နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | |
---|---|
State Administration Council | |
![]() | |
အကျဉ်းချုပ် | |
စတင် | ၂ ဖေဖော်ဝါရီ ၂၀၂၁ |
ပျက်ပျယ် | ၃၁ ဇူလိုင် ၂၀၂၅ |
နိုင်ငံ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ |
ဦးဆောင်သူ | ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ခန့်အပ်သူ | အရေးပေါ်အခြေအနေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
တာဝန်ခံမှု | တပ်မတော် ကာကွယ်ရေးဦးစီးချုပ် |
ဝဘ်ဆိုဒ် | https://sacoffice.gov.mm/index.php/my/home |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အင်္ဂလိပ်: State Administration Council; အတိုကောက် SAC သို့မဟုတ် နစက၊ အရပ်အသုံး: အာဏာသိမ်းစစ်ကောင်စီ(စကစ)/စစ်အစိုးရ[မှတ်စု ၁]) သည် တပ်မတော်၏ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး တစ်ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂ တွင်
အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကျင်းပသည့် ကာလုံအစည်းအဝေးဆုံးဖြတ်ချက်အရ ဒီဇင်ဘာလ တွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အား ဖျက်သိမ်းခဲ့သည်။
ယင်းနောက် အဖွဲ့ဝင် (၁၀)ဦးပါ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ပေါ်ပေါက်လာခဲ့သည်။[၆]
သမိုင်းကြောင်း
ကောင်စီ ဖွဲ့စည်းခြင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၄၁၉ အရ ဤကောင်စီကိုဖွဲ့စည်းသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် ၉/၂၀၂၁ အားဖြင့် ဖွဲ့စည်းခဲ့သည်။[၇] [၈]ထိုအဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်သည်။[၉][၁၀]
ဤကောင်စီကို ဖေဖော်ဝါရီ ၂ တွင် စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၃) ဦး၊ စုစုပေါင်း (၁၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[၇] သို့သော် ဤကောင်စီကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာ ဖေဖော်ဝါရီ ၄ တွင် အရပ်သားငါးဦး ပါဝင်လာခဲ့သည်။ ထိုအချိန်ကပါဝင်သောသူများမှာ စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၈) ဦးဖြင့် စုစုပေါင်း (၁၆) ဦးဖြစ်သည်။[၁၁]
ကောင်စီ၏ စီမံခန့်ခွဲရေးကော်မီတီ ဖွဲ့စည်းခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၁) အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။
![]() နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြောင်း ပါဝင်သော ဆောင်းပါးများ |
နောက်ခံအကြောင်းအရာ ခေါင်းဆောင်များ
အုပ်ချုပ်ရေး
စစ်ပွဲများ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများ ထုတ်ပြန်သည့်အမိန့်များ အဓိကဖြစ်ရပ်များ ခုခံတော်လှန်ရေးနှင့် စင်ပြိုင်များ |
ဤကော်မတီကို အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပထမဆုံးသော အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားအဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။
(၁) | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
ဥက္ကဋ္ဌ |
(၂) | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
ဒုတိယဥက္ကဋ္ဌ |
(၃) | ဗိုလ်ချုပ်ကြီး မြထွန်းဦး
ကာကွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၄) | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၅) | ဦးဝဏ္ဏမောင်လွင်
နိုင်ငံခြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၆) | ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
နယ်စပ်ရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၇) | ဦးဝင်းရှိန်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၈) | ဦးအောင်နိုင်ဦး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၉) | ဦးကိုကိုလှိုင်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၀) | ဦးချစ်နိုင်
ပြန်ကြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၁) | ဦးကိုကို
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၂) | ဦးတင်ထွဋ်ဦး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၃) | ဗိုလ်ချုပ်ကြီး တင်အောင်စန်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၄) | ဦးခင်မောင်ရီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၅) | ဦးအောင်သန်းဦး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၆) | ဦးမြင့်ကြိုင်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၇) | ဒေါက်တာပွင့်ဆန်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၈) | ဒေါက်တာညွန့်ဖေ
ပညာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၁၉) | ဒေါက်တာသက်ခိုင်ဝင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၂၀) | ဦးရွှေလေး
