မာတိကာသို့ ခုန်သွားရန်

တအောင်း(ပလောင်)အမျိုးသားပါတီ

ဝီကီပီးဒီးယား မှ
တအောင်း(ပလောင်) အမျိုးသားပါတီ
အင်္ဂလိပ် အမည်Ta-Ang (Palaung) National Party
နာယကဦးအိုက်မုန်း
အထွေထွေ အတွင်းရေးမှူးဦးထွန်းကျော်
တည်ထောင်ခြင်း၂၄ မေ ၂၀၁၀ (၂၀၁၀-၀၅-၂၄)
ဖျက်သိမ်းခြင်း၂၉ မတ် ၂၀၂၃
ဌာနချုပ်ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မင်္ဂလာရပ်၊ နမ့်ဆန်မြို့ရှမ်းပြည်နယ်
အဖွဲ့ဝင်၁၅,၅၇၇[]
နိုင်ငံရေး သဘောတရားတအောင်း(ပလောင်)လူမျိုး အခွင့်အရေး
အရောင်အပြာ၊ အနီ
အမျိုးသားလွှတ်တော် အမတ်နေရာ
၂ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၃ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၇ / ၈၈၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

တအောင်း (ပလောင်) အမျိုးသားပါတီ (အင်္ဂလိပ်: Ta-Ang (Palaung) National Party; အတိုကောက် TNP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်း တစ်ခုဖြစ်သည်။[]

သမိုင်း

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အသက် ၃၉ နှစ်အရွယ် TNP ပါတီ၏ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်၊ အသက် ၂၆ နှစ်အရွယ် ဇနီးဖြစ်သူနှင့် ၇ လအရွယ် သမီးဖြစ်သူတို့သည် ကားတိုက်ခံရ၍ ကွယ်လွန်သွားသော မိခင်၏ အသုဘမှအပြန်တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအထွက်ရှိ ရှမ်းပြည်တပ်မတော် (RCSS) ၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာနှင့် ၇ မိုင်ခန့် ကွာဝေးသော တောတွင်းရှိ တွင်းကြီးတစ်ခုထဲတွင် ပစ်သတ်ခံခဲ့သည်။[]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]

ပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကိုမူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။[] ပါတီဝင်အရေအတွက် ၁၅၅၇၇ ဦးရှိပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[]

ပယ်ဖျက်ခြင်း

[ပြင်ဆင်ရန်]

တအောင်း(ပလောင်)အမျိုးသားပါတီအား ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ Ta-Arng (Palaung) National Party။ Vote4Myanmar။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. Myanmar Times > Election 2015 > Parties > Ta'Arng National Party။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။
  3. ဖမ်းဆီးသတ်ဖြတ်ခံရသည့် TNP ပါတီ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်အပါအဝင် မိသားစုဝင် ၃ ဦး၏ ဈာပန ကျင်းပ။ DVB Burmese။ 2025-7-11 တွင် ပြန်စစ်ပြီး။
  4. Myanmar Now - Resources: Ta'ang National Party။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။
  5. နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ 2025-6-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-11 တွင် ပြန်စစ်ပြီး။