (ဗီအိုအေ)