ဆောက်လုပ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၂၁) | ဒေါက်တာသက်သက်ခိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၂၂) | ဦးမောင်မောင်အုန်း
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၂၃) | ဦးစောထွန်းအောင်မြင့်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
(၂၄) | ဒေါက်တာဒေါ်သီတာဦး
ပြည်ထောင်စုရှေ့နေချုပ် |
အဖွဲ့ဝင် |
(၂၅) | အမြဲတမ်းအတွင်းဝန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး |
အတွင်းရေးမှူး |
အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်း
၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲရေးကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၂ / ၂၀၂၁ အားဖြင့် "ပြည်ထောင်စုမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ" ဟူ၍ ပြောင်းလဲဖွဲ့စည်းပြီးနောက် ကောင်စီ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁၂]
(က) နိုင်ငံတော်ဝန်ကြီးချုပ်၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
( ခ ) ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
( ဂ ) ပြည်ထောင်စုဝန်ကြီးများ၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်၊
( င ) အမြဲတမ်းအတွင်းဝန်၊ အိမ်စောင့်အစိုးရအဖွဲ့ရုံး။
ပြည်ထောင်စုအစိုးရ ဖွဲ့စည်းခြင်း
![]() |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
|
တရားစီရင်ရေး
|
|
စစ်ပြိုင်အစိုးရအဖွဲ့
|
အခြားအကြောင်းအရာများ |
![]() |
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၈၀/၂၀၂၁) ဖြင့် "အိမ်စောင့်အစိုးရအဖွဲ့ရုံး" နာမည်ကို "ပြည်ထောင်စုအစိုးရအဖွဲ့ရုံး" အဖြစ် ပြင်ဆင်သတ်မှတ်သည်။
ကောင်စီအဖွဲ့ဝင်များ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှစ၍ အမိန့်အမှတ် ၇/၂၀၂၅ အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
စဉ် | အမည် | ရာထူး | အဖွဲ့ |
---|---|---|---|
၁ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် | ဥက္ကဋ္ဌ | တပ်မတော် |
၂ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ဒုတိယဥက္ကဋ္ဌ | |
၃ | ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး | အတွင်းရေးမှူး | |
၄ | ဗိုလ်ချုပ်ကြီးရဲဝင်းဦး | တွဲဖက်အတွင်းရေးမှူး | |
၅ | ဗိုလ်ချုပ်ကြီး မြထွန်းဦး | အဖွဲ့ဝင် | |
၆ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း | ||
၇ | ဗိုလ်ချုပ်ကြီး မောင်မောင်အေး | ||
၈ | ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်[၁၃] | ||
၉ | ဗိုလ်ချုပ်ကြီး ညိုစော | ||
၁၀ | ဦးဝဏ္ဏမောင်လွင် | ပြည်ခိုင်ဖြိုးပါတီ | |
၁၁ | ဒေါ်ဒွဲဘူ | ကချင်ပြည်နယ်ပြည်သူ့ပါတီ (ယခင်) | |
၁၂ | ပိုးရယ်အောင်သိန်း | ||
၁၃ | ဖဒိုမန်းငြိမ်းမောင် | ကရင်ပြည်သူ့ပါတီ | |
၁၄ | ဒေါက်တာမှုထန် | ပြည်ခိုင်ဖြိုးပါတီ | |
၁၅ | ဒေါက်တာ ဘရွှေ | ပြင်ပ | |
၁၆ | ခွန်စံလွင် | ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် |
ယခင်အဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၂၀၂၁ - ဇန်နဝါရီ ၂၀၂၅)
- ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်
- ဦးသိန်းညွန့်
- ဦးခင်မောင်ဆွေ
- ဒေါ်အေးနုစိန်
- Jeng Phang နော်တောင်
- ဦးမောင်းဟာ
- ဦးစိုင်းလုံးဆိုင်
- စောဒန်နီယယ်
- ဒေါက်တာ ဗညားအောင်မိုး
- ပူဂင့်ကျမ်းလျန်
- ဦးမောင်ကို
- ဒေါက်တာ အောင်ကျော်မင်း
- ဒေါက်တာ ကျော်ထွန်း
- ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
- ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်
- ဦးရွှေကြိမ်း
- ဦးရန်ကျော်
စဉ် | အမည် | ကောင်စီဝင်ကာလာ | သက်တမ်း | ရင်းမြစ် | |
---|---|---|---|---|---|
၁။ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် | ၂ ဖေဖော်ဝါရီ ၂၀၂၁ | ၃၁ ဇူလိုင် ၂၀၂၅ | ၄ နှစ်၊ ၁၇၉ ရက် | [၁၀][၁၄] |
၂။ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ||||
၃။ | ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး | ||||
၄။ | ဗိုလ်ချုပ်ကြီးရဲဝင်းဦး | ||||
၅။ | ဗိုလ်ချုပ်ကြီး မြထွန်းဦး | ||||
၆။ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း | ||||
၇။ | ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၁ နှစ်၊ ၃၆၄ ရက် | ||
၈။ | ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း | ၂၅ စက်တင်ဘာ ၂၀၂၃ | ၂ နှစ်၊ ၂၃၅ ရက် | ||
၉။ | ဖဒိုမန်းငြိမ်းမောင် | ၃၁ ဇူလိုင် ၂၀၂၅ | ၄ နှစ်၊ ၁၇၉ ရက် | ||
၁၀။ | ဦးသိန်းညွန့် | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၁ နှစ်၊ ၃၆၄ ရက် | ||
၁၁။ | ဦးခင်မောင်ဆွေ | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၁ နှစ်၊ ၃၆၄ ရက် | ||
၁၂။ | ဒေါ်အေးနုစိန် | ၃ ဖေဖော်ဝါရီ ၂၀၂၁ | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၁ နှစ်၊ ၃၆၃ ရက် | [၁၅] |
၁၃။ | Jeng Phang နော်တောင် | ||||
၁၄။ | ဦးမောင်းဟာ | ||||
၁၅။ | ဦးစိုင်းလုံးဆိုင် | ||||
၁၆။ | စောဒန်နီယယ် | ||||
၁၇။ | ဒေါက်တာ ဗညားအောင်မိုး | ၁၇ မတ် ၂၀၂၁ | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၁ နှစ်၊ ၃၂၁ ရက် | |
၁၈။ | ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် | ၃၀ မတ် ၂၀၂၁ | ၂၅ စက်တင်ဘာ ၂၀၂၃ | ၂ နှစ်၊ ၁၇၉ ရက် | [၁၆] |
၁၉။ | ဦးရွှေကြိမ်း | ၃၁ ဇန်နဝါရီ ၂၀၂၅ | ၃ နှစ်၊ ၃၀၇ ရက် | ||
၂၀။ | ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် | ၈ ဖေဖော်ဝါရီ ၂၀၂၂ | ၃၁ ဇူလိုင် ၂၀၂၅ | ၂ နှစ်၊ ၁၈၀ ရက် | [၁၇] |
၂၁။ | ဦးဝဏ္ဏမောင်လွင် | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၂ နှစ်၊ ၁၈၀ ရက် | [၁၈] |
၂၂။ | ဒေါ်ဒွဲဘူ | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၂ နှစ်၊ ၁၈၀ ရက် | |
၂၃။ | ပိုးရယ်အောင်သိန်း | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၂ နှစ်၊ ၁၈၀ ရက် | |
၂၄။ | ပူးဂင့်ကမ်းလျန် | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၁၇ ဖေဖော်ဝါရီ ၂၀၂၃ | ၁၆ ရက် | |
၂၅။ | ဦးမောင်ကို | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၂ ဩဂုတ် ၂၀၂၃ | ၁၈၂ ရက် | |
၂၆။ | ဒေါက်တာ အောင်ကျော်မင်း | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၂ ဩဂုတ် ၂၀၂၃ | ၁၈၂ ရက် | |
၂၇။ | ဒေါက်တာ ကျော်ထွန်း | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၂ ဩဂုတ် ၂၀၂၃ | ၁၈၂ ရက် | |
၂၈။ | ခွန်စံလွင် | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၂ နှစ်၊ ၁၈၀ ရက် | |
၂၉။ | ဦးရန်ကျော် | ၁ ဖေဖော်ဝါရီ ၂၀၂၃ | ၃၁ ဇန်နဝါရီ ၂၀၂၅ | ၁ နှစ်၊ ၃၆၅ ရက် | |
၃၀။ | ဒေါက်တာမှုထန် | ၁၇ ဖေဖော်ဝါရီ ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၂ နှစ်၊ ၁၆၄ ရက် | |
၃၁။ | ဒေါက်တာဘရွှေ | ၂ ဩဂုတ် ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၁ နှစ်၊ ၃၆၃ ရက် | |
၃၂။ | ဗိုလ်ချုပ်ကြီး မောင်မောင်အေး | ၂၅ စက်တင်ဘာ ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၁ နှစ်၊ ၃၀၉ ရက် | [၁၉] |
၃၃။ | ဒုတိယဗိုလ်ချုပ်ကြီး ညိုစော | ၂၅ စက်တင်ဘာ ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၁ နှစ်၊ ၃၀၉ ရက် |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ်(၇/၂၀၂၃) ဖြင့် ဖွဲ့စည်းခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။[၂၀]
- ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၆/၂၀၂၄ အားဖြင့် ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းအား တာဝန်မှ အနားယူခွင့်ပြုလိုက်သည်။
- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၅/၂၀၂၅ အားဖြင့် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်ကို ဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။
စဉ် | အမည် | ရာထူး | သက်တမ်း |
---|---|---|---|
၁။ | ဦးစောထွန်းအောင်မြင့် | အဖွဲ့ခေါင်းဆောင် | ဖေဖော်ဝါရီ ၁၊ ၂၀၂၃ |
၂။ | ဦးသိန်းညွန့် | အဖွဲ့ဝင် | |
၃။ | ဦးခင်မောင်ဆွေ | ||
၄။ | ဒေါ်အေးနုစိန် | ||
၅။ | ဦးမောင်းဟာ | ||
၆။ | ဦးစိုင်းလုံးဆိုင် | ||
၇။ | စောဒန်နီယယ် | ||
၈။ | ဒေါက်တာ ဗညားအောင်မိုး | ||
၉။ | ဒေါက်တာ မောင်မောင်နိုင် | ||
၁၀။ | ဦးရွှေကြိမ်း | ဇန်နဝါရီ ၃၁၊ ၂၀၂၅ | |
၁၂။ | ဦးရန်ကျော် |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကောင်စီအမိန့်အမှတ် ၇၂/၂၀၂၁ အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
- ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ကောင်စီအမိန့်ကြော်ငြာစာအမှတ် ၂၁၅/၂၀၂၂ အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များဖြစ်သော ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦး၊ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်၊ ဒေါ်ခင်ဦးလှိုင်၊ ဗိုလ်မှူးကြီး ထိန်းလင်း (ငြိမ်း) တို့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ ကို ကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှင်းခဲ့သည်။ [၂၁]
စဉ် | အမည် | ရာထူး | မှတ်ချက် |
---|---|---|---|
၁။ | ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး | အဖွဲ့ခေါင်းဆောင် | |
၂။ | ဒုတိယဗိုလ်ချုပ်ကြီး လူအေး | အဖွဲ့ဝင် | |
၃။ | ဒေါက်တာ ရင်ရင်နွယ် | ||
၄။ | ဒေါ်ယဉ်ယဉ်ဦး | ||
၅။ | ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် | ||
၆။ | ဒေါ်ခင်ဦးလှိုင် | ||
၇။ | ဗိုလ်မှူးကြီး ထိန်လင်း (အငြိမ်းစား) |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့
၂၀၂၁၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကောင်စီအမိန့်အမှတ် ၂၉/၂၀၂၁ အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
စဉ် | အမည် | ရာထူး | တာဝန်ထမ်းဆောင်ခြင်း |
---|---|---|---|
၁။ | ဗိုလ်မှူးချုပ် ဇော်မင်းထွန်း | အဖွဲ့ခေါင်းဆောင် | ၅ ဖေဖော်ဝါရီ ၂၀၂၁ |
၂။ | ဦးသက်ဆွေ | ဒုတိယခေါင်းဆောင် | ၅ ဖေဖော်ဝါရီ ၂၀၂၁ |
၃။ | သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ | အဖွဲ့ဝင် |
တိုင်းဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၆/၂၀၂၁) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို ဖွဲ့စည်းခဲ့သည်။ ဤအမိန့်အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား အပ်နှင်းခဲ့သည်။
(၁) | စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ | ဥက္ကဋ္ဌ |
(၂) | တပ်မတော်အရာရှိကြီး (၁) ဦး | အဖွဲ့ဝင် |
(၃) | ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး | အဖွဲ့ဝင် |
(၄) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဦးစီးမှူး |
အဖွဲ့ဝင် |
(၅) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး | အဖွဲ့ဝင် |
(၆) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး | အတွင်းရေးမှူး |
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၈/၂၀၂၁) ဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။
(၁) | ခရိုင်အုပ်ချုပ်ရေးမှူး | ဥက္ကဋ္ဌ |
(၂) | တပ်မတော်အရာရှိ (၁) ဦး | အဖွဲ့ဝင် |
(၃) | ဒေသကိုယ်စားပြုသူ (၁) ဦး | အဖွဲ့ဝင် |
(၄) | သက်ဆိုင်ရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး |
အဖွဲ့ဝင် |
(၅) | သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့မှူး | အတွင်းရေးမှူး |
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၉/၂၀၂၁) ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။
(၁) | မြို့နယ်အုပ်ချုပ်ရေးမှူး | ဥက္ကဋ္ဌ |
(၂) | တပ်မတော်အရာရှိ(၁) | အဖွဲ့ဝင် |
(၃) | ဒေသကိုယ်စားပြုသူ(၁)ဦး | အဖွဲ့ဝင် |
(၄) | သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး |
အဖွဲ့ဝင် |
(၅) | သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူး | အတွင်းရေးမှူး |
ပြင်ဆင်ဖွဲ့စည်းခြင်း
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အိမ်စောင့်အစိုးကို ပြင်ဆင်ဖွဲ့စည်းလိုက်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုကို "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့" များအဖြစ် အမိန်အမှတ် ၁၅၃/၂၀၂၁ အားဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
- ဝန်ကြီးချုပ်
- ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊
- ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဌာန၊
- ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးဌာန၊
- ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးဌာ၊
- ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊
- ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊
- ဥပဒေချုပ်
- ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးဌာန (ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများတွင် ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ပြီး၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) များသည် စည်ပင်သာယာရေးဝန်ကြီးများ အဖြစ်သတ်မှတ်လိုက်သည်။
- တိုင်းသဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးသည် တိုင်းသဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်အမှတ် (၁၇/၂၀၂၁) ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များများကို ဖွဲ့စည်းခဲ့သည်။ ဤအမိန့်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းလိုက်သည်။
(၁) | စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ | ဥက္ကဋ္ဌ |
(၂) | တပ်မတော်အရာရှိကြီး (၁) ဦး | အဖွဲ့ဝင် |
(၃) | ဒေသကိုယ်စားပြုသူ (၁) ဦး | အဖွဲ့ဝင် |
(၄) | သက်ဆိုင်ရာခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး | အဖွဲ့ဝင် |
(၅) | သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့မှူး | အဖွဲ့ဝင် |
(၆) | သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူး | အတွင်းရေးမှူး |
ပါတီများ၏ လက်ခံခြင်းနှင့် ငြင်းဆန်ခြင်း
အသစ်ဖွဲ့စည်းလိုက်သော ဤကောင်စီသည် နိုင်ငံရေးပါတီများကို ကောင်စီ၌ ပါဝင်ရန် တောင်းဆိုမှုများပြုခဲ့သည်။ ပါဝင်လက်ခံသော ပါတီများရှိသကဲ့သို့ လက်မခံဘဲငြင်းဆန်သော ပါတီများလည်းရှိခဲ့ကြသည်။[၂၂] ကမ်းလှမ်းမှုကိုလက်ခံ၍ ကောင်စီတွင်ပါဝင်သောပါတီများမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။[၂၃] အချို့သောပါတီများမှ ပါတီခေါင်းဆောင်များသည် ကောင်စီထိပ်ပိုင်းတွင်တိုက်ရိုက်မပါဝင်သော်လည်း ကောင်စီမှခန့်အပ်သော တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးရာထူးများ၊ ဝန်ကြီးဌာနများမှ ထိပ်ပိုင်းရာထူးများကို လက်ခံခဲ့ကြသည်။
အရှိုချင်းအမျိုးသားပါတီကို ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းခဲ့ရာ ပါတီမှ ငြင်းဆန်ခဲ့သည်။[၂၄] ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ကလည်း ပါဝင်ရန် ကောင်စီ၏ ကမ်းလှမ်းမှုအပေါ် ပယ်ချခဲ့သည်။[၂၂]
အစိုးရရာထူး အစားထိုးခြင်းများ
တရားရုံးချုပ်၊ ပြည်ထောင်စုဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ စသည်တို့အပါအဝင် အစိုးရအဖွဲ့အစည်းများစွာမှ အရပ်သားဝန်ထမ်းများစွာကို တာဝန်မှရပ်စဲခဲ့သည်။[၂၅][၂၆][၂၇] ထို့နောက် ဝန်ကြီးများ[၂၈][၂၉][၃၀]၊ မြို့တော်ဝန်[၃၁]၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထိပ်ပိုင်းရာထူးများ[၃၂][၃၃]၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့,[၃၄]၊ တရားသူကြီးများ[၃၅][၃၆] နှင့် တရားရုံးချုပ်တရားသူကြီးများ [၃၇][၃၈] ကို အစားထိုးခန့်အပ်ခဲ့သည်။ အခြေခံဥပဒေခုံရုံးကို ဖေဖော်ဝါရီ ၈ ရက်တွင်အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။[၃၉]
နစကသည် ဖေဖော်ဝါရီ ၁၁ ၌ တိုင်းနှင့်ပြည်နယ်အုပ်ချုပ်ရေးကောင်စီနှင့် ဥက္ကဋ္ဌရာထူးများကို လည်းကောင်း[၄၀][၄၁]၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် စစ်တပ်အရာရှိများကို လည်းကောင်း ခန့်အပ်မှုများပြုခဲ့သည်။[၄၂]
ဆောင်ရွက်ချက်နှင့် ကန့်ကွက်ခြင်းများ
ဖေဖော်ဝါရီ ၉ တွင် စာမျက်နှာ ၃၆/၃၇ အရေအတွက်ရှိသော ဆိုက်ဘာဥပဒေမူကြမ်းကို မြန်မာနိုင်ငံ ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုပေးသူများထံသို့ ပေးပို့၍ အကြံဉာဏ်တောင်းခံခဲ့သည်။[၄၃] ယင်းမူကြမ်း၌ အင်တာနက်ဝန်ဆောင်မှုပေးသူများက "အမုန်းတရားကိုဖြစ်စေသော၊စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော စကား/စာသား/ရုပ်ပုံ/ဗီဒိယိုနှင့် အသံဖိုင်/သင်္ကေတ စသည်တို့ကို တားဆီးဖယ်ရှားဖျက်သိမ်းခြင်း"အတွက် တာဝန်ခံရန်နှင့် အစိုးရ၏ညွှန်ကြားထညးသောနေရာများ၌ အသုံးပြုသူ၏ အချက်အလက်ကို အနည်းဆုံးသုံးနှစ် ထိမ်းသိမ်းထားရန်လည်းပါဝင်သည်။[၄၄][၄၃] အရပ်ဘက်အဖွဲ့အစည်း (၁၅၀) ကျော်က ထိုဥပဒေမူကြမ်းသည် အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်၊ သတင်းအချက်လက်ကာကွယ်နိုင်မှုနှင့် လွတ်လပ်ခွင့်၊ အခြားဒီမိုကရေစီစံနှုန်းများကို ချိုးဖော်သည်၊ အစိုးရကို ဆန့်ကျင်သောအကြောင်းအရာများကို တားမြစ်ခွင့်၊ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ကန့်သတ်ခြင်း၊ သတင်းအချက်လက်များကို ကြားဖြတ်ယူရန် အခွင့်အရေးများကို အစိုးရကို ပေးအပ်ထားသည်ဟု အသီးသီး ကြေညာခဲ့ကြသည်။[၄၃]
ဖေဖော်ဝါရီ ၁၀ ၌ ကောင်စီ၏စေခိုင်းချက်အရ အရပ်သားနိုင်ငံရေးသမားများနှင့် ရွေးကောက်ပွဲကော်မရှင်အရာရှိများကို ညပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခြင်းများပြုခဲ့သည်။ ရည်ရွယ်ချက်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသက်မဲ့စေရန်ဆောင်ရွက်ခြင်းဖြစ်၏ ။[၄၅] ထိပ်ပိုင်းဖမ်းဆီးထိမ်းသိမ်းခံရသူများ၌ တနင်္သာရီ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ရခိုင် ဝန်ကြီးချုပ်များပါဝင်သွားခဲ့သည်။ ထို့အပြင် ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အရရှိများစွာလည်းပါဝင်ခဲ့သည်။[၄၅]
ကောင်စီက အကျဉ်းသားပေါင်း ၂၃,၃၁၄ ဦးကို ဖေဖော်ဝါရီ ၁၁ တွင် လွှတ်ပေးခဲ့ရာ[၄၆] အန်အယ်လ်ဒီပါတီ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံရာ၌ အားပေးအားမြှောက်ပြုသောသူများလည်းပါဝင်သည်။[၄၇] နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအဖွဲ့ (AAPP) က ယခုထောင်ခါမှုသည် နိုင်ငံရေးသမားများကို ဖမ်းဆီးရန် နေရာလွတ်ထားခြင်းဖြစ်သည်ဟု ၎င်းတို့၏စိုးရိမ်သောကကို ဖော်ပြခဲ့သည်။[၄၈] ထို့နောက် နိုင်ငံနှင့်အဝှမ်း ညပိုင်း လုံခြုံရေးစိုးရိမ်ရခြင်းနှင့် မီးကွင်းပစ်ခြင်း စသည့်ကိစ္စရပ်များသည် ဤအကျဉ်းသားများလွှတ်ပေးလိုက်ခြင်းနှင့် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပွားခဲ့သည်။[၄၉]
ဖေဖော်ဝါရီ ၁၄ တွင် နစကသည် လက်ရှိကျင့်သုံးနေသော ဥပဒေအချို့ကို ပြင်ဆင်ခဲ့ရာ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ယာယီကန့်သတ်သော ဖမ်းဝရန်းမပါရှိဘဲ ရှာဖွေ၊ ဖမ်းဆီးနိုင်ခွင့်များကို တရားဝင်ဖြစ်စေခဲ့သည်။[၄၉] ယခင်အစိုးရလက်ထက်က ဖျက်ပစ်ခဲ့သည့် ဧည့်စာရင်းဥပဒေကိုလည်း ပြန်လည်အသက်သွင်းခဲ့သည်။[၄၉]
သတင်းမီဒီယာများက "အာဏာသိမ်းစစ်ကောင်စီ" (သို့) "အာဏာသိမ်းစစ်အစိုးရ" ဟုသုံးနှုန်းရေးသားကြသည်။ ထိုအမည်နှင့်ပတ်သက်၍ အာဏာသိမ်းစစ်အစိုးရဟု မသုံးနှုန်းကြရန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို စာရေးအကြောင်းကြားခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၂ တွင် ကျင်းပသောအစည်းအဝေး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ခေါ်ဝေါ်ရေးသားလျှင် အရေးယူမည်ဟူ၍ ထပ်မံပြောကြားခဲ့လေသည်။[၅၀][၅၁]
ပြည်တွင်း အမြင်သဘောထားများနှင့် တုံ့ပြန်မှုများ
အရပ်ဘက်အဖွဲ့ဝင်များမှာ အရေအတွက်အနေဖြင့် ရှစ်ဦးရှိရာ နှစ်ဦးမှာ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့ဖြစ်၍ ထိုနှစ်ဦးသည် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းများဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကို တည်ထောင်ခဲ့ကြသောသူများလည်း ဖြစ်ကြသည်။ ဦးခင်မောင်ဆွေသည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ကာ ဦးသိန်းညွန့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီတွင်း ငွေရေးကြေးရေးပြဿနာအချို့ကြောင့် ပါတီမှနုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ခဲ့ကာ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီပါတီ ကိုထူထောင်ခဲ့၍ ၎င်းပါတီသည် ကြံခိုင်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ပြုထားသည်။[၅၂] ထိုနှစ်ဦး၏ပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၌ တပ်မတော်နှင့် တွေ့ဆုံလေ့ရှိသောပါတီများဖြစ်ကြသည်။[၅၃]
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်လာသော ပဒိုမန်းငြိမ်းမောင်နှင့်ပတ်သက်၍ ကေအန်ယူအဖွဲ့က ကြေညာချက်တစ်ခုထုတ်ပြန်ရာတွင် ၎င်းသည် ကေအန်ယူအဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း အများအမြင်ရှင်းစေရန်ဟူသောရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့သည်။[၂၄][၅၄]
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးစောဒန်နီရယ်သည်လည်း ၎င်း၏ဆန္ဒအလျှောက် နိုင်ငံတော်ကောင်စီတွင်ပါဝင်ခဲ့သောကြောင့် မိခင်ပါတီက ၎င်းကိုထုတ်ပယ်ကြောင်း သတင်းကြေညာချက်တစ်ခုကို ဖေဖော်ဝါရီ ၄ တွင် ပြုလုပ်ခဲ့သည်။[၅၅]
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံရခြင်း
၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် တရားဝင်ရွေးကောက်ခံ အမတ်များဖြင့် ဖွဲ့စည်းထားသည့် တရားဝင်ကော်မတီဖြစ်သည့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား "အကြမ်းဖက်အုပ်စု" အဖြစ် ကြေညာခဲ့သည်။[၅၆] ထိုသို့ အကြမ်းဖက်အဖွဲ့ဟူ၍ ကြေညာခြင်းခံရသကဲ့သို့ မီဒီယာများ၊ လူမှုကွန်ယက်များနှင့် အများပြည်သူအများကြားတွင်လည်း အကြမ်းဖက် စစ်ကောင်စီ ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲကြ၏ ။[၅၇]
နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့ခံရခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် နိုင်ငံတကာအစိုးရအဖွဲ့များစွာက စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများစွာကို ချမှတ်ခဲ့သည်။ ဤပိတ်ဆို့မှုများသည် အဓိကအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခေါင်းဆောင်များ၊ တပ်မတော်နှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့၏ ငွေကြေးအရင်းအမြစ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သူများကို ပစ်မှတ်ထားသည်။
စဉ် | နိုင်ငံတကာအဖွဲ့အစည်းများ | အစီအစဉ် | ဒဏ်ခတ်သည့် ရက်စွဲ | ရင်းမြစ် |
---|---|---|---|---|
၁။ | ![]() |
BURMA-EO14014 | ၁၇ မေ ၂၀၂၁ | [၅၈] |
၂။ | ![]() |
Sanctions and Anti-Money Laundering Act 2018 | ၂၁ ဇွန် ၂၀၂၁ | [၅၉] |
၃။ | ![]() |
EU Restrictive Measures In View Of The Situation In Myanmar And Burma | ၈ နိုဝင်ဘာ ၂၀၂၂ | [၆၀] |
၄။ | ![]() |
|||
၅။ | ![]() |
|||
၆။ | ![]() |
|||
၇။ | ![]() |
Measures Against Myanmar | ၂၂ နိုဝင်ဘာ ၂၀၂၂ | [၆၁] |
၈။ | ![]() |
Special Economic Measures Act | ၂၇ အောက်တိုဘာ ၂၀၂၃ | [၆၂] |
မှတ်စု
အခြားဖတ်ရှုရန်
ကိုးကား
- ↑ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုများ အပစ်ရပ်အဖွဲ့တွေ ရပ်ဆိုင်း
- ↑ အာဏာသိမ်း စစ်ကောင်စီက လူ ၅၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ထား
- ↑ အာဏာသိမ်းစစ်အစိုးရလို့သုံးရင် မီဒီယာ ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီပြော
- ↑ အာဏာသိမ်းစစ်ကောင်စီတွင် ပါသည့် အရပ်သားများ အမြန်နုတ်ထွက်ရန် ၈၈ ငြိမ်း/ပွင့် သတိပေး
- ↑ အာဏာသိမ်းစစ်ကောင်စီကိုအလိုမရှိကြောင်း လားရှိုးမှာ လူအင်အားသောင်းချီ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ
- ↑ "စစ်ကောင်စီကိုဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်း"၊ DVB Burmese၊ ၃၁ ဇူလိုင် ၂၀၂၅။
- 1 2 "Myanmar military announces new State Administrative Council" (in English)၊ Myanmar Times၊ 2 February 2021။ 8 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 3 February 2021။
- ↑ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁)။ Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာအာဏာသိမ်း- နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း - ဘီဘီစီ မြန်မာ | အထူးသတင်း | နောက်ဆုံးရ သတင်း | နောက်ဆုံးရခေါင်းစဉ် သတင်း |မြန်မာသတင်း။ BBC News မြန်မာ။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- 1 2 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (2 February 2021)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 February 2021 တွင် ပြန်စစ်ပြီး။
- ↑ "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ငါးဦးကို တိုးချဲ့ခန့်အပ်၊ ပြည်ထောင်စုဝန်ကြီးသုံးဦး ထပ်မံတာဝန်ပေး"၊ 7 Days News၊ ၄ ဖေဖော်ဝါရီ ၂၀၂၁။ 8 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 February 2021။
- ↑ "Myanmar forms caretaker government: State Administration Council"။ 1 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 19 February 2023။
- ↑ မြန်မာ့အလင်းသတင်းစာ (၉.၂.၂၀၂၂)။
- ↑ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁)။ MOI။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၄ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။ Myawaddy။ 19 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၁၀၆ / ၂၀၂၁။ CINCDS။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးခန့်အပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထုတ်ပြန်။ Eleven Media။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်။ Eleven Media။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၅ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း။ CINCDS။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့အားဖွဲ့စည်း"၊ Popular Journal၊ 2023-2-1။ 2025-5-31 တွင် ပြန်စစ်ပြီး။ Archived from the original on 2025-5-31။
- ↑ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၄၉) ပြန်တမ်းစာစောင်
- 1 2 "SNLD, DPNS reject offer to participate in new government"၊ Elevenmyanmar news၊ 6 February 2021။
- ↑ "အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ"၊ RFA၊ ၆ ဖေဖော်ဝါရီ ၂၀၂၁။
- 1 2 "အာဏာသိမ်း အစိုးရ၏ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည့် အရှိုချင်းအမျိုးသားပါတီ"၊ ဧရာဝတီသတင်းဌာန၊ ၅ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ Duty Termination From Justices Of Supreme Court Of The Union (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Duty Termination From Deputy Ministers (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Republic Of The Union Of Myanmar Office Of Commander-in-Chief Of Defence Services (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Union Minister (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment Of Union Minister (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Union Minister (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Mayor (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Deputy Governors Of Central Bank Of Myanmar (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment Of Central Bank Of Myanmar Members (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Union Civil Service Board Members (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Chief Justices Of Region High Courts (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Judges Of Region/State High Court (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Supreme Court Justices (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Justices For Supreme Court Of The Union (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Assignment Of Chairman And Members Of Constitutional Tribunal Of The Union (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Region Administration Council Chairmen (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment And Duty Assignment Of Region/State Administration Council Members (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Appointment Of The Self-administered Division/zones Administration Committee Members (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- 1 2 3 "Myanmar junta cyber bill would violate rights, critics say"၊ Reuters။
- ↑ Reed၊ John (2021-02-10)။ Myanmar junta pushes punitive cyber security bill။ 2021-02-16 တွင် ပြန်စစ်ပြီး။
- 1 2 Military casts a wide net with a series of late-night raids (in en)။ 2021-02-16 တွင် ပြန်စစ်ပြီး။
- ↑ Remitting Prison Sentences (in en-US)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ MYANMAR PROTESTS LIVE: Hundreds of thousands continue to defy ban on gatherings, threats of 'action' (in en-US) (2021-02-08)။ 2021-02-12 တွင် ပြန်စစ်ပြီး။
- ↑ Carly Walsh and Brett McKeehan။ Myanmar military releases more than 23,000 prisoners။ 2021-02-13 တွင် ပြန်စစ်ပြီး။
- 1 2 3 Myanmar enacts new privacy laws as public unrest escalates (2021-02-14)။ 15 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-16 တွင် ပြန်စစ်ပြီး။
- ↑ အာဏာသိမ်းစစ်အစိုးရလို့ ဆက်သုံးရင် ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်
- ↑ အာဏာသိမ်းအစိုးရ ဟု သုံးနှုန်းရေးသားခြင်းမပြုရန် သတင်းမီဒီယာများကို သတိပေး
- ↑ "မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး"၊ RFA၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း"၊ VOA news၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ "ပဒိုမန်းငြိမ်းမောင်နှင့် ပတ်သက်မှုမရှိတော့ဟု KNU ထုတ်ပြန်"၊ 7 Days News။ 1 April 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 February 2021။
- ↑ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ရွေးချယ်ခံရသော ပါတီဒုတိယဥက္ကဋ္ဌ (၁) ကို KySDP ပါတီဝင်အဖြစ်မှထုတ်ပယ်"၊ Myanmar Times၊ ၆ ဖေဖော်ဝါရီ ၂၀၂၁။ 8 February 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 19 February 2021။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 9 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2021 တွင် ပြန်စစ်ပြီး။
- ↑ အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ
အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က လေယာဉ်ဖြင့် ( ၇) ရွာကို ဗုံးကြဲ၊ ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးနေရ 21 April 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
KIA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေ
ကိုဝေမိုးနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် သို့ ဖမ်းဆီးခေါ်ဆောင်။ "...ကျနော်တို့ ပြည်သူတွေထဲမှာ နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး ရှိနေတယ်ဆိုတာ အကြမ်းဖက် စစ်ကောင်စီကို အသိပေးလိုပါတယ်။..."
လားရှိုးမြို့နယ်အတွင်း KIA နှင့် အကြမ်းဖက် စစ်ကောင်စီ တိုက်ပွဲဖြစ်
စစ်ကောင်စီတပ်က သွားဆရာဝန်ကို အခမဲ့ဆေးကုမှုဖြင့် ဒဏ်ရိုက်။ "...အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့်က လက်နက်အပြည့်အစုံကိုင်ဆောင်၍ ရှာဖွေခြင်းဖြစ်ပြီး..."
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်များနှင့် အကြိမ်၂၀၀ကျော် တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU ထုတ်ပြန်။ "...စစ်တပ်မှ အာဏာသိမ်းပြီးသည့် အချိန် နောက်ပိုင်း ကော်သူးလေနယ်မြေအတွင်း ၌ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု ၏ တပ်များ ပိုမို လှုပ်ရှားသွားလာကြပြီး..." 17 April 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . - ↑ Treasury Sanctions Governing Body, Officials, and Family Members Connected to Burma’s Military။ U.S. Department of the Treasury။ 2025-6-5 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-5 တွင် ပြန်စစ်ပြီး။
- ↑ UK Sanctions List: State Administration Council။ GOV.UK။ 2025-6-5 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-5 တွင် ပြန်စစ်ပြီး။
- ↑ Council Implementing Regulation (EU) 2022/2177 of 8 November 2022 implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/Burma။ EUR-Lex (8.11.2022)။ 2025-6-5 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-5 တွင် ပြန်စစ်ပြီး။
- ↑ Massnahmen gegenüber Myanmar (Burma)။ State Secretariat for Economic Affairs။ 2025-7-2 တွင် ပြန်စစ်ပြီး။
- ↑ Special Economic Measures (Myanmar) Regulations။ Justice Laws Website။ 2025-7-2 တွင် ပြန်စစ်ပြီး။